Powered by Blogger.
 
 
27.4.12

Macrium Reflect Professional 5.0.4522


Macrium Reflect Professional 5.0.4522 | 28.53 MB

ဒီကောင်လေးကတော့ Window Backup လုပ်ပေးတဲ့ ကောင်လေးပါ။ ခုမှ ကွန်ပျူတာ စသုံးတဲ့ သူငယ်ချင်းများအတွက် Window Backup ဆိုတာကို စိမ်းနေမှာ စိုးလို့ အဲဒီအကြောင်းလေး နည်းနည်းတော့ ပြောဖို့လိုမယ်ထင်ပါတယ်။ သိပြီးသား သူငယ်ချင်းများကတော့ နည်းနည်းလေး သည်းခံပေးဖို့ တောင်းပန်ပါတယ်။ အရှင်းဆုံးပြောရရင်တော့ Window Backup လုပ်တယ်ဆိုတာကတော့ ကိုယ့်ရဲ့ ကွန်ပျုတာက Hard drisk ထဲက windows os တင်ထားတဲ့ C:\ တစ်ခုလုံးကို တခြားလွတ်နေတဲ့ D:\ ထဲမှာ copy ကူးထည့်ထားတဲ့ သဘောပါပဲ။ system error တစ်ခုခုကြောင့် windows ပြန်တက်မလာတဲ့အခါ၊ စက်ကို windows ပြန်တင်ရမယ့် အခြေအမျိုးမှာ windows ပြန်မတင်ရအောင် လုပ်ဆောင်ပေးနိုင်မယ့် လုပ်ဆောင်ချက်မျိုးပါပဲ။ ပြီးတော့ တကယ်လို့ windows ပြန်တင်ရမယ်ဆိုရင် ကိုယ်အသုံးပြုနေကျ program တွေကို အစကနေအဆုံး ပြန်တင်ရမှာ ဖြစ်ပေမယ့်.....windows backup လုပ်ထားခြင်းအားဖြင့် ဆော့(စ်)တွေ အစကနေအဆုံး ပြန် run ရတဲ့ ဒုက္ခကလည်း ကင်းဝေးမှာ ဖြစ်ပါတယ်။
windows backup လုပ်မယ်ဆိုရင် ပထမဆုံး windows တင်ပြီးတဲ့အခါမှာ ကိုယ်အသုံးပြုမယ့် ဆော့(စ်)၀ဲတွေကို စိတ်ကြိုက်တင်ထားရမှာဖြစ်ပြီး၊ အားလုံးပြီးတဲ့အခါမှာတော့ windows backup လုပ်ပြီး၊ တခြားလွတ်နေတဲ့ အခြမ်းတစ်ခုခုမှာ သိမ်းထားလိုက်ရုံပါပဲ။ windows backup လုပ်တဲ့ လုပ်ဆောင်ချက်ဟာဆိုရင် windows မှာ နဂိုကတည်းက ပါပြီးသားပါ။ ဒါပေမယ့် computer စသုံးစ သူငယ်ချင်းတွေအတွက်တော့ ဆော့(စ်)၀ဲနဲ့ လုပ်တာ ပိုပြီးအဆင်ပြေမလားလို့ပါ။ လိုအပ်တဲ့ သူငယ်ချင်းများ အောက်ကလင့်မှာ ဒေါင်းနိုင်ပါပြီ။ အားလုံးအဆင်ပြေပါစေ။ 






0 comment:

Post a Comment

နည်းပညာ၊ Software နှင့် နည်းပညာ စာအုပ်များ မျှဝေရာ....
www.pyayblogger.com
မှကြိုဆိုပါတယ်....

Updates Via E-Mail

Popular Posts

Labels