Powered by Blogger.
 
 
23.4.12

ကွန်ပျူတာ အချိန်ကြာမြင့်စွာ အသုံးပြုရသူများအတွက် F.LUX

F.LUX (548KB)
ဒီကောင်လေးကတော့ ကွန်ပျူတာကို အချိန်ကြာမြင့်စွာ အသုံးပြုရတဲ့ သူငယ်ချင်းတွေအတွက် ရည်ရွယ်ပါတယ်ဗျာ။ ဒီကောင်လေးက ကွန်ပျူတာကို အချိန်ကြာမြင့်စွာ အသုံးပြုတဲ့အခါ အရင်ဆုံး ထိခိုက်နိုင်တဲ့ ကိုယ့်ရဲ့ မျက်လုံးကို ဘေးမသီရန်မခအောင် ကာကွယ်မူပေးနိုင်တဲ့ ဆော့(စ်)၀ဲလေးပါပဲ။
ဟိုအရင်တုန်းကတော့ ကွန်ပျူတာရဲ့ တောက်ပတဲ့ အလင်းရောင်တွေကို ကာကွယ်ဖို့အတွက် အလင်းအားလျှော့ချပေးတဲ့ Glass တွေကို တပ်ဆင်အသုံးပြုခဲ့ရတာပါ။ ဒီကောင်လေးက အဲဒီGlass တွေနေရာမှာ အပြည့်အ၀ အစားထိုးနိုင်ပါတယ်။ အသုံးပြုရတာလဲ လွယ်ကူပါတယ်။ Setting ကိုလဲ ကိုယ်လိုသလို ပြောင်းလဲ အသုံးပြုနိုင်ပါသေးတယ်။ ဒီကောင်လေးက နေ့ဘက်၊ညဘက် အချိန်တွေနဲ့ ချိန်ဆက်ပြီး အလုပ်လုပ်မှာ ဖြစ်တာကြောင့် ကိုယ့်ရဲ့ ကွန်ပျူတာက အချိန်ကို ကိုယ်တည်ရှိနေတဲ့ Location အတိုင်း ထားပေးဖို့ပဲလိုတာပါ။ အဲဒီ နေထွက်၊ နေ၀င်ချိန်တွေလိုက်ပြီး သင့်တင့်လျောက်ပတ်တဲ့ အလင်း၊ အမှောင်ကို ချိန်ညှိပေးမှာဖြစ်ပါတယ်။  ပြီတော့ ကိုယ်အသုံးမပြုလိုတော့တဲ့အခါမျိုးမှာ Disable လုပ်ထားလို့ရပါတယ်။ LED Screen လို အလွန်တောက်ပတဲ့ Screen ကို အသုံးပြုတဲ့ သူငယ်ချင်းများအတါက် အထူးသင့်လျော်ပါတယ်။ ကဲ...သူငယ်ချင်းများ...စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ အောက်ကလင့်မှာ ဒေါင်းလုပ်ရယူနိုင်ပါပြီဗျာ။ အားလုံးအဆင်ပြေပါစေ။


0 comment:

Post a Comment

နည်းပညာ၊ Software နှင့် နည်းပညာ စာအုပ်များ မျှဝေရာ....
www.pyayblogger.com
မှကြိုဆိုပါတယ်....

Updates Via E-Mail

Popular Posts

Labels

 
world time
© 2011 by Daily Updates Free Blogger Templates DheTemplate and Theme 2 Blog