Powered by Blogger.
 
 
7.6.13

Samsung Galaxy S2 Plus GT-I9105P root လုပ်မယ်

မင်္ဂလာပါခင်ဗျာ ခုဖော်ပြပေးမဲ့နည်းလမ်းလေးကတော့ samsung galaxy s2 ရဲ့ မျိုးဆက်သစ်ဖြစ်တဲ့ samsung galaxy s2 plus GT-I9105P ဆိုတဲ့ဖုန်းလေးကို root ပြုလုပ်နိုင်မဲ့နည်းလမ်းလေးပါ။ သူငယ်ချင်းတစ်ယောက်က လာမေးလို့ ရှာပေးရင်းနဲ့ ဒီပို့လေးကို ရေးဖြစ်သွားတာပါ။ နံပါတ်ရဲ့နောက်မှာ အက္ခရာပါတော့ စိတ်ညစ်ညစ်နဲ့ရှာပေးလိုက်ရတာပါ။ တွေ့သွားတော့လည်း ၀မ်းသာရတာပေါ့နော် ဘာပဲဖြစ်ဖြစ် s2 plus လေး ကိုင်ထားတဲ့ သူငယ်ချင်းများအတွက် အသုံးဝင်မှာပါ ဘာမှလုပ်ခင်မှာ ခါတိုင်းလိုပါပဲ လိုအပ်တဲ့ data တွေကို အရင်ဒေါင်းပါ့မယ်ခင်ဗျာ။


odin

 >> Download <<

CWM

>> Download <<

Root


>> Download <<

Driver ကတော့တင်မပေးတော့ပါဘူးနော် ရှိပြီးသားဖြစ်မှာ မနေ့ကလည်း နောက်ဆုံးထွက် Driver တွေတင်ပေးပြီးသားပါခင်ဗျာ။ driver Install လုပ်ပြီးသားဆိုရင်တော့ root လုပ်ဖို့စပါတော့မယ်။
အရင်ဆုံး ဖုန်းကို Unknow source နဲ့ usb debug on ပေးပါ။ ဖုန်းဘက်ထရီလည်း 70% လောက်တော့ရှိနေပါစေ။ ရှိတယ်ဆိုရင်တော့ ဖုန်းကိုပါဝါပိတ်ပြီး ခဏထားပါ။ ပြီးရင် Download Mode ကိုဝင်ပါ့မယ် vol down + Home + Power ပါ အ၀ါရောင် တြိဂံလေးမြင်ရရင် vol up တစ်ချက်နှိပ်ပေးလိုက်ပါ။ Download Mode ကိုရောက်ပါပြီ။
နောက်တစ်ဆင့်အနေနဲ့ odin ကို ဖွင့်လိုက်ပါ။ ပြီးရင် ဖုန်းကို ကွန်ပျူတာနဲ့ချိတ်လိုက်ပါ။ ID:com မှာ အ၀ါရောင်လေးနဲ့ message box မှာ added လို့ပါလာရင် ဖုန်းနဲ့ ကွန်ပျူတာနဲ့သိပါပြီ။

 ပြီးသွားရင်တော့ odin ရဲ့ setting တွေကို စစ်ပါ။
Re-partition နဲ့ Auto reboot ဆိုတဲ့အမှတ်တွေ ကို မခြစ်ပါနဲ့ F Reset time ဆိုတဲ့ တစ်ခုပဲခြစ်ပါ။ PDA မှာ အမှတ်လေးခြစ်ပေးပြီးရင် ဒေါင်းလုပ် ဆွဲပြီးရလာတဲ့အထဲက GT-I9105P-recovery-droidviews.tar ဖိုင်လေးကိုထည့်ပေးပါ။ အားလုံးမှန်ကန်တယ် သေချာပြီဆိုရင်တော့ Odin ရဲ့ ညာဘက် အပေါ်နားလေးက start ကိုသာနှိပ်လိုက်ပါ။ ခဏလေးပဲကြာပါတယ် pass message မြင်ရပြီဆိုရင်တော့ odin ကိုပိတ်ပြီး ကွန်ပျူတာနဲ့ချိတ်ထားတာကို ဖြုတ်လိုက်ပါ။ ပြီးရင် ဘက်ထရီ ခဏဖြုတ်ထားလိုက်ပါ။ စက္ကန့် ၃၀ လောက်ပေါ့နော်....

sd card ထဲကို UPDATE-SuperSU ဆိုတဲ့ zip ဖိုင်လေးကို ထည့်ထားပါ။ ပြီးရင်တော့ ဖုန်းထဲကို ထည့်ပေးလိုက်ပါ။ ဖုန်းဘက်ထရီကိုပြန်တပ်ပြီး Recovery mode ကိုဝင်ပါ့မယ် vol up + home + power ပါ။ သုံးခုလုံးကိုဖိထားပါ ။ samsung logo ၂ ခါပေါ်ပြီးရင် power ကိုလွတ်လိုက်ပါ။ ကျန်တဲ့ခလုပ်နှစ်ခုကိုဖိထားပါအုံး အနက်ရောင်နောက်ခံနဲ့ အပြာရောင်စာသားတွေ ပါသော recovery Mode ကိုမြင်ရပါပြီ။ vol down နဲ့အောက်ဆင်းပြီး install zip from sdcard> choose zip from sdcard
ထဲကိုသွားလိုက်ပါ။ ထို့နောက် sd card ထဲထည့်ထားသော UPDATE-SuperSU-v1.30.zip ကိုရွေးပေးပြီး install လုပ်ပေးလိုက်ပါ။ ပြီးရင် go back and select ကိုသွားပြီး reboot system now ကိုရွေးပေးလိုက်ပါ။ ဖုန်းလေးပြန်တတ်လာရင်တော့ root လုပ်တာအောင်မြင်သွားပါပြီခင်ဗျာ သူငယ်ချင်းအားလုံး အဆင်ပြေကြပါစေ။

0 comment:

Post a Comment

နည်းပညာ၊ Software နှင့် နည်းပညာ စာအုပ်များ မျှဝေရာ....
www.pyayblogger.com
မှကြိုဆိုပါတယ်....

Updates Via E-Mail

Popular Posts

Labels