Powered by Blogger.
 
 
16.9.12

Root ဖြစ်ပြီးသား ဖုန်းတွေကို မြန်ဖောင့်နှင့်မြန်မာကီးဘုတ်သွင်းနည်း


မင်္ဂလာပါခင်ဗျာ.... မြန်မာဖောင့်အတွက် ကျွန်တော်ဆရာကိုသူရိန်ရေးထားတဲ့ thurai.zawgyi installer နှင့် thurai.mmkey ကိုထည့်ပေးထားပါတယ်။ ဘာကြောင့်ဒီဆော့ဝဲလေးကိုထည့်ပေးရလဲဆိုတော့ ၀က်ဆိုက်ထောင်နိုင်လောက် အောင်ပိုက်ဆံမရှိသေးပါဆိုလို့ ကျွန်တော်တင်လိုက်တာပါ။ အလကားနောက်တာနော် တကယ်ကောင်းလို့တင်ပေးလိုက်တာပါ။  ကီးဘုတ်ဆိုရင် မြန်မာစာကို ပုံစံသုံးမျိုးနဲ့ အမြန်ဆုံးရိုက်နိုင်လို့ပါ။ shift key ကိုနှိပ်ပြီး ရိုက်ရတာပျင်းတဲ့သူတွေအတွက် ရိုက်ချင်တဲ့စာလုံးကို နှစ်ချက်နှိပ်ပြီး ရိုက်နိုင်ပါတယ်။ဖောင့်ဆိုရင်လည်း 2.1 လောက်ကနေ ics 4.0.4 ထိ ဘာပြဿနာမှ မရှိဘဲကောင်းကောင်းအဆင်ပြေပါတယ်။ ဖုန်းပေါ်က စာလုံးဒီဆိုင်းလေးတွေကိုလည်းသူများနဲ့မတူချင်ဘူးဆိုရင်လဲ zawgyi installer လာပေါ်ကနေ တိုက်ရိုက်ပြောင်းလဲ အသုံးပြုနိုင်ပြီးတော့ sony phone များအတွက် မြန်မာစာအမှန်ကိုလဲ ဖောင့်ရဲအောက်ဆုံးနားလေးမှာ ထည့်ပေးထားပါတယ်။ sony exeria ဖုန်းများအတွက် install zawgyi mobile ဆိုတဲ့ ခလုပ်ကလေးကိုနှိပ်ပြီးသွင်းနိုင်ပါတယ်။


 Sony မဟုတ်သောအခြားဖုန်းများအတွက်ကတော့ အပေါ်ဆုံးက install robto font ကို Install လုပ်ပါ ပြီးလျှင် ဖုန်းက exit for reboot ဆိုတာလေးကိုနှိပ်လိုက်ပါ။ ခဏနေလို့မှဖုန်းက reboot မကျဘူးဆိုရင်တော့ မိမိဖာသာ ဖုန်းကိုပါဝါပိတ်ပြီးပြန်ဖွင့်လိုက်ပါ မြန်မာဖောင့်သွင်းပြီးသားဖြစ်သွားပါပြီ။ ဖုန်းထဲက zawgyi installer ကိုဖွင့်လိုက်ရင် superuser request တောင်းမှာပါ allow ပေးလိုက်ပါ.ပြီးလျှင် install roboto font ဆိုတာလေးကို နှိပ်လိုက်ပါ။ font install လုပ်ပြီးသွားလျှင် exit for reboot ဆိုတာလေးကို နှိပ်လိုက်ပါ။ဖုန်းပြန်တတ်လာရင် mmkey ကိုဖုန်းထဲကို install လုပ်ပြီး setting ထဲက language and keyboard ထဲက myankey ဆိုတာလေးကို အမှတ်ခြစ်လိုက်ပါ။ ဒါဆိုရင်တော့ font ရော keyboard ရော သွင်းပြီးသွားပါပြီ။ အသုံးပြုချင်တယ်ဆိုရင်တော့ မိမိစာရိုက်မဲ့ အကွက်ထဲကို ခဏလေးဖိထားလျှင် input method ဆိုတာလေးပေါ်လာမှာပါ အဲဒါလေးကိုနှိပ်လိုက်ပါ ထို့နောက် myankey ဆိုတာလေးကို နှိပ်လိုက်ပါ ဒါဆိုရင်တော့ မြန်မာစာလုံးရိုက်ပြီး အသုံးပြုနိုင်ပါပြီ။ eng  to myan ပြောင်းရန်အတွက်ကတော့ ဘယ်ဘက်ထောင်မှာ ရှိတဲ့ အလံလေးကို နှိပ်ပြီး ပြောင်းလဲ အသုံးပြုနိုင်ပါတယ်ခင်ဗျာ ။ သူငယ်ချင်းအားလုံး အဆင်ပြေကြမှာပါ။




zawgyiinstaller and thuria.mmkey

Mdiafire

>>>  Download  <<<

Download ယူနည်းများ


 

 ဒီ Post လေးက သူငယ်ချင်းတို့အတွက် အဆင်ပြေတယ်ဆိုရင် FB Like လုပ်ပေးကြပါခင်ဗျာ... 
Like လုပ်ပေးခြင်းဖြင့် မိမိရဲ့ FB ပေါ်မှာ Post လေးရောက်သွားမှာပါ....
 ကျေးဇူးတင်ပါတယ်....



2 comment:

Unknown said...

သူငယ်ချင်းတွေ မေးနေကြလို့ ခိုးသွားပါတယ် (အဲ) ကူးသွားပါတယ်နော် ... အပိုင်သိမ်းဖို့ မဟုတ်ပါဘူး ပြန်လည်မျှဝေပေးဖို့ပါ .. ကျေးဇူးတင်ပါတယ်....:) ဒိထက်မက မျှဝေနိုင်ပါစေ....:) ဒီထက်မကလဲ အောင်မြင်ပါစေ.....:)

anzaw said...

ကျေးဇူးတင်ပါတယ် အရင်တုန်းကရှိတယ်ပျောက်သွားလို့တိုင်ပတ်နေတာ အခုမှပဲအဆင်ပြေတော့တယ်

Post a Comment

နည်းပညာ၊ Software နှင့် နည်းပညာ စာအုပ်များ မျှဝေရာ....
www.pyayblogger.com
မှကြိုဆိုပါတယ်....

Updates Via E-Mail

Popular Posts

Labels