Powered by Blogger.
 
 
19.7.13

Network ခေါင်းညှပ်နည်း

Network ခေါင်းညှပ်နည်းကို ပြောတော့မယ်ဆိုရင် အရင်ဆုံး မဖြစ်နေသိထားရမှာကတော့ Cat-5 Ethernet Cable တွေအကြောင်းပါပဲ၊ ကျေးဇူးပြုပီးအောက်က Cat-5 Cable ကိုတစ်ချက်ကြည့်ပါခင်ဗျာ၊




Ethernet Network လို့ခေါ်တဲ့ (မိတ်ဆွေတို့သိထားတဲ့ Network) တွေချိတ်ဆက်ရာမှာ Cat 5 Cableကိုအသုံးပြုကြပါတယ်၊ Cat-5 ၀ါယာကြိုး အမျိုးအစားကို UTP Cable (UTP ၀ါယာကြိုး) လို့ သတ်မှတ်ထားခေါ်ဝေါ်ကြပါသေးတယ်၊ UTP ရဲ့ မူရင်းအဓီပ္ပါယ် ကတော့ Unshielded Twisted pair ပါ၊ မြန်မာလိုအလွယ်ပြောရင်တဲ့ အကာအကွယ်မဲ့ လိမ်ထားတဲ့ ကြိုးတွေပေါ့၊ အဲ့ဒီ့ UTP Cable ထဲမှာ ၀ါယာကြိုးအသေးလေးတွေရှစ်ချောင်းပါပါတယ်၊ နှစ်ချောင်းစိကို တစ်စုံး အနေနဲ့ ရစ်ပတ်ထားတာပါ၊ အားလုံးပေါင်းရှစ်ချောင်းပါပီး နှစ်ချောင်းကို တစ်စုံစီ ရစ်ထားတာဆိုတော့ လေးစုံရတာပေါ့၊ အထက်က ပုံမှာသေချာကြည့်ကြည့်ပါ၊

Cat-5 Cable တွေနဲ့ အသံ နဲ့ ရုပ်တွေကို သယ်ယူပို့ဆောင်ပေးနိုင်စွမ်းတဲ့ Cable တွေနဲ့ အဓိက ကွာခြားချက်ကတော့ Cat-5 Cable တွေမှာ သတ္တူ အပါးလေးတွေ အတွင်းထဲ ရစ်ပတ်ကွာကွယ်မူ မလုပ်ထားတာပါပဲ၊ Cat-5 မှာပါဝင်တဲ့ ၀ါယာကြိုးတွေကို နှစ်ခု တစ်စုံစီရစ်ပတ်ထားခြင်းနဲ့ သား ပြင်ပြက ၀င်ရောက်လာတဲ့ အနှောင့် အယှက်တွေကနေ ကာကွယ်ထားပါတယ်၊ ဒီလို နည်းတွေနဲ့ မီတာ ၁၀၀ (ပေ ၃၀၀) လောက်ပမာဏကို Cat-5 Cable တွေက Data တွေကို အမြန်ဆုံးပို့ဆောင်ပေးပါတယ်၊ Cat-5 ကြိုးတွေက RJ45 လို့ခေါ်တဲ့ နံရံကပ် Socket တွေ RJ45 ပလပ် (Plug) လေးတွေနဲ့ တွဲပြီးအလုပ်လုပ်ပါတယ်၊ Cat-5 Cable တွေလိုပဲ Cat-6 Cable တွေလဲရှိပါသေးတယ်၊ Cat-6 တွေကတော့ Data ထုတ်လွင့်နိုင်မူစွမ်းအားပိုများတာပေါ့ဗျာ၊ အောက်မှာ ပြထားတဲ့ပုံမှာ ၀ါယာကြိုး ရှစ်ချောင်းပါတယ်၊ နှစ်ချောင်းကိုတစ်စုံးစီ တွဲထားတယ်၊ အဲ့ဒီ့ တော့ အားလုံး ၄ စုံးရှိတယ်ပေါ့၊ အခုကျွန်တော် က အပေါ်ဆုံး ၀ါယာကြိုး အစုံကနေ စပြီးရှင်းပြပါမယ်၊
အထက်က အတိုင်း အစုံလေးစုံပါတဲ့ ၀ါယာကြိုး ရှစ်ချောင်းကိုတွေ့ရင် အောက်က ပုံစံအတိုင်းဖြစ်အောင် ခွဲလိုက်ပါ၊ ခွဲတဲ့အခါမှာ သူ့အစီအစဉ်အတိုင်း အတိအကျခွဲရပါမယ်၊ သေချာရှင်းပြပေးမယ်၊ မပူနဲ့ အခု အောက်က ပုံကို အရင်ကြည့်လိုက်၊အရင်အဆင့်က အတိုင်း ၀ါယာကြိုးတွေကို အစီအစဉ်တကျ နေရာချပီးသွားရင်တော့ အရင်က လိမ်ထားလို့ကောက်နေတဲ့ကြိုးလေးတွေကို ပြန်ဖြောင့်ပါ၊ ဖြောင့်တဲ့အခါမှာ သူ့အစီအစဉ်အတိုင်းခွဲထားတဲ့ကြိုးတွေကို နေရာမပျက်စေပါနဲ့၊ အဲ့ဒီ့ လို ၀ါယာကြိုးတစ်ချောင်းစီကိုဆွဲဆန့်လို့ အတော်အတန်ဖြောင့်သွားရင်ဖြင့် အစဉ်တိုင်းကို မပျက်စေပဲ ပြန်စုလိုက်ပါ၊ စုပီးသွားရင် အုပ်စုလိုက် အပြားပုံစံနဲ့ နည်းနည်း ဆွဲဆန့်ပါ၊ ဆွဲဆန့်တဲ့အခါ ဘယ်ဘက်လက်က သရေမဖြတ်ရသေးတဲ့ အစိတ်အပိုင်းကို ဖိညှပ်ထားဖို့လိုမယ်၊ အောက်ကပုံစံ အခြေအနေရတဲ့ အထိ အစဉ်ပြေသလို ဆွဲဆန်ပေးပါ၊ ကြိုးတွေကို အထက်အောင် အစီအစဉ်ချထားတာကိုတော့ မပျက်စေပါနဲ့၊ကျွန်တော်တို့တကယ်ယူမယ့် အစိတ်အပိုင်းက အထက်က ပြထားတဲ့ အစိတ်အပိုင်းပဲ ထိပ်ကပိုနေမယ်၊ အစိတ်အပိုင်းကိုဖြတ်ပစ်မှာ အထက်က အစိတ်အပိုင်းကိုပဲ နေရာမပျက်အောင် ညီအောင် ဆွဲဆန့်ထားပါ၊ အဆင်ပြေရင် Crimp Tool သုံးပြီး ကြိုးတွေရဲ့ ထပ်ပိုင်းကိုဖြတ်လိုက်၊ ကျွန်တော်တို့ယူမှာက သရေ ကြိုးအကာနဲ့ ကပ်နေတဲ့ အစိတ်အပိုင်းပဲ အောက်မှာမလိုတဲ့အစိတ်အပိုင်းကိုဖြတ်တဲ့ပုံ၊ဖြတ်လို့ပီးရင် အောက်က အတိုင်း Cable ကြိုး အဖုန်း (သရေကြိုးကိုပြောတာ) နဲ့ ကပ်နေတဲ့ အစိတ်အပိုင်းကျန်မယ်၊ အဲ့ဒီ့ အစိတ်အပိုင်းကို RJ45 Connector ထည့်မယ်၊ အောက်က အတိုင်းထည့်တဲ့အခါ သေချာ ဖိထည့်ပါ၊ အားမနာနဲ့ အောက်က ပုံစံရတဲ့အထိထည့်၊ အဲ RJ45 ကို ၀ါယာကြိုးတွေထည့်ဖို့ ကိုင်တဲ့အခါ ပြောင်းပြန်ကိုင်ပါ၊ ပြောချင်တာက Lever (ဖိတဲ့ အတံလေး) ပါတဲ့ အစိတ်အပိုင်းကိုအောက်မှာထား၊                                                                                         

  • ပထမအစုံ --------- အ၀ါ နဲ့ ၀ါဖြူ အစုံ
  • ဒုတိယ အစုံ -------- အပြာ နဲ့ ပြာဖြူ အစုံ
  • တတိယ အစုံ ------ အညိုနဲ့ ညိုဖြူ အစုံ
  • စတ္တုထ အစုံ ------- အစိမ်း နဲ့ စိမ်းဖြူ အစုံး၊



အောက်မှာ တွေ့ရမယ့် ခေါင်းနှစ်ခုကိုတော့ RJ45 Connector နဲ့ RJ11 Connector တို့လို့ခေါ်ပါတယ်၊ အခုတော့ ကျွန်တော် RJ45 Connect အကြောင်းကိုရှင်းပြသွားမယ်၊ အသေးတစ်ခုဖြစ်တဲ့ RJ11 ကတော့ DSL routers တွေကို ဖုန်းလိုင်းနဲ့ ချိတ်ဆက်ရာမှာ အသုံးပြုပါတယ်၊ (အသေးစိတ်ကို မရှင်းပြတော့ဘူး၊)



RJ45 Connector

RJ45 Connector တွေက Cat-5 cable တွေနဲ့ ဘယ်လို အလုပ်တွဲလုပ်လဲ ဆိုတာကို အောက်မှာ အကြမ်းဖျင်းကြည့် နိုင်ပါတယ်၊ အဲ့ဒီ့ RJ45 Connector လေးတွေရဲ့ ထိပ်ပိုင်းကိုသေချာကြည့်ရင် ရွှေရောင်သွားလေးတွေကို မြင်ရပါလိမ့်မယ်၊ အဲ့ဒီ့သွားလေးတွေက Cat-5 Cable ကို Connector ရဲ့ Plug ထဲကိုထိုးထည့်ပီး Plug ကိုဖိလိုက်ရင် (Crimping Tool နဲ့ ဖိတာ) ရွှေရောင် သွားလေးတွေကြားထဲကို ရောက်နေတဲ့ ၀ါယာကြိုးလေးတွေရဲ့ သရေသားကို ကိုက်ဖြတ်ပြစ်လိုက်တယ်ဗျ၊ ဒီတော့ ၀ါယာကြိုး လေးတွေပဲကျန်မယ်၊ သူတို့ကို အုပ်ထားတဲ့ သရေလေးတွေ
ကွာသွားမယ်ပေါ့၊ ဒီနည်းကိုတော့ Insulatoin Displacement လို့ Techinical အခေါ်အဝေါ်အရခေါ်ပါတယ်၊



Crimp Tool

အေက်က RJ45 အကြောင်းရှင်းပြရာမှာ ကျွန်တော် Crimping Tool လို့သုံးသွားပီး မရှင်းပြခဲ့ပါဘူး၊ အခုတော့ မိတ်ဆွေတို့အေက်က ပုံကိုကြည့်နိုင်ပါပီ၊ အ၀ါရောက်မြားပြထားတဲ့ အထက်က ပုံမျိုးရှိတဲ့ RJ45 Connector ကို ဖိညှပ်ပေးတဲ့ (ပလယာ နဲ့ တူတဲ့) ကရိယာကို Crimp Tool လို့ခေါ်ပါတယ်၊ အဲ့ဒီ့ ကရိယာနဲ့ RJ45 Connector ထဲကို ၀ါယာကြိုးရှစ်ကြိုးထည့်ပီးသွားရင် ညှပ်ရပါတယ်၊ ထည့်ရမှာက သက်ဆိုင်ရာကွန်ပြူတာ Module ထဲကိုပါ၊ ဒီမှာ တစ်ခုသတိပေးမယ်၊ RJ45 Connector ထဲကိုဝါယာကြိုးထည့်ပီးသွားရင် Crimp Tool သုံးပြီး Connector ခေါင်းကို သေချာညှပ်ပါ၊ (အောက်မှာကျွန်တော် သေချာပုံနဲ့ရှင်းပြထားတယ်) မညှပ်ပဲ Module ထဲကိုသွားမထည့်ပါနဲ့၊ စေတနာနဲ့ပြော တာ ပြန်ထုပ်ရခက်လို့ ခင်းဗျားတို့ ဒုက္ခ နဲ့ လှလှကြီး တိုးသွားမယ်၊



Automate Cable Tester


Networking Techician တစ်ယောက်အဖြစ် အလုပ်လုပ်ဖို့ပိုင်းဖြတ်ထားရင်ဖြင့် မဖြစ်မနေဆောင်ထားရမယ့် ပစ္စည်း နှစ်ခုကတော့ Crimp Tool နဲ့ Cable Tester တို့ပါပဲ၊ Crimp Tool အကြောင်းကို ကျွန်တော်အထက်မှာရှင်းပြခဲ့ပီးသွားပါပီ၊ အခုကျွန်တော် Cable Tester အကြောင်းကိုရှင်းပြပါမယ်၊ အထက်က ပုံကိုကြည့်ပါ၊ အစိမ်းရောင်မြားပြထားတဲ့ အဲ့ဒီ့ပစ္စည်းမျိုးကို Cable Tester လို့ခေါ်ပါတယ်၊ အကယ်၍ မိတ်ဆွေတို့ Cat-5 Cable ကို RJ45 Cable Connector ထဲကိုထည့်ပီးသွားပီဆိုရင် ကွန်ပြူတာ (သို့) အခြား Network ချိတ်ဆက်တဲ့ ပစ္စည်းတွေမှာ စတင်မချိတ်ဆက်ခင် မိတ်ဆွေတို့ပြု ချိတ်ဆက်ထားတဲ့ Cable နဲ့ RJ45 Connector တို့ သေချာ အလုပ်လုပ်လား မလုပ်လားကို စမ်းသပ်ရပါမယ်၊ မစမ်းသပ်ပဲချိတ်ရင်ဘာဖြစ်လဲ၊ ဘာမှမဖြစ်ပါဘူး၊ ဒါပေမယ့် Router က အဝေမှာ ရှိသည်ဖြစ်စေ၊ တိုင်ထိပ်မှာထားသည်ဖြစ်စေ မရရင်ဖြုတ်လိုက်တပ်လိုက်၊ ကျော်လိုက်ခွလိုက်နဲ့ သိပ်အလုပ်ရှုပ်ပါတယ်၊ ပိုဆိုးတာက Cable က ပြသနာဖြစ်နေမှန်းမသိပဲနဲ့ အခြား နေရာက များ ပြသနာ တတ်လေသလား လို့ လိုက်ပီး စစ်ရင်း အချိန်ကုန်ပါတယ်၊ ဒီတော့ ကျွန်တော်တို့ ရဲ့ Cable နဲ့ RJ45 ချိတ်ဆက်မူ ကို လက်တွေ့ အသုံးမပြုခင်စမ်း ကောင်းမကောင်းစမ်းဖို့လိုလာပီ၊ ဒီလိုစမ်းသပ်ဖို့အတွက် ဆိုရင်တော့ Automate Cable
Tester တွေက အသုံးသိပ်ဝင်လှပါတယ်၊ Cable ကြိုးရဲ့ ဘယ်ဘက်က RJ45 ခေါင်းနဲ့ ညာဘက်က RJ45
ခေါင်းတွေကို Cable Tester ထဲကို ထိုးထည့်ပြီး အလုပ်လုပ်မလုပ်စမ်းနိုင်ပါတယ်၊


Cable ကို RJ45 ခေါင်းထဲကို စတင်ထည့်သွင်းခြင်း

အိုကေ Cable ကို RJ45 ခေါင်းထဲကို ထည့်သွင်းတော့မယ်ဆိုရင် ကျွန်တော်တို့ Cable ရဲ့ အပေါ် သရေ အလွာကို ဖြတ်ထုပ်ရပါလိမ့်မယ်၊ ဒီလိုဖြတ်ထုတ်လိုက်မှာ Cable ထဲမှာရှိတဲ့ ၀ါယာကြိုးလေး ရှစ်ချောင်းပေါ်လာမှာပါ ဖြတ်ထုတ်တဲ့အခါ သတိထားပါ၊ ၀ါယာကြိုးရဲ့ အပေါ်ဆုံး သရေပြားကိုပဲဖြတ်ထုတ်ရမှာ အထဲက ၀ါယာကြိုး ရှစ်ချောင်းကို နည်းနည်း မှမထိမိပါစေနဲ့၊ အကောင်းဆုံးဖြစ်ချင်ရင်တော့ Wire Stripper ကိုသုံးပါခင်ဗျာ၊ Cable ရဲ့ အပေါ်ဆုံး သရေအလွာကို ဖြတ်ပီးမြင်ရမယ့်မြင်ကွင်း ကိုအောက်မှာကြည့်ပါခင်ဗျာ



အထက်က ပုံကတော့ RJ45 ကြိုးရဲ့ အပေါ် အလွာကိုဖြတ်ထုတ်လိုက်ရင် မြင်ရမယ့် အထဲက ၀ါယာကြိုးရှစ်ကြောင်းလိမ်နေတဲ့ ပုံပါ၊ အထက်ကလို ရှစ်ကြောင်း လိမ်နေတဲ့ ၀ါယာကြိုးတွေကိုတွေ့ရင် တစ်စုံစီကို ခွဲထုတ်လိုက်ပါ၊ အောက်က ပုံစံအတိုင်းဖြစ်တဲ့အထိပေါ့၊








အထက်က ပုံမှာပြထားတဲ့အတိုင်းဝါယာကြိုးတွေကို သူ့ အစီစဉ်နဲ့ သူခွဲရမယ်၊ အခု မရုပ်သွားအောင် သေချာရှင်းပြမယ်၊ အောက်က ပုံကို ကြည့်လိုက်၊

အောက်က ပုံကတော့ မိတ်ဆွေ ၀ါယာကြိုးရှစ်ချောင်းကို ဘယ်လို အစီအစဉ်တကျခွဲမလဲ ဆိုတာကို သေချာရှင်းပြဖို့ပါ၊ အပေါ်က စရေမယ်
ပထမကြိုး ========== ၀ါ/ဖြူ
ဒုတိယကြိုး ========= ၀ါ
တတိယကြိုး ======== စိမ်း/ဖြူ
စတုတ္ထကြိုး ========= ပြာ
ပဥွမကြိုး ========== ပြာ/ဖြူ
ဆဌမ ကြိုး ========== ညို/ဖြူ
အဌမကြိုး ========== ညို




အရင်ပုံကအတိုင်း ကြိုးအစီအစဉ် တွေကို နေရာတကျဖြစ်အောင်ထားပါ၊ သူတို့ တွေက အစီအစဉ်မကျတဲ့ပုံနဲ့လာမှာ ရမ်းပီး မလုပ်မိစေနဲ့ အရင်ပုံမှာကျွန်တော် ရှင်းပြထားတဲ့ အတိုင်း သူ့အစီအစဉ်နဲ့ သူခွဲပါ၊ အောက်ကပုံက သရုပ်ပြပုံပါ၊ တကယ်ခွဲတဲ့ အခါ အောက်က ပုံစံမျိုးဖြစ်မယ်၊

















အထက်က ပုံထဲမှပြထားတဲ့အဆင့်အထိ ရောက်သွားရင် ကျွန်တော်တို့ Crimp Tool သုံးပြီး RJ45 Plug  ခေါင်းကို ဖိဖို့လိုပီ၊ ဒီလိုဖိမှ ၀ါယာကြိုးလေးတွေကိုကျွန်တော်တို့ RJ45 ခေါင်းထဲမှာရှိတဲ့ ရွှေသွားတွေက ကိုက်ထုတ်လိုက်နိုင်မှာ၊ ညှပ်တဲ့အခါအဆင်ပြေအောင် Crimp Tool ရဲ့ ဘယ်ကောညာပါ သေချာကြည့်ပါ၊ အောက်က အတိုင်း












အထက်က အခြေအနေရောက်ရင်Crimp Tool ကိုညှစ် လိုက် ဖိလိုက်တော့ အိုကေ အထက်ကအတိုင်း သေချာချိန်ပြီး Crimp Tool  ကိုညစ်ထည့်လိုက်ပါ၊ဖိထည့်လိုက်ပါ၊ ညှစ်ပီး ဖိပီးသွားရင်တော့ ရွှေသွားလေးတွေက ၀ါယာကြိုးရှစ်ကျိုးရဲ့ သရေအလွှာတွေကိုကိုကိုက်ဖြတ်လိုက်တဲ့ အတွက် RJ45 နဲ့ ၀ါယာကြိုးလေတွေချိတ်ဆက်မိသွားပီလို့ပြောရပါမယ်၊ အထက်က အဆင့်တွေအားလုံးပီးသွားရင်တော့နောက်ထပ် Cable ကြိုးရဲ့ တစ်ဖက်ကို RJ45 Connect နဲ့ ထပ်ပြီးချိတ်ဆက်လိုက်ပါ၊ အားလုံးအထက်က ညွန်ကြားထားတဲ့ အတိုင်းပဲ၊ ပြီးရင်တော့ ကျွန်တော် တို့  Cable ကြိုးရဲ့ ခေါင်းနှစ်ဖက်လုံးကို ချိတ်ဆက်ပီးဖြစ်လို့Automate Cable Tester ကိုသုံးပြီးစမ်းသပ်မယ်၊

AutomateCable Tester ကိုသုံး၍ စမ်းသပ်ခြင်း

စမ်းတဲ့ အခါမှာတော့Cable Tester နှစ်ခုရှိမယ်၊ တစ်ခုစီမှာ RJ45 Plug ထည့်လို့ရတဲ့ အပေါက်တွေပါတယ်၊ ခင်ဗျားတို့ရှာမတွေ့ဘူးဆိုတာတော့ လုံးဝမရှိဘူးတွေ့ကို တွေ့လိမ့်မယ်၊ အဲ့ဒီ့ Cable Tester နှစ်ခုရဲ့  RJ45 အပေါက်ထဲကို RJ45 Plug တွေကို ထည့်ပေးလိုက်၊ဒါဆိုရင် ကြိုးရှစ်ကြောင်းလုံး အလုပ်လုပ်လား မလုပ်လား စမ်းနေမယ်၊ အောက်မှာကြည့်၊



အထက်ကလိုမိးစိမ်းပြရင် အိုကေတယ်၊ ကြိုးရှစ်ချောင်းအတွက် နံပတ်စဉ်တွေတပ်ထားတယ်၊ နံပါတ်တစ်ခုပီးတစ်ခုမိးစိမ်းပြနေလိမ့်မယ်၊ ဒါမှ မဟုတ်ရင်တော့ ခင်ဗျားတို့ Cable နဲ့ Connector ချိတ်ဆက်ရာမှာအမှားကြီးတစ်ခုကို ကျူးလွန်လိုက်ပီပဲ၊



အားလုံးပီးရင်တော့  ခင်ဗျားတို့ RJ45 နဲ့ Cable ကို ချိတ်ဆက်ပီးဖြစ်တဲ့အတွက်Modules တွေမှာတပ်ဆင်အသုံးပြုနိုင်ပီ၊ ဒါပဲ၊ ကျွန်တော်လဲ အဲ့ဒီ့ပစ္စည်းတွေမရှိလို့အွန်လိုင်းကနေရှာပီး သေချာပြန်ဖော်ပြထားတာ၊ အဆင်ပြေရင် ပြေတယ် ကျေးဇူးတင်တယ်ပြော၊ မပြေဘူးဆိုရင်ခင်ဗျားတို့ရဲ့ မှတ်ပုံတင်နံပါတ်နဲ့ နေရပ်လိပ်စာပေး ကျွန်တော် အရောက်လာပီး ဖနောင့်နဲ့ပေါက်မယ်၊



2 comment:

Ko Ko Wynn ( ပြည် ) said...

ခေါင်းတွေ ရှုပ်နေလို့ မမှတ်ချင်ဘူးဆိုရင်တော့
ဖြူမော်မော်၊ ဖြူစိမ်းပြာ၊ ဖြူပြာစိမ်း၊ ဖြူညိုညို ၊အဲလိုတွဲပြီး ရိုက်ပါ။

Anonymous said...

ဖြူမော်မော်တို့ မရှိရှာတော့ဘူးလေ :p

Post a Comment

နည်းပညာ၊ Software နှင့် နည်းပညာ စာအုပ်များ မျှဝေရာ....
www.pyayblogger.com
မှကြိုဆိုပါတယ်....

Updates Via E-Mail

Popular Posts

Labels