Powered by Blogger.
 
 
29.9.12

Gmail အကောင့်မှာ 2-step verification သုံးထားသူများအတွက် Gtalk အသုံးပြုနိုင်မယ့် နည်းလမ်းလေးကို မျှဝေချင်ပါတယ်

မင်္ဂလာပါခင်ဗျာ.... Gmail အကောင့်လုံခြုံရေးအတွက် စိတ်အချရဆုံးဖြစ်တဲ့ 2-step verification နည်းလမ်းလေးကို ဒီနေရာမှာ တင်ပြခဲ့ပါတယ် .. အဲဒီမှာ User တွေဆီကနေ အဲဒီနည်းလမ်းကို သုံးလိုက်တဲ့အတွက် Gtalk သုံးလို့မရတော့ဘူးလို့ အသံတွေပြန်ကြားရပါတယ် .. မှန်ပါတယ် .. အဲဒီနည်းလမ်းဟာ Gtalk အသုံးပြုလို့မရပါဘူး .. ဒါပေမယ့် ပြန်လည် ချိန်ညှိပေးလို့ရတဲ့ နည်းလမ်းတော့ရှိပါတယ်။ ကျွန်တော်လည်း ကျွန်တော့်ရဲ့ Document ကို ရှည်လျားသွားမှာစိုးတဲ့အတွက် တစ်ဆက်တည်း မတင်ပြလိုက်မိတာ တောင်းပန်ပါတယ် .. Comment တွေမှာ ရှင်းပြဖို့ အခက်အခဲရှိတဲ့အတွက် နောက်ထပ် Document တစ်ခုအနေနဲ့ ဖြည့်စွက်တင်ပြလိုက်ပါတယ် .. ကဲ .. စလိုက်ကြစို့ ..။


ပထမဆုံး ကိုယ့်ရဲ့ Gmail အကောင့်ကို Sign in ၀င်လိုက်ပါ။ အကောင့် Name ဘေးက Sign Out လုပ်တဲ့နာမှာရှိတဲ့ Account ဆိုတာကိုနှိပ်ပြီးဝင်လိုက်ပါ .. အရင်ကအဆင့်တွေအတိုင်းပဲ Security ကိုထပ်ဝင်လိုက်ပါ .. အောက်ကပုံလို ပေါ်လာတာကိုတော့ 2-step verification လုပ်စဉ်ကတည်းက မြင်ဖူးခဲ့ကြမှာပါ ..



အဲဒီထဲက Authorizing Applications and sites ဆိုတဲ့ row buttom ဘေးက Edit ကိုနှိပ်လိုက်ရင် Sign In ၀င်းဒိုးအသစ်တစ်ခုတက်လာတဲ့အခါ ကိုယ့်ရဲ့ Gmail အကောင့်သုံးတဲ့ Password ကိုရိုက်ထည့်ပြီး Verify ကိုနှိပ်ပေးလိုက်ရင် အောက်ကပုံအတိုင်း ပွင့်လာပါမယ် 
 

 
 
အဲဒီထဲက Name ရဲ့ဘေးမှာရှိတဲ့ Box လေးထဲမှာ Google Talk လို့ရိုက်ထည့်ပြီး Generate Password ဆိုတဲ့ Buttom လေးကို နှိပ်ပေးလိုက်ပါ .. အဲဒီအခါ အောက်ကပုံအတိုင်း Gtalk သုံးဖို့ Sign in ၀င်တဲ့အခါ Password နေရာမှာ ရိုက်ထည့်ရမယ့် Password ကိုထုတ်ပေးပါလိမ့်မယ် .. စုစုပေါင်း ၁၆လုံး ရှိပါတယ် ..



အဲဒီ Password လေးကို မှတ်ထားပြီးရင် Done ဆိုတဲ့ Buttom လေးကို နှိပ်လိုက်ပါ .. ပြီးရင်တော့ အဲဒီ  Tag ကို Close လုပ်ချင်လုပ် Sign Out လုပ်ချင်လုပ်လိုက်ပါ .. ကိုယ့်ရဲ့ Gtalk ကို Sign In လုပ်တဲ့အခါ မှတ်ထားတဲ့ Password လေးကို ထည့်ပေးပြီး Sign In လုပ်လိုက်ပါ . အဆင်ပြေသွားတာကို တွေ့ရမှာပါ .. အကြောင်းကြောင်းကြောင့် အဲဒီ Password ကိုမေ့သွားခဲ့ရင်လည်း အပေါ်က အဆင့်တွေအတိုင်း ပြန်လုပ်လိုက်ရင် နောက်ထပ် Password အသစ်တစ်ခုကို ထုတ်ပေးမှာပါ .. အဲဒီ Password ထုတ်ပေးတဲ့ Page ရဲ့အောက်နားမှာရှိတဲ့ စာကြောင်းလေးရဲ့ နောက်ဆုံးမှာ Revoke ဆိုတဲ့ အပြာရောင် စာလုံးလေးကတော့ ကိုယ့်ရဲ့အရင်အသုံးပြုခဲ့တဲ့ Gtalk  အတွက် Password ကို ရုပ်သိမ်းလိုတဲ့အခါမှာ နှိပ်ရမယ့် Link လေးပါပဲ .. ကဲ .. အားလုံး အဆင်ပြေနိုင်ကြပါစေဗျာ ..
 
 
 
IT ၀ါသနာရှင်တိုင်းကို  လေးစားချစ်ခင်လျှက်
 အိုင်တီမုဆိုး







2 comment:

Unknown said...

ကိုပြည့်ဖြိုးရေ ပုံလေး နည်းနည်းလောက်ကြီးထားရင် ပိုကောင်းမယ် သိပ်မမြင်ရလို့ပါ

Unknown said...

အစ်ကိုရေ huawei T8830 အတွက် gmail gtalk သုံးလို့
ရအောင်ဘယ်လိုလုပ်ကမလဲဟင်
maythukhing2014@gmail.com

Post a Comment

နည်းပညာ၊ Software နှင့် နည်းပညာ စာအုပ်များ မျှဝေရာ....
www.pyayblogger.com
မှကြိုဆိုပါတယ်....

Updates Via E-Mail

Popular Posts

Labels