မင်္ဂလာပါခင် ခုနောက်ပိုင်းထွက်ဖုန်းတစ်လုံးဖြစ်တဲ့ GT-I9082 တွက် samsung က 
myanmar စာ ပါတဲ့ firmware ကိုထုတ်ပေးလိုက်ပါပြီခင်ဗျာ။ Root 
လုပ်စရာလဲလိုတော့ဘူး မြန်မာစာလည်းမှန်သွားပြီ setting ထဲမှာပါ 
မြင်ရပြီဆိုတော့ စိတ်ချမ်းသာရပါပြီခင်ဗျာ။ ဒါဆိုရင်တော့ အဲဒီ firmware 
ကိုတင်ဖို့ လုပ်မယ်လေ မလုပ်ခင်လိုတာလေးတွေ ဒေါင်းမယ်နော်....
>> Download <<
Odin
>> Download <<
Driver
>> Download << 
ဒေါင်းပြီးသွားရင်တော့ တင်ဖို့စကြမယ်နော်....
အရင်ဆုံးဖုန်းကို အားပြည့်အောင်သွင်းပါ.. usb debug နဲ့ Unknow source ကို 
On ပြီးပါဝါပိတ်လိုက်ပါ။ ခဏနေရင် home + vol down + power နှိပ်ပြီး 
continue ပေါ်လာရင် vol up ကိုတစ်ချက်နှိပ်ပေးလိုက်ပါ။ Download mode 
တတ်လာပါပြီ။
ပြီးရင် ကွန်ပျူတာနဲ့ချိတ်ပေါ့ ခါတိုင်းတင်နေကြပုံစံအတိုင်းပါ။ Pdaဆို 
နေရာမှာ ဒေါင်းထားတဲ့ firmware လေးကို 
ဖြည်ပြီးI9082XXAMF5_I9082OLBAMG1_I9082XXAME2_HOME.tar.md5 
ဆိုတဲ့ဖိုင်လေးထည့်ပေးပါ။ ပြီးရင် re-partition ကိုအမှတ်မခြစ်ပါနဲ့ 
မခြစ်ဘူးဆိုရင် odin က start သာနှိပ်လိုက်ပါ။ တင်နေပါလိမ့်မယ် pass 
ပြသွားပြီဆိုရင်လည်း ဖုန်းပြန်တတ်လာတဲ့အထိစောင့်ပြီးမှ ကြိုးဖြုတ်လိုက်ပါ။ 
မြန်မာစာပါသော firmware ကိုတင်လို့ပြီးသွားပါပြီ။
ပုံလေးနဲ့မပြတော့ဘူးနော် ပုံလေးကိုကြည့်ချင်ရင်တော့ ပထမ samsung 
ဟောင်းတွေမှာ တင်ထားတာနဲကအတူတူပါပဲခင်ဗျာ ။ လုပ်နေကြပုံစံလေးဖြစ်လို့ 
တင်မပေးတော့ပါဘူးခင်ဗျာ။
 Fimrware ဒေါင်းလို့အဆင်ပြေအောင်လို့ ကိုစိုင်းမောင်မောင် တင်ပေးထားသော mediafire လင့်လေးကိုထည့်ပေးထားပါတယ်ခင်ဗျာ။

 
 Facebook
Facebook




 
 
 
 
 
 
 
 
 
 
0 comment:
Post a Comment
နည်းပညာ၊ Software နှင့် နည်းပညာ စာအုပ်များ မျှဝေရာ....
www.pyayblogger.com
မှကြိုဆိုပါတယ်....