Powered by Blogger.
 
 
26.4.12

Window XP မှာ Administrator password မေ့သွားရင်

ဒီနည်းလမ်းလေးကို သိကြသူများလည်းရှိမှာ မသိသေးသော သူများအတွက် ပြန်လည်ဝေမျှတာပါ။
အရင်ဆုံး window xp ခွေ နဲ့ boot တတ်လိုက်ပါ။ဝင်းဒိုး install လုပ်မလား repair လုပ်မလားလို့မေးရင် enter ခေါက်လိုက်ပါ။ license agreement ကို F8 နှိပ်ပြီး agree လုပ်လိုက်ပါ။ထိုနောက်
ဝင်းဒိုးတင်ပြီးသားရှိတယ် အသစ်တင်မလား repair လုပ်မလား မေးရင် R ကိုနှိပ်လိုက်ပါ။ဖိုင်တွေကို copy ကူးပြီး restart ကျသွားပါလိမ့်မယ် ပြန်တတ်လာရင် loading bar အောက်နားမှာ hardware installation ဆိုတာစာသားကိုတွေ့ရင် shift key + F10 ကိုနှိပ်လိုက်ပါ။ command prompt တတ်လာရင် nusrmgr.cpl
ကိုရိုက်ပြီး enter ခေါက်လိုက်ပါ။ account box တတ်လာရင် administrator ကိုနှိပ်လိုက်ပါ။ ပြီးရင်တော့ change password ကိုနှိပ်ပြီး ကိုပေးချင်တဲ့ password ကိုပေးလိုက်ပါ။ပြီးရင် exit နဲ့ထွက်လိုက်ပါ။ window repair ကို ပြီးအောင်ထားလိုက်ပါ။ ဒါဆိုရင်တော့ အားလုံးအဆင်ပြေသွားပါပြီ။ ပထမတင်ထားတဲ့ဝင်းဒိုးနဲ့ service pack နဲ့တော့ တူမှ ရမှာပါ။သူငယ်ချင်းအားလုံး အဆင်ပြေကြမှာပါ။

0 comment:

Post a Comment

နည်းပညာ၊ Software နှင့် နည်းပညာ စာအုပ်များ မျှဝေရာ....
www.pyayblogger.com
မှကြိုဆိုပါတယ်....

Updates Via E-Mail

Popular Posts

Labels