Powered by Blogger.
 
 
5.6.13

Sony Xperia Z 4.1.2 ကို လွယ်လွယ် Root မယ်




မင်္ဂလာပါ ခင်ဗျာ ခုဖော်ပြပေးမဲ့နည်းလမ်းလေးက ခုနောက်ပိုင်းမှာ ထွက်ရှိလာတဲ့ ရေစိမ်ခံတယ်လို့ပြောတဲ့ Sony Xperia Z Jelly ကို Root ပြုလုပ်လို့ရမဲ့နည်းလမ်းလေးပါ။ အရင်တုန်းကလည်း ကျွန်တော်တင်ပေးဘူးပါတယ် ။ ဒီနည်းလမ်းလေးက အလွယ်ကူဆုံးနည်းလမ်းလေးပါ။  အဲဒါကြောင့်မို့ ပြန်ပြီး ထပ်တင်ပေးလိုက်တာပါ။ ကျွန်တော် ကိုယ်တိုင်စမ်းသပ်ပြီးသွားလို့ ပြန်လည်မျှဝေပေးတာဖြစ်ပါတယ်ခင်ဗျာ စိတ်ချလက်ချ လုပ်ဆောင်နိုင်ပါတယ်။ Model C6602 Android Version က 4.1.2 Build number က 10.1.A.350 ကိုစမ်းထားတာပါ လုံးဝ အမှားမရှိအောင်မြင်ပါတယ်။ ဘာမှ မပြောခင်မှာတော့ လိုအပ်တာလေးတွေ အရင်ဒေါင်းထားကြမယ်လေ.......


Driver

>> Download <<

Xperia Root

>> Download <<

အရင်ဆုံး ဖုန်းကို Unknow source နဲ့ usb debug On ပြီး ကွန်ပျူတာနဲ့ ချိတ်ပြီး Driver install လုပ်လိုက်ပါ။  မည်သည့် ဖုန်းအမျိုးစားသွင်းမလဲ ဆိုပြီး ရွေးခိုင်းတဲ့နေရာရောက်ရင် အားလုံးကို အမှတ်ပေးပြီး install လုပ်လိုက်ပါ။ driver အားလုံး သွင်းပြီးသွားရင်တော့ လုပ်ငန်းစလို့ရပါပြီ။ ဖုန်းကို ကွန်ပျူတာကနေဖြုတ်လိုက်ပါ။ နောက်တဆင့် ဆက်ကြမယ်လေ။ အဲဒီမှာ ကြိုးမဖြုတ်ပဲ root ဖိုင်ထဲက  bat ဖိုင်လေးကို run ရင် 3 enter နှိပ်သော်လည်း ဆက်မတတ်ပဲရပ်နေတတ်ပါတယ်။ အဲဒါကြောင့် ကြိုးဖြုတ်ခိုင်းတာပါ။ ကြိုးဖြုတ်ပြီး setting ထဲက Xperia ထဲကို ၀င်ပြီး Connection type ထဲက msc ကိုပြောင်းပါ display ထဲက screen timeout ကိုလည်း ၁၀ မိနစ်လောက်ပြောင်းထားလိုက်ပါ။ပြီးရင်တော့ ကွန်ပျူတာနဲ့ပြန်ချိတ်ပါ။   Root ဖိုဒါထဲက RunMe.bat ဖိုင်လေးကို Run ပေးလိုက်ပါ။  Z jelly အတွက်ဆိုရင်တော့ 3 enter သာနှိပ်ပေးလိုက်ပါ။ ပြီးရင် ဖုန်းကိုကြည့်နေလိုက်ပါ restore my data တတ်လာရင် နှိပ်ပေးလိုက်ပါ။


နောက်တစ်ဆင့်အနေနဲ့ process တွေ ဆက်လုပ်ပြီးတော့ ရပ်နေပါလိမ့်မယ် ဖုန်းက ဖုန်းခေါ်တဲ့နေရာလေးမှာ *#*#7378423#*#* ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ ။ ပေါ်လာတဲ့အထဲက Service Test ထဲက Display ကိုထပ်ရွေးပေးလိုက်ပါ။ သူ့အလုပ်သူလုပ်သွားပါလိမ့်မယ်။ နောက်ဆုံးပြီးသွားလို့ ဖုန်းက reboot ကျပြီးပြန်တတ်လာပြီးဆိုရင်တော့ Press anykey to contiunue ဆိုတာလေးပေါ်လာရင်တော့ enter သာနှိပ်ပေးလိုက်ပါ bat ဖိုင်လေး က သူ့အလိုလိုပိတ်သွားပါလိမ့်မယ်။ အဲဒီမှာ root လုပ်တာအောင်မြင်သွားပါပြီ။ ဖုန်းထဲက app ထဲဝင်ကြည့်လိုက်ပါ ။ super user လေးရောက်နေတာ တွေ့ရပါလိမ့်မယ်။ အားလုံး ပြီးသွားပြီးဆိုရင်တော့ setting ထဲက xperia ထဲက connection type ထဲက msc ကို mpt ပြန်ပေးလိုက်အုံးနော် မေ့နေမှာဆိုးလို့ သတိပေးတာပါ။ သူငယ်ချင်းအားလုံး အဆင်ပြေပါစေခင်ဗျာ။ လာရောက် အားပေးတဲ့ သူငယ်ချင်းအားလုံးကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်။




0 comment:

Post a Comment

နည်းပညာ၊ Software နှင့် နည်းပညာ စာအုပ်များ မျှဝေရာ....
www.pyayblogger.com
မှကြိုဆိုပါတယ်....

Updates Via E-Mail

Popular Posts

Labels