Powered by Blogger.
 
 
5.6.13

Canon iP 1200 မှ 2200 Resetter နှင့် ဆေးဘူးဆေးနည်း

မင်္ဂလာပါ.... Cannon iP 1200 မှ 2200 အထိ Printer (သုံးသေးလားတော့မသိဘူး) Restarter နှင့် ဆေးဘူး ဆေးပိတ်တာကို ဆေးတဲ့နည်းလေးကို မျှဝေပေးလိုက်ပါတယ်...  Printer Resetter ကတော့ Printer သုံးတဲ့ သူတိုင်းသိကြပြီးသားပါ... ဆိုင်မှာဝယ်လို့မရပါဘူး (မရောင်းတာ) တစ်ချို့ရောင်းတဲ့ဆိုင်ကျတော့လည်း သောင်းဂဏန်းလောက်ကို တောင်းတာ Service အပ်တော့လည်း ၅၀၀၀ ဆိုတော့ ကိုယ်တိုင်ဆောင်ထားရင် အဆင်ပြေတာပေါ့... တလက်စတည်း ဆေးဘူး ဆေးပိတ်ရင် ဆေးတဲ့နည်းလေးပါ ထည့်သွင်းဖော်ပြပေးလိုက်ပါတယ်... ဆေးလိုင်းပိတ်ရင် ဆေးတဲ့ ဆေးရည်တွေ ဆိုင်တွေမှာရှိပါတယ် တကယ်တန်း ငွေကုန် အဆင်မပြေပါဘူး.... ယခု ကျွန်တော်ဖော်ပြပေးတဲ့နည်းလေးကတော့ ငွေမကုန်ပါဘူး... 


ကျွန်တော်မှာ iP 1300 ပဲ ရှိတဲ့ အတွက် ဒီကောင်နဲ့ပဲ နမူနာလုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်... ဒီနည်းကို ကြည့်လိုက်ရင် အခြား Cannon တွေကို အဆင်ပြေပြေလုပ်ဆောင်နိုင်မှာပါ...

ပထမဆုံး Printer ကို Power ဖွင့်ပြီး အဖုန်းလှန်လိုက်ရင် တပ်ဆင်ထားတဲ့ Black, Colour ဆေးဘူးတွေ ဘယ်ဘက်ဘေးကို ကပ်လာမှာပါ...

အဲ့အချိန်မှာ ဆေးဘူး ဖြုတ်၊ တတ် လုပ်တော့မယ်ဆိုရင် power မပိတ်ပဲ မီးကြိုးကို ဖြုတ်ပြီး ၅ စက္ကန့်လောက်ကြာမှ ဆေးဘူးကို ဖြုတ်ပါ၊ တပ်ပါ.... မီးကြိုးမဖြုတ်ပဲ power on နေတဲ့အချိန် အဖြုတ်၊ အတတ်လုပ်ရင် ဆေးဘူး ပျက်တတ်လို့ပါ...



ဆေးဘူးဖြုတ်ပြီးသွားပြီဆိုရင် ပြထားသည့်ပုံအတိုင်း အပေါ်အဖုံးကို လှန်လိုက်ပါ...
(ကျွန်တော့် Colour ဘူးက ပထမရက်က မိတ္တူဆွဲဖို့ စာရွက်ထုတ်စရာရှိလို့ အနက်ဘူးမရှိတာနဲ့ ကာလာနေရာတွေမှာ ဆေးအနက်တွေ အကုန်ဖြည့်ထားတာပါ )
Colour ဘူးမှာတော့ နီ၊ပြာ၊၀ါ သုံးရောင်ပါပါတယ်..


ဆေးဘူးမှာပါတဲ့ ဖော့လေးတွေကို ဇာဂနာနဲ့ တစ်ခုခြင်းဆွဲထုတ်လိုက်ပါ...
ပုံမှာပြထားပါတယ်...
 


ရေချိုးခန်းထဲက ရေနဲ့ စိတ်ပြေနပြေဆေးပါ... (ရေသန့်မဟုတ်ပါ) ဘယ်လောက်ဆေးဆေး ဆေးကုန်သွားတယ်လို့ မရှိပါဘူး... အနဲနဲ့ အများတော့ ဆေးအရောင်တွေ ထွက်လာဦးမှာပါ...၁၅ မိနစ်လောက် အနည်းဆုံးဆေးပါ.. ပြီးသွားပြီ စိတ်ထဲနည်းနည်းကျေနပ်သွားပြီဆိုရင်တော့ ဆက်လက်ပြီး ထပ်ဆော်ပါဦးမယ်... :D




 
ပုံမှာပြထားတာ ရေနွေးပူပူပါ ... ရေးနွေးပူပူလေးကို ပန်းကန်၊ ခွက် အဆင်ပြေရာ တစ်ခုခုထဲကိုထည့်ပြီး စိမ်ပါဦးမယ်။ပုံမှာပြထားသလိုပဲ ဆေးတွေတဖြည်းဖြည်း ပျော်ထွက်လာပါလိမ့်ဦးမယ်... ရေနွေးအေးသွားပြီဆို ထပ်လည်းပြီး အနည်းဆုံး (၃) ကြိမ်လောက် ကိုင်ပစ်လိုက်ပါဦး... အဲ့ဒါလည်း အနဲနဲ့အများတော့ ဆေးတွေထွက်နေဦးမှာပါပဲဗျာ...  (စိတ်ချလက်ချလုပ်ပါ မပျက်ပါဘူး)
 
 
နောက်ဆုံး စိတ်ကျေနပ်လောက်အောင် ဆေးပြီးပြီဆိုရင်တော့ ဆေးဘူးကို အခြောက်ခံပါ့မယ်... ရေနွေးပူသုံးထားတာဆိုတော့ ခြောက်လွယ်ပါတယ် အပူနည်းနည်းပေးပြီး ခြောက်သွားအောင် ရေကုန်သွားအောင် လုပ်လိုက်ပါ.... လုံးဝ ရေကုန်စင်သွားပြီ ခြောက်သွားပြီဆိုရင် ....


ဆေးဖြည့်တဲ့ ဖော့တွေကို တန်းမထည့်ပါနဲ့ဦး သက်ဆိုင်ရာ အရောင်အတိုင်း ဆေးဘူးက အကန့်လေးတွေအတိုင်း ဆေးရည် အနည်းငယ်အရင်ဖြည့်ပါ... (ဓါတ်ပုံရိုက်လိုက်ဖို့ မေ့သွားလို့ပါ)
 
 အဲ့လိုမဖြည့်ထားရင် Print ထုတ်တဲ့အခါ ဆေးကတော်တော်နဲ့ စာရွက်ပေါ်ကို ကျမလာတတ်ပါဘူး... ဆေးရည်အနည်းငယ်ကို အရင်ဖြည့်ပြီးမှ သက်ဆိုင်ရာ အရောင်အတိုင်း ဖော့လေးတွေကို ပြန်တပ်ပါ... ဆေးရည်ထပ်ဖြည့်ပါ...


သက်ဆိုင်ရာ အရောင်အတိုင်း ဖော့တွေမှာ ဆေးဖြည့်ထားပုံ
 


Print ထုတ်တဲ့အခါ ပုံမှာပြထားသည့်အတိုင်း ဆေးဘူး Run out ပြနေရင်တော့...


 မီးဝါခလုပ်ကို ၁၀ စက္ကန့်လောက် ဖိထားပေးပြီး လွှတ်လိုက်ပါ... 
ဒါဆို အဆင်ပြေသွားပါပြီ....


iP Tool ( Resetter ) အသုံးပြုပုံ
*********************

အရင်ဆုံး Download မှရလာသော iP Tool ကို (install လုပ်စရာမလို) ဖွင့်လိုက်ပါ...
ပြီးမှ Printer ကို Power ဖွင့်ပါ...



 မိမိ Printer အမျိုးအစားကို အပေါ်ပုံမှ ပြထားသည့်အတိုင်း Auto မသိပါက ရွေးခြယ်ပေးပါ...


ပုံမှာပြထားတဲ့အတိုင်း counter တွေဖော်ပြနေပါလိမ့်မယ်....


မြှား နံပါတ် ၁ မှာပြထားသည့် Reset Main ကိုနှိပ်ပါ..ပြီးလျှင် 
မြှားနံပါတ် ၂ OK ကိုနှိပ်ပါ...



မြှား နံပါတ် ၁ မှာပြထားသည့် Reset ကိုနှိပ်ပါ..ပြီးလျှင် 
မြှားနံပါတ် ၂ OK ကိုနှိပ်ပါ...
 


ပုံမှာပြထားသည့်အတိုင်း counter တွေရှင်းပြီးသွားတာကို တွေ့ရပါလိမ့်မယ်...


iP Tool (resetter)

Sharebeast

>>>  Download  <<<

Zippyshare

>>>  Download  <<<


Download ယူနည်း

========================================================
Download ကို နှိပ်လိုက်လျှင် ပွင့်လာသောဆိုက်၏ ညာဘက်အပေါ်ဒေါင့်တွင် 
Please wait 5 seconds ဆိုတာပေါ်လာပြီး အချိန်ပြည့်ပါက
SKIP AD ကိုရောက်သွားပါမည် SKIP AD ကို ထပ်ပ်လိုက်လျှင်
Download လင့်ကို ရောက်ပါမည်။ 
========================================================


0 comment:

Post a Comment

နည်းပညာ၊ Software နှင့် နည်းပညာ စာအုပ်များ မျှဝေရာ....
www.pyayblogger.com
မှကြိုဆိုပါတယ်....

Updates Via E-Mail

Popular Posts

Labels

 
world time
© 2011 by Daily Updates Free Blogger Templates DheTemplate and Theme 2 Blog