ပထမဆုံး မှတ်ချက် အနေနဲ့ကတော့ ဖုန်းကို root လုပ်ထားရပါ့မယ်။ root ဖြစ်ပြီးသားဆိုရင်လည်းရပါတယ်။ လိုအပ်တဲ့ software တွေကိုဖော်ပြပေးပါမယ် ... fontchanger / busybox / Root Explore / iTextmm2 keyboard / DroidSansFallback.ttf အဲဒီ 5 မျိုးကိုအသုံးပြုရပါမယ် ။ 5 မျိုးစလုံးလည်း တစ်ခါတည်းပေါင်းတင်ပေးလိုက်တယ် ... အောက်ကလင့်မှာ ဒေါင်းပြီး ဖော်ပြထားတဲ့နည်းလေး အတိုင်းလုပ်နိုင်ပါတယ် ...
မြန်မာဖောင့်ထည့်နည်းလေးကတော့ ....
၁- ဒေါင်းပြီးသား ဖိုင် 5 ခုလုံးကို sd ကဒ်ထဲ ထည့်လိုက်ပါ။
၂- filemanager ကနေ fontchanger , busybox, root explore, iTextmm2 keyboard လေးမျိုးကို တစ်ခုချင်းစီ install လုပ်ပါ။
၃- တစ်ခုစီ install လုပ်ပြီးတိုင်း Sueruser premission တောင်းလျှင် allow လုပ်ပေးပါ။
၎- မတောင်းဘူးဆိုရင်လည်း ဖုန်းထဲမှာ မိမိသွင်းထားတဲ့ဖိုင်ကို ဖွင့်ကြည့်ပါ
အဲဒီအခါကြရင်တောင်းပါလိမ့်မယ်။တောင်းရင်တော့ allow ပေါ့နော်။
အဲဒီအခါကြရင်တောင်းပါလိမ့်မယ်။တောင်းရင်တော့ allow ပေါ့နော်။
၅- busybox ကိုဖွင့်လျှင် အောက်ဆုံးမှာ install ဆိုတာလေးကိုနှိပ်ပေးပါ။ အပေါ်မှာ Done ဆိုတာလေးကို မြင်ရင် busybox ကိုပိတ်လိုက်ပါ။
၆- မြန်မာဖောင့်သွင်းရန်အတွက် ဖုန်းထဲက root explore ကိုဖွင့်ပါ ပြီးလျှင် sdcard ကိုရှာပြီးနှိပ်လိုက်ပါ
၇- အဲဒီထဲမှာ ခုနက sdcard ထဲကိုထည့်လိုက်တဲ့ DroidSansFallback.ttf ကို ခဏဖိထားပါ box ကျလာပါလိမ့်မယ် အဲဒီ box ထဲမှာ copy ဆိုနာမည်လေးကို နှိပ်လိုက်ပါ။
၈-ပြီးရင် အပေါ်ကိုပြန်ဆွဲကြည့်ပါ fontchanger folder လေးတွေ့ရင် ဖွင့်ပြီး paste လုပ်လိုက်ပါ။ ထို့နောက် root explore လာကို ပိတ်လိုက်ပါ။
၉- ဖုန်းထဲက fontchanger ဆိုတဲ့ application ကိုဖွင့်လိုက်ပါ ခုနက paste လုပ်ထားသောDroidSansFallback.ttfကို တွေ့မှာပါ။DroidSansFallback.ttfကိုနှိပ်လိုက်ပါ apply, preview,cancel သုံးခုထဲက apply ကို ရွေးပါ။
မှတ်ချက်
၁၀-rebootnow နှင့် reboot later ပေါ်လာလျှင် ဘာမှ မနှိပ်ပဲ ဖုန်းကို ပါဝါပိတ်ပြီးထားလိုက်ပါ။ တစ် မိနစ်လောက်နေမှ ဖုန်းကိုပြန်ဖွင့်ပါ။ rebootnow ကိုနှိပ်လိုက်လို့ အဆင်မသင့်ရင် firmware တတ်မလာတတ်ပါဘူး ဒါကြောင့်ပါဝါပိတ်ခိုင်းတာပါ။
rebootnow ကိုမနှိပ်ပဲ ဖုန်းကို ပါဝါပိတ်တယ် ဆိုရင်တော့ ဘာပြသနာမှ မရှိပါဘူး စိတ်ချလက်ချ လုပ်ပါ။ ကျွန်တော်တော့ တော်တော်များလုပ်ပြီးပါပြီ။အားလုံးအဆင်ပြေပါတယ်။ သူငယ်ချင်းအားလုံးလည်း အဆင်ပြေမှာပါ။ ဆော့ဝဲလ်တွေကိုတော့ အောက်က လင့်မှဒေါင်းယူနိုင်ပါတယ်။ ငါးမျိုးလုံးကို တစ်ခါတည်း ထည့်ပေးထားပါတယ် ဟိုတစ်ခု ဒီတစ်ခု လိုက်မဒေါင်းရပါဘူးနော်... အရေးအသားမကောင်းရင် တော့ နားလည်ပေးစေချင်ပါတယ် ။
Fontchanger ကို သုံးပြီး မူရင်း Font မပျောက်အောင် မြန်မာ Font ထည့်နည်း
0 comment:
Post a Comment
နည်းပညာ၊ Software နှင့် နည်းပညာ စာအုပ်များ မျှဝေရာ....
www.pyayblogger.com
မှကြိုဆိုပါတယ်....