မင်္ဂလာပါခင်ဗျာ.... ခုပြောပြမဲ့ဖုန်းလေးကတော့ လူသုံးအများဆုံး ဖုန်းတစ်လုံးဖြစ်တဲ့ huawei ရဲ့ U8818 ပါ။ version 2.3.6 ကနေ ICS 4.0.3 ကို တင်ပြီး အမြစ်တူးမဲ့နည်းလမ်းလေးပါ။ ICS 4.0.3 ကိုလည်း Huawei က နေ U 8818 အတွက် တရားဝင်ထုတ်ပေးထားတဲ့ offical version ဖြစ်လို့ စိတ်ချလက်ချ သုံးနိုင်ပါတယ်။ ဘာ error မှာ မရှိပါဘူး။ ပထမဆုံးအနေနဲ့ ics 4.0.3 firmware လေးကိုအောက်က ဒေါင်းလုပ် လင့်လေးမှ ဒေါင်းလိုက်ပါ။
(U8818,Android 4.0,V100R001C17B926) 329.00MB
ဒေါင်းပြီး သွားရင် တော့ zip ဖိုင်လေးကိုဖြည်လိုက်ပါ။ ဖြည်လိုက်တဲ့ အထဲ မှာ ဖိုင်သုံးဖိုင်ပါ ပါတယ်။ အဲဒီထဲမှာ dload ဆိုတဲ့ဖိုင်လေးကို sd card ထဲကိုထည့်ရမှာပါ။ sd card အမျိုးမျိုးအစားကောင်းကောင်းလေးတစ်ခုကို format ရိုက်ပြီးမှ dload ဆိုတဲ့ ဖိုဒါ တစ်ခုလုံးကိုထည့်ပါ ။ဖုန်းထဲကိုမထည့်ပါနဲ့အုံး sd card ပေါ်မှာပဲ ထားပါအုံး။ဖုန်းကို  USB Debugging အမှတ်ခြစ်ပါ။ပြီးလျှင် fast boot ဆိုတဲ့အမှတ်ကလေးကို ဖြုတ်ထားပါ။ ပြီးလျှင် ဖုန်းကို ပါဝါပိတ်ပါ။စိတ်ချရအောင် ဘက်ထရီပါ ဖြုတ်ထားပါ။ အဲဒီအချိန်မှာ dload ဖိုဒါထည့်ထားတဲ့ sd card ကိုဖုန်းထဲကိုထည့်ပါ။ ဘက်ထရီပြန်တပ်ပြီးပါ။4.0.3 တင်ရန်အတွက် အသံတိုးတဲ့ ခလုပ်ရယ် အသံကျယ်တဲ့ခလုပ် နှစ်ခုစလုံးကို ဖိထားရင်း ပါဝါ ခလုပ်ကိုပါ နှိပ်ထားလိုက်ပါ။ (volume up + volume down+ power ) ပါ။ ဒါဆိုရင် တော့ phone unzipping ဆိုပြီးတော့ step 1 ကနေ step 3 ထိသူဟာသူလုပ်သွားပါလိမ့်မယ် အချိန် အနည်းငယ်ကြာမြင့်နိုင်ပါတယ် အရမ်းကြီးတော့မကြာပါဘူး အလွန်ဆုံး ၅ မိနစ်ကနေ 10 မိနစ်အတွင်းပါပဲ။ အားလုံးပြီးသွားရင် ဖုန်းက reboot နှစ်ကြိမ် သုံးကြိမ်လောက် ကျမှပါ မစိုးရိမ် ပါနဲ့ ဘာမှ မဖြစ်ပါဘူး application installation ပြီးရင်တော့ ဖုန်းက၄.၀.၃ တင်ထားတဲ့ဖုန်းတစ်လုံးကို ပိုင်ဆိုင်သွားပါပြီး။ ဖုန်းပြန်တတ်လာရင်တော့  USB Debugging အမှတ်ကိုပြန်ပေးပါအုံး။ပြီးလျှင် fast boot ကအမှတ်ကလေးကိုလည်းပြန်ဖြုတ်ပါအုံး။ ပြီးရင်ဖုန်းကို usb cable နဲ့ချိတ်လိုက်ပါ။ ကွန်ပျူတာမှာ huawei usb driver တင်ထားဖို့တော့ လိုအပ်ပါတယ်။ adb interface ကိုလည်းသိရမှာပါ။ ဖုန်းထဲမှာ ပါပါတယ်။မသွင်းရသေးလျှင် သွင်းထားလိုက်ပါ. အားလုံးပြီးသွားရင်တော့ root ချမဲ့ဖိုင်လေးကိုဖွင့်လိုက်ပါ။ unlocbootloader.exe ဆိုတာလေးကို run လိုက်ပါ။အပေါ်ဆုံးက root ဆိုတာလေးကိုနှိပ်လိုက်ပါ message box ပေါ်လာရင် ok ကိုနှိပ်လိုက်ပါ။ ဘာခလုပ်ကိုမှ ထပ်နှိပ်စရာမလိုတော့ပါဘူး ဒါဆိုရင် တော့ မိမိရဲ့ဖုန်းထဲမှာ superuser ဆိုတဲ့ အရိုးခေါင်းလေး ပေါ်လာပြီးတော့ root ဖုန်းတစ်လုံးကို သူငယ်ချင်းတို့ ပိုင်ဆိုင်သွားပါပြီ။ အားလုံးပဲ အဆင်ပြေကြမယ်ထင်ပါတယ်။ အောက်မှာဒေါင်းလိုက်ပါ ။root ဖိုင်လေးကိုတော့
u8818.android 4.0.3 root 
Mdiafire 
 ဒီ Post လေးက သူငယ်ချင်းတို့အတွက် အဆင်ပြေတယ်ဆိုရင် FB Like လုပ်ပေးကြပါခင်ဗျာ... 
Like လုပ်ပေးခြင်းဖြင့် မိမိရဲ့ FB ပေါ်မှာ Post လေးရောက်သွားမှာပါ....
 ကျေးဇူးတင်ပါတယ်....

 
 Facebook
Facebook




 
 
 
 
 
 
 
 
 
 
7 comment:
အကိုရေ...
အခု ICS 4.0.3 တင်ပြီးတော့ Viber တင်လို့မရဘူးဖြစ်နေတယ်
နောက်တစ်ခုက Google application ကို Recovery Mode က Install လုပ်တာလဲအဆင်မပြေဘူး..
ကူညီပါဦး..
sainawhlyan@gmail.com
version 4.0.3 မှာ viber ကို version 2.2.2 နဲ့မ၇ပါဘူး.. viber 2.1.1 နဲ့ဆိုအဆင်ပြေပါတယ်
အစ်ကိုရေ ဆိုဒ်လေးမှာ ပြန်ရှယ်လိုက်ပြီနော် ခွင့်ပြုနော်
အကိုေ၇့ huawei u8818 version 4.03 တင် တာ update appfile ကို sd card ထဲ က နေ ဖုန်း ထဲ ထည့် တာ volume+နှင့်- ခလုတ် နဲ့ powerbutton ကို တွဲ နှိပ် တာ ပန်းေ၇ာင် screen ပြင် ချည်း ပဲ ဖြစ် နေ တယ် ကူ ညီ ပါ အုံး
အကိုရေ Root မရဘူး ကူညီပါဦးနော်
Google application ကို Recovery Mode က Install လုပ်တာလဲအဆင်မပြေဘူး..
ကူညီပါဦး
Download ဆွဲလို့ရပြီ
Post a Comment
နည်းပညာ၊ Software နှင့် နည်းပညာ စာအုပ်များ မျှဝေရာ....
www.pyayblogger.com
မှကြိုဆိုပါတယ်....