Powered by Blogger.
 
 
28.7.13

The new Nexus 7 2013 Edition (flo) bootloader unlock,recovery install and root

မင်္ဂလာပါခင်ဗျာ ခုဖော်ပြပေးမယ့်နည်းလမ်းလေးကတော့ new google nexus7 root ပြုလုပ်နိုင်မဲ့နည်းလမ်းလေးပါပဲ ခက်ခဲတဲ့နည်းလမ်းတော့မဟုတ်ပါဘူး လွယ်ကူရိုးရှင်းတဲ့နည်းလမ်းလေးမို့ပြန်လည်မျှဝေပေးတာဖြစ်ပါတယ်ခင်ဗျာ။

အရင်ဆုံး မိမိရဲ့ device ကို ဘက်ထရီ ၆၀ လောက်ရှိနေပါစေ။ မိမိရဲ့ ကွန်ပျူတာမှာလည်း driver နဲ့ sdk install လုပ်ထားဖို့လိုအပ်ပါတယ်။ ပြီးသွားရင်တော့ fastboot binary ကို download လုပ်ပြီး (<android_sdk>/platform-tools) ထဲကို dragဆွဲထည့်လိုက်ပါ။
အားလုံးစုံလင်သွားပြီးဆိုရင်တော့ device ကို usb debug on ထားလိုက်ပါ။
Bootloader unlock လုပ်ရန်အတွက် command ကနေ 
1. adb reboot bootloader လို့ရိုက်ထားလိုက်ပါ။
2.ပြီးသွားရင် ကွန်ပျူတာနဲ့ချိတ်လိုက်ပါ။
3.fastboot oem unlock လို့ရိုက်လိုက်ပါ။
4.confirm လုပ်ရန်အတွက် process တစ်ခုတတ်လာရင် vol key နဲ့ yes နေရာကိုသွားပြီး power ကိုနှိပ်ပေးလိုက်ပါ။bootloader screen ကိုရောက်သွားရင် start လုပ်ရန်အတွက် power နှိပ်ပေးလိုက်ပါ။ မိမိထည့်ထားသမျှ အကုန်လုံးပျက်မှာဖြစ်ပါတယ်။ ဒီအဆင့်ဆိုရင်တော့ bootloader unlock လုပ်တာပြီးဆုံးပါပြီ။  မှတ်ချက်အနေနဲ့ device ကို reboot မလုပ်ပါနဲ့ recovery နဲ့ root လုပ်ရန်အတွက် bootloader mode မှာပဲထားပါ။
recovery img ဖိုင်လေးကို fastboot ရှိတဲ့နေရာထဲသွားထည့်ပြီး လွတ်နေတဲ့နေရာလေးမှာshift+ right click ထဲက open command prompt here ဆိုတာလေးကိုရွေးပေးလိုက်ပါ။ တတ်လာတဲ့ window မှာ 
fastboot flash recovery openrecovery-twrp-2.6.0.0-flo.img ဒါဆိုရင်တော့ recovery ကို install လုပ်တာပြီးပါပြီး recovery ၀င်ရန်အတွက်တော့ vol (+/-) နဲ့ ပါဝါကီးပါ။ ၀င်မရရင်တော့ adb reboot recovery လို့ရိုက်ပြီး unlock လုပ်ခဲ့တုန်းကအတိုင်းဝင်ပါ။ super su ဖိုင်လေးကိုလည်း device internal ထဲကို ထည့်ပေးထားအုံးနော် ထည့်ပြီးမှ recovery mode ကိုဝင်ပါ။ ခုထည့်ပေးထားတဲ့ update super su ဖိုင်လေးက jelly 4.3 ထိ support လုပ်ပါတယ်။ ပြီးရင်တော့ ကွန်ပျူတာနဲ့ ချိတ်ပြီး adb reboot recovery ဆိုပြီး recovery mode ကိုဝင်လိုက်ပါ။ရောက်သွားပြီးဆိုရင်တော့ go to install >>
Select the UPDATE-SuperSU-v1.43.zip and slide the button to flash it.
    Once the flashing process is done, go to Reboot > System and slide the button to reboot your device ပြန်တတ်လာရင်တော့ root လုပ်တာပြီးဆုံးပါပြီခုလောက်ဆိုသူငယ်ချင်းအားလုံးအဆင်ပြေကြမယ်ထင်ပါတယ်ခင်ဗျာ။ လိုင်းကလည်းလုံးဝမကောင်းလို့ ပုံလေးနဲ့ပြည့်ပြည့်စုံစုံ မဖော်ပြပေးနိုင်တာတော့ခွင့်လွှတ်ပါလို့.....

0 comment:

Post a Comment

နည်းပညာ၊ Software နှင့် နည်းပညာ စာအုပ်များ မျှဝေရာ....
www.pyayblogger.com
မှကြိုဆိုပါတယ်....

Updates Via E-Mail

Popular Posts

Labels