Powered by Blogger.
 
 
5.4.13

Window 7 မှာ အခြားသော partation တွေကို Share ပေးမယ်

ခုဖော်ပြပေးမဲ့နည်းလမ်းလေးကတော့ ကျွန်တော် ကိုယ်တိုင်တော်တော်လေးကို ရွာလည်ခဲ့ဘူးပါတယ်။ window7 မှာ window xp ထက် security ပိုင်းမှာ ပိုမိုကောင်းမွန်တဲ့အတွက် share ပေးတဲ့နေရာမှာတော့ နည်းနည်းလေး ရှုပ်တွေးပါတယ်။ သူ့ရဲ့ security တွေ လိုက်ပြင်နေရတာ ရွာလည်နေခဲ့တာပါ ခုတော့ ကျွန်တော် share ပေးလို့အောင်မြင်သွားတဲ့နည်းလမ်းလေးကို ဖော်ပြပေးမှာပါ။ Microsoft ကတော့ အဲဒီ ပြသနာကိုပြေလည်စေဖို့ Default အနေနဲ့ ဖိုဒါ တစ်ခုကို share ပေးထားပါတယ်။ ကို share ပေးချင်တဲ့ ဖိုင်တွေကို အဲဒီ ဖိုဒါ ထဲကိုထည့်ပေး share လုပ်နိုင်ပါတယ်။
ဖိုင်နည်းရင်တော့ ပြသနာမဟုတ်ဘူးပေါ့ခင်ဗျာ။ ဖိုင်တွေ အများကြီး share လုပ်ချင်တယ်ဆိုရင်တော့ အလုပ်ရှုပ်တာပေါ့ခင်ဗျာ။ အဲဒီလိုပြသနာကို ပြေလည်စေဖို့ ပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။ 
Window7 မှာ Default ပေးထားသော ဖိုဒါလေးကတော့ C:\Users\Public ခုဖော်ပြပေးထားတဲ့ဖိုဒါလေးပါ။
တစ်ခုတော့ရှိပါတယ် အဲဒီဖိုဒါကို သုံးချင်တယ်ဆိုရင်တော့ window open network and sharing center ဆိုတဲ့အထဲမှာ ပြင်ဆင်ရမှာဖြစ်ပါတယ်။ default ဖိုဒါလေးကို ပုံလေးမှာ ကြည့်လိုက်ပါ။

Sharing Center ကို ပြင်ဆင်ဖို့အတွက်ကတော့ start ဘားရဲ့ ညာဘက်ထောင့်က network ico လေးကိုထောက်လိုက်ပါ။ ပြီးရင်တော့ Open Network and Sharing Center ဆိုတဲ့ စာသားလေးကိုနှိပ်ပြီးဝင်လိုက်ပါ။ အဲဒီ page ကိုရောက်သွားပြီးဆိုရင်တော့ မိမိတို့အသုံးပြုတဲ့ network group ကိုရွေးပြီး ပြင်ဆင်ရမှာပါ ။ work group နဲ့ public  ဆိုပြီးနှစ်ခုရှိပါတယ်။
ပုံလေးကို ကြည့်လိုက်ကြမယ်လေနော်

နှိပ်ပြီးသွားရင်ဆိုရင်တော့ page တစ်ခုပွင့်သွားမှာပါ အဲဒီ page ထဲက Change Advanced Sharing Settings ဆိုတဲ့စာသားလေးကိုနှိပ်လိုက်ပါ။
 နောက်တစ်ပုံထပ်ကြည့်ကြမယ်နော်

နှိပ်ပြီးသွားရင်တော့ အောက်ကပုံလေး ထပ်လာမှာပါ။

 မိမိအသုံးပြုထားတဲ့ group ကိုရွေးထားပြီးပြီဆိုရင်တော့ အောက်က အမှတ်ကလေးတွေကို ပြင်ဆင်ပါ့မယ်
အလွယ်ဆုံးနည်းလမ်းလေးကတော့ အားလုံးကို On ထားပြီး Passord protected Sharing ကို off ထားလိုက်ပါ။

အောက်မှာရှိပါသေးတယ် 

အားလုံးပြင်ဆင်ပြီးသွားပြီးဆိုရင်တော့ Save Change ဆိုတဲ့ခလုပ်ကလေးကိုနှိပ်လိုက်နော်။
ပြီးရင်တော့ မိမိ share ပေးချင်သော partation ကိုရွေးပြီး right click properites ကို နှိပ်လိုက်ပါ။

properties ကိုကြည့်ရင်ပုံ

နှိပ်ပြီးသွားရင်တော့ box ကလေးတစ်ခုကြလာပြီးဆိုရင် sercurity ဆိုတဲ့ ခေါင်းစဉ်လေးကိုအရင်ဆုံးနှိပ်လိုက်ပါ။ အဲဒီခေါင်းစဉ်အောက် အောက်က edit ဆိုတာကိုနှိပ်လိုက်ပါ။


edit ကိုနှိပ်ပြီး အထဲမှ အားလုံးကို remove လုပ်လိုက်ပါ။
ရှိသမျှလေးမျိုးလုံး remove လုပ်ပြီးသွားပြီး ဆိုရင်တော့ Add ဖိုင်လေးကို နှိပ်ပြီး Everyone ဆိုတဲ့ နာမည်လေးနဲ့ permissions ပေးဖို့ ပြုလုပ်ပါ့မယ်ခင်ဗျာ။နာမည်ပေးပြီးရင်တော့ Ok နှိပ်ပါ့မယ်။


Ok နှိပ်ပြီးသွားပြီဆိုရင်တော့ permissions ကို full control ကိုတို့အမှတ်လေးခြစ်ပေးလိုက်ပါ။ အောက်မှာရှိဒါလေးတွေ ဆက်ပေးပေါ့ခင်ဗျာ။
ပြီးရင်တော့ Apply / Ok ပေါ့ခင်ဗျာ။
 နောက်ထပ် Sharing ဆိုတဲ့ခေါင်းစဉ်လေးကို ထပ်ရွေးလိုက်ပါ။ Share ဖွင့်ပေးဖို့ စတင်ပါတောမယ်။
အဲဒီ page လေးကျလာပြီဆိုင်တော့ Advanced Sharing ဆိုတဲ့ စာသားနဲ့ ခလုပ်ကလေးကိုနှိပ်ထပ်နှိပ်လိုက်ပါ။

ပြီးသွားရင်တော့ ထပ်နားလေးက Sharing this folder ဆို အမှတ်ကလေးခြစ်ပြီး permission ဆိုတဲ့ ခလုပ်လေးကို ထပ်နှိပ်လိုက်ပါ။

ပြီးရင်တော့ permissions for Everyone အောက်က အမှတ်တွေ ခြစ်ပြီး apply / ok နှိပ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ အားလုံး အိုကေသွားပါပြီခင်ဗျာ။

မိမိပေးထားသော drive ကိုကြည့်လိုက်ပါ လူနှစ်ယောက်ပုံလေးနဲ့ ပေါ်နေပါပြီ ကွန်ပျူတာနှစ်လုံးကို network ချိတ်ပြီး ဖိုင်တွေ ကူးကြည့်လို့ရပါပြီခင်ဗျာ ၊ ကူယူမဲ့ ကွန်ပျူတာကိုလည်း open network and sharing center ထဲမှာ ၀င်ပြင်ပေးလိုက်ပါအုံးနော်။ တစ်ဖတ်ကပွင့်နေပြီး တစ်ဖတ်က လည်း network ကိုဖွင့်ပေးထားလိုက်ပါ။ အားလုံး အဆင်ပြေသွားမှာပါ။ ဒီလောက်ဆိုရင်တော့ သူငယ်ချင်းအားလုံး ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် သူငယ်ချင်းအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။

0 comment:

Post a Comment

နည်းပညာ၊ Software နှင့် နည်းပညာ စာအုပ်များ မျှဝေရာ....
www.pyayblogger.com
မှကြိုဆိုပါတယ်....

Updates Via E-Mail

Popular Posts

Labels