Powered by Blogger.
 
 
28.7.13

HTC One (M7) and Install ClockworkMod/TWRP Recovery ကနေ Root လုပ်ကြမယ်

မင်္ဂလာပါ ခင်ဗျာ ခုဖော်ပြပေးတဲ့နည်းလေးကတော့ မနက်ဖန်ပြည် WP Computer & Mobile မှာ စတင်ရောင်းချတော့မဲ့ HTC One ကို Recovery ကနေ Root ချလို့ ရမဲ့နည်းလမ်းလေးကိုဖော်ပြပေးမှာဖြစ်ပါတယ် မ၀ယ်ခင်ထဲက ကြိုတင်ပြီး လုပ်ပုံလုပ်နည်းလေး သိအောင်လို့ ပြန်လည်ဝေမျှပေးတာဖြစ်ပါတယ်ခင်ဗျာ။ :P
အရင်ဆုံး ဘာမှ မလုပ်ခင်မှာ လိုအပ်မဲ့ Data တွေကိုအရင်ဒေါင်းမယ်နော်...
HTC USB Driver
>> Download <<
Fastboot & ADB
>> Download <<
CWM Classic
>> Download <<
CWM Touch
>> Download << 
TWRP CWM
>> Download <<
Root zip
>> Download <<
လိုအပ်တာတွေ အားလုံးဒေါင်းပြီးသွားရင်ဆိုရင်တော့ ဖုန်းကို အနည်းဆုံး ဘက်ထရီ 60% လောက်တော့သွင်းထားပါ။ bootloader unlock အရင်ဆုံးလုပ်ရပါ့မယ် ။ ဒါကိုတော့ မဖော်ပြတော့ပါဘူး အရင်က ဖော်ပြခဲ့ဘူးတဲ့ HTC One X မှာ လုပ်ပုံလုပ်နည်းလေးကို ပြန်ကြည့်နိုင်ပါတယ် ခင်ဗျာ။
လုပ်ပြီးသွားရင်တော့ အားကိုအနည်းဆုံး 60% လောက်ရှိပါစေခင်ဗျာ။  unknow resource နဲ့ usb debug ကိုon ထားပါ။
ဒေါင်းထားတဲ့အထဲက fastboot & adb ဖိုင်လေးကို zip ဖြည်ပြီးတော့ file name ကို Android လို့ပေးပြီး C အောက်ထဲမှာထားလိုက်ပါ။ ပြီးရင် အဲဒီ ဖိုဒါထဲကို မိမိသွင်းချင်တဲ့ cwm တစ်မျိုးမျိုးကိုသွားထည့်လိုက်ပါခင်ဗျာ။
 အဲဒီအဆင့်ထိပြီးသွားပြီး ဆိုရင်တော့ run box မှာ  cmd လို့ရိုက်ပြီး cmd window ကိုခေါ်လိုက်ပါ။ ဖုန်းကို လည်း ချိတ်ထားအုံးနော် ချိတ်မထားပဲ ရိုက်မိနေမှာဆိုးလို့  :P
 cmd window ပေါ်လာရင်တော့ Android အောက်ထဲမှာ မိမိတို့ သွင်းချင်တဲ့ Recovery ဖိုင်ထည့်ထားတာဖြစ်တဲ့အတွက် Android ဖိုဒါကို Cmd ကနေရင်သွားလိုက်ပါ။ အောက်ကပုံလေးကိုကြည့်လိုက်ပါခင်ဗျာ။
ပြီးရင် enter ပေါ့နော်
 ဒီမှာတော့ waiting for device လို့ပြနေမှာပါ ကျွန်တော့မှာ ဖုန်းမရှိပါဘူး တတ်လည်းတတ်မထားပါဘူး ၀ယ်လည်းမ၀ယ်နိုင်လို့ပါ ။ ဒါပေမဲ့ရဲရဲသာလုပ်ပါ။ အောင်မြင်သွားမှာပါ။ အာမခံပျက်တာတော့ ကျွန်တော်နဲ့ဆိုင်ဘူးနော်...:P
နောက်တဆင့်အနေနဲ့က ဖုန်းကို သိပြီဆိုရင်တော့ နောက် command တစ်ခုက
fastboot flash recovery openrecovery-twrp-2.5.0.0-m7.img 
တိတိကျကျလေးရိုက်ပေးပါ။ space ကအစပေါ့နော်...
အဲဒီမှာ  ဖုန်းက bootloader mode ကို ၀င်နည်း နှစ်နည်းရှိပါတယ်ခင်ဗျာ။ ပထမတစ်နည်းက ဖုန်းကို ပါဝါပိတ်ထားပြီး ခဏထားလိုက်ပါ နောက်တစ်ဆင့်အနေနဲ့ vol down + power ကို တွဲနှိပ်ထားလိုက်ရင် bootloader mode တတ်လာပါတယ်။ နောက်တစ်နည်းကတော့ ဖုန်းကို ပါဝါခလုပ်ကို ဖိထားလိုက်ပါ ပေါ်လာတဲ့အထဲက restart ချလိုက်ပါ HTC Logo မြင်ရင် Vol down ကိုဖိထားလိုက်ပါ အဲဒါဆိုလည်း bootloader mode ကိုရောက်ပါတယ် ခင်ဗျာ။
bootloader mode ကိုရောက်ရင် အသံတိုးတဲ့ခလုပ်နဲ့အောက်ဆင်း FASTBOOT မှာ Highlight ဖြစ်နေရင် ပါဝါနှိပ်ပေးလိုက်ပါ fastboot ထဲကိုရောက်ပါပြီ။
နောက်တစ်ဆင့်အနေနဲ့တော့
ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ။
driver သိရန် 5-10 second လောက်စောင့်လိုက်ပါ သိပြီဆိုရင်တော့ 
အပေါ်မှာ ပေးထားတော့ ဒုတိယ command ကိုရိုက်ပြီး enter ခေါက်လိုက်ပါ။
 Finish ဆိုပြီးပြသွားရင် အောင်မြင်ပါပြီခင်ဗျာ ပြီးရင်တော့ ဖုန်းကို reboot bootloader option ကနေပြီးတော့ reboot ချပေးလိုက်ပါ ပြန်တတ်လာရင် ဖုန်းထဲကို root လုပ်မဲ့ supersu.zip ဖိုင်လည်းထဲ့လိုက်ပါ။ 
ထည့်ပြီးသွားရင် ပါဝါပိတ်ပြီး bootloader mode ကိုပြန်သွားပြီး အဲဒီထဲက recovery ကိုဝင်လိုက်ပါ ၀င်ရမဲ့ခလုပ်က power နော် recovery ထဲကိုရောက်ရင်တော့ go to install from sd ကနေပြီး supersu.zip ဖိုင်လေးကိုရွေးပေးလိုက်ပါ။ ပေါ်လာရင် choose yes ပေါ့နော် install လုပ်သွားပါလိမ့်မယ် TWRP သွင်းထားတယ်ဆိုရင်တော့ install button ကနေ supersu.zip ကိုရွေးပေးလိုက်ပါ။ ပြီးသွားရင်တော့ ဖုန်းကို reboot ချပေးလိုက်ပါ။ ပြန်တတ်လာရင်တော့ root လုပ်ပြီးသားဖုန်းတစ်လုံးကိုပိုင်ဆိုင်ပါပြီခင်ဗျာ။

သူငယ်ချင်းအားလုံးပဲ အဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်။

0 comment:

Post a Comment

နည်းပညာ၊ Software နှင့် နည်းပညာ စာအုပ်များ မျှဝေရာ....
www.pyayblogger.com
မှကြိုဆိုပါတယ်....

Updates Via E-Mail

Popular Posts

Labels