Powered by Blogger.
 
 
11.6.13

HTC ONE X ကို Root လုပ်ကြမယ်



မင်္ဂလာပါ ခင်ဗျာ ဒီပို့လေးရေးဖြစ်သွားတာကတော့ ဆိုက်ထဲမှာ အကိုတစ်ယောက်မေးထားတာတွေ့လို့ရေးဖြစ်သွားတာပါ သူ့ကိုလည်း ရေးပေးပါ့မယ်လို့ ကတိပေးပြီးသားဖြစ်သွားလို့ပါ ကျွန်တော်က သိပ်မရေးချင်ရှာဘူးနော် :D
အရင်ဆုံး Root မလုပ်ခင် Bootloader unlock လုပ်ဖို့ လိုအပ်ပါတယ်။ unlock မလုပ်ပဲနဲ့လည်း အရင်ဆုံး လုပ်ကြည့်ချင်တယ်ဆို လုပ်ကြည့်ပါ။
Unlock မလုပ်ခင်နဲ့ လုပ်ပြီးသွားရင်လည်း  ဒီ bat ဖိုင်လေးကိုအသုံးပြုနိုင်ပါတယ်။ ကွန်ပျူတာနဲ့ချိတ်ရင် Driver သိရန်အတွက် Driver ဒေါင်းရန် ဒေါင်းပြီးသွားရန်တော့ install လုပ်ပေါ့နော် ပြီးသွားရင် usb debug နဲ့ unknow source ကို အမှန်ခြစ်ပြီး ကွန်ပျူတာနဲ့ချိတ်ပါ။ notification bar ကိုဆွဲပြီး usb connection type ထဲက  charg only ထားပေးပါ။ ပြီးရင်းကိုတော့ root ဖိုင်ကို zip ဖြည်ပြီး အထဲမှာပါတဲ့ bat ကို run ပေးပါ။ ဖုန်း reboot အကြိမ်ကြိမ်ကျပြီး ပြန်တတ်လာရင် ရပါပြီ။

onexroot  ဒေါင်းရန်

 မရမှ unlock လုပ်ပေါ့ခင်ဗျာ။ Unlock လုပ်ဖို့ အတွက်ဆိုရင်တော့
www.htcdev.com မှာ အကောင့်သွားလုပ်ရမှာဖြစ်တဲ့ အတွက် အရင်ဆုံးအကောင့် သွားလုပ်ပေးပါ။ အကောင့်ရသွားရင်တော့ setting-developer option-USB debugging ကို အမှန်ခြစ်လုပ်ထားပါ။ နောက်တစ်ခုက Security ->unknown source ကို အမှန်ခြစ် ပါ။ ပြီးမှ unlock လုပ်ပါ့မယ် အားလည်းသွင်းထားအုံးနဲ့ ဘက်ထရီမရှိပဲ လုပ်နေမှာဆိုးလို့ one x မှာ နောက်အဖုန်းက ခွါလို့ မရပါဘူး fastboot  mode ၀င်ဖို့အတွက်ဆိုရင် Vol down + Power တွဲနှိပ်လည်း မတတ်ဘူးထင်လို့ပါ။ ဒီအဆင့်ကိုပြောပြမှာပါ။လုပ်နည်းကို Bootloader Unlock ဆိုက်မှာသွားကြည့်နိုင်ပါတယ်။    နည်းနည်းရှုပ်နေတယ်ဆိုရင်တော့ အောက်မှာ ဖော်ပြပေးမဲ့နည်းလေးနဲ့လည်း ပြုလုပ်နိုင်ပါတယ်။ ဒီနည်းလေးကတော့ Tool kit လေးသုံးပြီးလုပ်တဲ့နည်းလေးပါ။  All in One Tool kit ကိုဒေါင်းပါ။ဒေါင်းပြီးသွားရန်ဆက်ကြမယ်နော်.......antivirus software ရှိရင်ပိတ်ထားပါ။

အပေါ်က ကျွန်တော်ပြောတဲ့အမှတ်တွေကို ခြစ်ထားပြီး ကွန်ပျူတာနဲ့ချိတ်ပါ။

one x all in one kit ကို run လုပ်ပါ။ driver သွင်းမထားရသေးဘူးဆိုရင်တော့ kit ထဲက driver ကို selet လုပ်ပြီး go ကိုနှိပ်လိုက်ပါ။
www.htcdev.com မှာ အကောင့်လုပ်ပြီးသားဆိုရင်တော့ kit ထဲက Get Token Id ကို selet လုပ်ပြီး ထပ် go ပါ။ ကျလာသော token တွေကို copy ကူးလိုက်ပါ။ ကူးရမှာက start ကနေ end ထိကူးပါ။ ပုံလေးကို ကြည့်လိုက်ပါ။


 htcdev.com ဆိုက်ထဲမှာ အကောင့်ကို log in ၀င်ပြီး  unlock bootloader  ကိုနှိပ်ပြီး အပေါ်က Get started ကိုနှိပ်ပါ။ supported devices မှာ All Other Supported Models ကိုရွေးပေးပါ။ ပြီးရင် အစိမ်းရောင်ပေါ်မှာ ရေးထားသော Begin Unlock Bootloader ကိုနှိပ်ပေးပါ။
 Are you sure you wish to continue? လို့မေးရင် Yes ကိုနှိပ်ပါ။ 
Legel Terms ဆိုတဲ့ခေါင်းစဉ်အောက်မှာ အမှတ်လေးနှစ်ခုခြစ်ပေးလိုက်ပါ။ ပြီးရင်အောက်က proceed to unlock instructions ဆိုတာလေးကိုလည်းနှိပ်လိုက်ပါ။


ပြီးရင် အောက်ဆုံးက အစိမ်းရောင်ပေါ်မှာ Proceed to step 5 ဆိုတာလေးကိုနှိပ်ပါ။


ပြီးရင် အောက်ဆုံးက အစိမ်းရောင်ပေါ်မှာ Proceed to step 8 ဆိုတာလေးကိုနှိပ်ပါ။


အဲဒီအဆင့်မှာ အစောပိုင်းတုန်းက ကူးခဲ့တဲ့ token id ကို My Device Identifier Token အောက်က box ထဲကို paste လုပ်လိုက်ပါ။ ပြီးရင်အောက်ဆုံးက Submit ကိုနှိပ်ပါ။

မိမိရဲ့ mail ထဲမှာ unlock_code.bin  ဖိုင်လေးကို htcdev.com က ပို့ပေးပါလိမ့်မယ်အဲဒီ unlock_code.bin  ဖိုင်လေးကို ဒေါင်းပါ ပြီးရင်  fastboot folder ထဲကို ကူးထဲ့ပါ။ ပြီးရင် အဲဒီ ဖိုဒါကို C အောက်ထဲမှာ သွားထားလိုက်ပါ။ C အောက်ထဲက fastboot ဖိုဒါကိုဖွင့်ပါ။ လွတ်နေတဲ့နေရာမှာ Shift ကိုဖိပြီး Right click နှိပ်ပါ ။ အဲဒီထဲကမှ open command window here ကို နှိပ်ပါ။




 Fastboot ကို ဒေါင်းပါ့မယ် အထဲမှာ CWM နှစ်မျိုးကိုတစ်ခါတည်းထည့်ပေးထားပါတယ် ဒေါင်းဖို့ထပ်ရှာနေရမှာဆိုးလို့ပါ အဆင်ပြေတယ်နော် ကိုယ်တို့ဆိုက်က


 အနက်ရောင်နောက်ခံပေါ်ကစာသားရဲ့နောက်ဆုံးမှာ fastboot flash unlocktoken Unlock_code.bin ဆိုတာရိုက်ပြီး enter နှိပ်လိုက်ပါ။ ဖုန်းက bootloader unlock လုပ်ဖို့ yes နဲ့ no မေးပါလိမ့်မယ် လုပ်မှာဖြစ်တဲ့အတွက်ကြောင့် vol up ကိုတစ်ချက်နှိပ်ပြီး Power နှိပ်ပေးလိုက်ပါ။ ဖုန်းက reboot ကျသွားပါလိမ့်မယ် ဖုန်းပြန်တတ်တာနဲနဲကြာပါလိမ့်မယ် htc ဆီကဖုန်းကိုလုပ်ချင်တာလုပ်ခွင့်ပေးလိုက်ပြီးဖြစ်လို့ နဂို က သူတို့တာဝန်ယူမှုတွေ ဆုံးပါပြီ ။ unlock လုပ်တဲ့အဆင့်က အဲဒီမှာ ပြီးသွားပြီဖြစ်လို့ ပထမတင်ပေးထားတဲ့ bat ဖိုင်နဲ့ root ကြည့်နိုင်ပါတယ်။ root ကြည့်လို့မရဘူးဆိုရင်တော့ cwm သွင်းပြီး root တဲ့နည်းလမ်းလေးကို သုံးပါ့မယ်ခင်ဗျာ။ ဒီနည်းကတော့ သေချာပေါက်ကိုရမှာပါ။

CWM သွင်းဖို့အတွက် usb debug နဲ့ unknow ကိုပြန် On ပေးအုံးနော်။ ကွန်ပျူတာနဲ့ချိတ်ထားပါ။ kit ထဲက  Next. flash a recovery. ဆိုတဲ့အထဲက CWM.5.8.2.7 Touch ဆိုတာကို Selet လုပ်ပြီး Flash Recovery ဆိုနှိပ်လိုက်ပါ။ သူ့အလုပ်သူလုပ်သွားပါလိမ့်မယ် recovery တော့သွင်းပြီးသွားပြီဖြစ်လို့နောက်တစ်ဆင့်အနေနဲ့ Root မဲ့အဆင့်ကိုသွားပါ့မယ်။


Root မဲ့အဆင့်ကတော့ သိပ်မခက်တော့ပါဘူး လွယ်ပါတယ်။ ဖုန်းနဲ့ကွန်ပျူတာကိုချိတ်ပြီး htc ဖုန်း storage ထဲကို CWM-SuperSU ဆိုတဲ့ zip ဖိုင်လေးကို zip မဖြည်ပဲ ထည့်ထားလိုက်ပါ။ပြီးရင် Noti လေးပြန်ဆွဲချပြီး charge mode ကိုပြန်ပြောင်းပါအုံး ထည့်တုန်းကလည်း ဆွဲပြီး disk drive ကိုပြောင်းထည့်မယ်နော်...ထည့်ပြီးတော့ ပြန်ပြောင်းပေးရတဲ့သဘောပါ။
ပြီးသွားရင်တော့ kit ထဲက Commands အောက်က box ထဲက Boot into Recovery ဆိုတာကိုရွေးပြီးအောက်က Do Command ဆိုတာကိုနှိပ်ပေးလိုက်ရင် Recovery mode ထဲရောက်ပါပြီ။



Recovery ထဲကိုရောက်ပြီးဆိုရင်တော့ ခုနကထည့်ထားတဲ့ CWM-SuperSU-v0.96 zip ဖိုင်လေးကို ရွေးပြီး install လုပ်ပေးလိုက်ပါ။ ပြီးရင်တော့ reboot system now ဆိုတာကို ရှာပြီး ပြန်ထွက်လိုက်ပေါ့ ပြန်တတ်လာရင် root လုပ်တာပြီးပါပြီခင်ဗျာ ။ 



ခုလောက်ဆိုသူငယ်ချင်းအားလုံးလည်းအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ။ မေးထားတဲ့အကိုနဲ့
တောင်းဆိုထားတဲ့သူငယ်ချင်းများလည်း ဒီလောက်လေးနဲ့ပဲ ကျေနပ်ပေးပါလို့ မေတ္တာရပ်ခံပါရစေခင်ဗျာ။
ဆိုက်ကို လာလည်ကြတဲ့ သူငယ်ချင်းများအားလုံးကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။

      
       

3 comment:

Unknown said...

nokia c7 မြန်မာဖော်ထည့်ချင်လို ကူညီပါခင်ဗျား

Unknown said...

ကျေးဇူတင်ပါတယ် အားလုံးကို တင်တာပေးတဲ့အတွက်

Unknown said...

ကျေးဇူတင်ပါတယ် အားလုံးကို တင်တာပေးတဲ့အတွက်

Post a Comment

နည်းပညာ၊ Software နှင့် နည်းပညာ စာအုပ်များ မျှဝေရာ....
www.pyayblogger.com
မှကြိုဆိုပါတယ်....

Updates Via E-Mail

Popular Posts

Labels