Powered by Blogger.
 
 
28.7.13

Galaxy S4 Mini GT-I9195 CWM Recovery & Root

မင်္ဂလာပါခင်ဗျာ ခုဖော်ပြပေးမဲ့နည်းလမ်းလေးကတော့ samsung galaxy s4 mini လေးကို recovery နဲ့ Root ပြုလုပ်နိုင်မဲ့နည်းလမ်းလေးပါ။ အရင်တုန်းက samsung တွေကို Recovery & Root လုပ်တဲ့ပုံစံလေးအတိုင်းပါပဲ နည်းနည်းလေးပဲပြောင်းလဲသွားတာပါ။ ရှာဖွေတွေ့ရှိတာလေးပြန်လည်မျှဝေပေးတာဖြစ်ပါတယ်ခင်ဗျာ။ လိုအပ်မဲ့ data တွေ အရင်ဆုံး ဒေါင်းထားလိုက်ပါ။

Kies
>> Download <<
Usb Driver
>> Download <<
Root pack
ဒေါင်းလုပ်ဆွဲပြီးသွားရင်တော့ စကြမယ်နော်
မိမိဒေတာတွေ backup ယူထားပါ။ ပျက်ပါ့မယ်။
ဖုန်းကို အား ၆၀ လောက်တော့ အနည်းဆုံးသွင်းထားပါ။ usb debug နဲ့ unknow sources လည်း on ထားပါ။ ပြီးရင် ပါဝါပိတ် ခဏကြာရင် Download mode ကိုဝင်ပါ။ ၀င်ရမဲ့ ခလုပ်ကတော့ vol down + Home + power ပါ။ ပြီးသွားရင်တော့ computer နဲ့ချိတ်ပါ။ odin 3.07 ကို admin Mode နဲ့ဖွင့်ပါ။
Driver သိတယ်ဆိုရင်တော့ ID:COM မှာ အရောင်လေးလင်းလာမှာပါ။ ရှေ့ဆက်မယ်နော် (မှတ်ချက်) F. Reset Time ကိုအမှတ်မခြစ်ပါနဲ့ PDA မှာ Galaxy-S4-Mini folder ထဲကGT-I9195_MF5_870901_kernel.tar.md5 ကို ရွေးပေးလိုက်ပါ။ အားလုံးသေချာတယ်ဆိုရင်တော့ start သာနှိပ်လိုက်ပါ။ pass လို့ပေါ်လာပြီး device reboot ကျသွားပါလိမ့်မယ် odin ကိုမပိတ်ပါနဲ့
နောက်တဆင့်အနေနဲ့ recovery သွင်းရန်အတွက် ပထမပုံစံအတိုင်း downloading mode ကိုပြန်ဝင်ပြီးချိတ်ပါ။ F. Reset Time ကိုအမှန်ခြစ် ဖြုတ်ပါအုံး PDA မှာ Galaxy-S4-Mini folder ထဲက
recovery-clockwork-6.0.3.3-serranoltexx.tar.md5 ကိုရွေးပေးပါ။ ပြီးရင် start ကိုနှိပ်လိုက်ပါ။ flashing လုပ်သွားပါလိမ့်မယ် pass message ပေါ်လာပြီး device reboot ကျသွားပါလိမ့်မယ် ဒါဆိုရင်တော့ odin ကိုပိတ်လို့ရပါပြီခင်ဗျာ။ Root ရော recovery ရောပြီးသွားပါပြီ ဖုန်းကိုပါဝါပိတ်ပြီး recovery mode ကိုဝင်လိုက်ပါ။ vol up + home + power ပါ။ ရောက်သွားရင်တော့ reboot system now ကို နှိပ်လိုက်ပါ dialog တတ်လာရင် you want to root the device ဆိုရင် yes ကိုေ၇ွးပေးလိုက်ပါ။ ဒီလောက်ဆိုသူငယ်ချင်းအားလုံးအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ။အော် super user အတွက်ကတော့ play store ကနေဒေါင်းပြီး install လုပ်ပေးလိုက်ပါအုံးခင်ဗျာ။

0 comment:

Post a Comment

နည်းပညာ၊ Software နှင့် နည်းပညာ စာအုပ်များ မျှဝေရာ....
www.pyayblogger.com
မှကြိုဆိုပါတယ်....

Updates Via E-Mail

Popular Posts

Labels