
Ethernet Network လို့ခေါ်တဲ့ (မိတ်ဆွေတို့သိထားတဲ့ Network) တွေချိတ်ဆက်ရာမှာ Cat 5 Cableကိုအသုံးပြုကြပါတယ်၊ Cat-5 ၀ါယာကြိုး အမျိုးအစားကို UTP Cable (UTP ၀ါယာကြိုး) လို့ သတ်မှတ်ထားခေါ်ဝေါ်ကြပါသေးတယ်၊ UTP ရဲ့ မူရင်းအဓီပ္ပါယ် ကတော့ Unshielded Twisted pair ပါ၊ မြန်မာလိုအလွယ်ပြောရင်တဲ့ အကာအကွယ်မဲ့ လိမ်ထားတဲ့ ကြိုးတွေပေါ့၊ အဲ့ဒီ့ UTP Cable ထဲမှာ ၀ါယာကြိုးအသေးလေးတွေရှစ်ချောင်းပါပါတယ်၊ နှစ်ချောင်းစိကို တစ်စုံး အနေနဲ့ ရစ်ပတ်ထားတာပါ၊ အားလုံးပေါင်းရှစ်ချောင်းပါပီး နှစ်ချောင်းကို တစ်စုံစီ ရစ်ထားတာဆိုတော့ လေးစုံရတာပေါ့၊ အထက်က ပုံမှာသေချာကြည့်ကြည့်ပါ၊





















