Powered by Blogger.
 
 
25.7.12

Windows 2 ခုတင်ထားလို့ Start Up မှာ အသုံးပြုမည့် windows ကိုရွေးပေးနေရရင်


Win 8 ရော Win 7 ရော တင်ထားတဲ့ သူငယ်ချင်းများ Start Up မှာ အသုံးပြုမည့် win ကိုရွေးပေးစရာမလိုပဲ မိမိအသုံးပြုလိုတဲ့ ၀င်းဒိုးနဲ့ တက်စေချင်ရင် System Configuration ထဲမှာ ပြင်ပေးရပုံလေးကို ဖော်ပြပေးလိုက်ပါတယ်... win 8 ကိုစမ်းသုံးချင်လို့ ပထမတင်ထားတဲ့ win 7 ကိုမဖြုတ်ပဲ လက်ရှိအသုံးပြုနေတဲ့ C,D,E (မည့်သည့်အပိုင်းမဆို) မှာပဲဖြစ်ဖြစ် ဟတ်ဒစ် နှစ်လုံးသုံးထားပြီး တင်တာပဲဖြစ်ဖြစ် ကွန်ပျူတာတစ်လုံးထဲမှာ ၀င်းဒိုးနှစ်ခုတင်သုံးတဲ့အခါ Start Up မှာ ကိုယ်တက်ချင်တဲ့ဝင်းဒိုးကို ရွေးပေးရပါတယ် မရွေးပေးမိရင် win 8 နဲ့ တက်သွားလို့ restart ပြန်ခေါ်ပြီး ရွေးရွေးပေးနေစရာမလိုအောင် ပထမဆုံး win key + R  (သို့) Run ကိုဖွင့်ပြီး msconfig လို့ရိုက်ပြီး ok နှိပ်ပါ...






Boot မှာ အသုံးပြုလိုတဲ့ ၀င်းဒိုးကိုရွေးပြီး Set as default ကိုနှိပ်ပြီး Apply  ==>  ok လုပ်ပါ...
ကွန်ပျူတာ Restart လုပ်မလားလို့ မေးပါလိမ့်မယ် အခုလုပ်လည်းရသလို
နောက်မှလုပ်ပေးလည်းရပါတယ် ...
ဒါပေမယ့်နောက်တခါပြန်ဖွင့်တဲ့အခါ မိမိရွေးထားတဲ့ ၀င်းဒိုးနဲ့ တက်လာပါလိမ့်မယ်....




တကယ်လို့ ကိုယ်က win 7 ရွေးထားပြီး နောက်မှ win 8 ကိုအသုံးပြုချင်ရင် win 8 ကိုပြန်ရွေးပေးပေါ့... 
ဒါမှမဟုတ် အရင်အတိုင်းပြန်ဖြစ်ချင်ရင် General မှာ Normal Start up ကိုရွေးပေးပါ...


Facebook  Like လုပ်ဖို့ ဖိတ်ခေါ်ပါတယ်...
Like လုပ်ပေးခြင်းဖြင့် အခြားအသုံးလိုနိုင်တဲ့ သင့်သူငယ်ချင်းများ ထံသို့ဝေမျှပေးခဲ့ပါ...
အောက်မှာFacebook  Likeထည့်ပေးထားပါတယ်...

0 comment:

Post a Comment

နည်းပညာ၊ Software နှင့် နည်းပညာ စာအုပ်များ မျှဝေရာ....
www.pyayblogger.com
မှကြိုဆိုပါတယ်....

Updates Via E-Mail

Popular Posts

Labels