Powered by Blogger.
 
 
29.1.13

Android Root နဲ့ပါတ်သက်သော သိထားသင့်တဲ့အခေါ်အဝေါ်များ

Android နဲ့ပါတ်သက်တဲ့ Root လုပ်ရာမှာခေါ်တဲ့ အခေါ်အဝေါ်တစ်ခုချင်းစီကိုဖော်ပြပေးမှာဖြစ်ပါတယ်။ ဒီအခေါ်အဝေါ်တွေဟာ Android Device တွေကို Root လုပ်ရာမှာအများဆုံးတွေ့ရတဲ့အပြင် Android လောက မှာအများဆုံးသုံးကြပါတယ်။ ဒါပေမယ့် ဒီခေါ်အဝေါ်တွေကို သာမန်Android Device တွေကိုအသုံးပြုတဲ့ လူတစ်ယောက်ကသိနိုင်ဖို့ခတ်ခဲပါတယ်။ ဒါကြောင့်အခု လိုတစ်စုတစ်စည်းထဲဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။ အလွန်အကျိုးရှိမယ်လို့လဲထင်ပါတယ်ခင်ဗျာ ..။


1. ADB

ADB လို့ခေါ်တဲ့ Android Debug Bride (သို့) Android Debug Mode ဟာဆိုရင် ကျွန်တော်တို့အသုံးပြုနေတဲ့ computer ကနေတစ်ဆင့် ကျွန်တော်တို့ရဲ့ Android Device တွေကို ချိတ်ဆက်ပေးတဲ့ command line tool တစ်ခုဖြစ်ပါတယ်။ ADB ဟာ Android SDK (Software Development Kit) ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး root လုပ်ရာမှာအသုံးပြုတဲ့ tool တစ်ခုဖြစ်ပါတယ်။ ADB ကိုသုံးတဲ့အခါ Android Commands တွေကိုထည့်သွင်းရမှာဖြစ်ပြီး အစောပိုင်း Android Device တွေကို Root လုပ်ချင်တဲ့အခါ commands တွေကတစ်ဆင့်ပြုလုပ်ရပါတယ်။

2. AOSP

Android Open Source Project ရဲ့အတိုကောက်ဖြစ်ပါတယ်။ များသောအားဖြင့် ROM (Read Only Memory) တွေရဲ့ ဖော်ပြချက်တွေမှာတွေ့ရှိရပါတယ်။ AOSP ဟာများသောအားဖြင့် Android Device တွေမှာသုံးတဲ့ ROM တွေဟာ Google ကပေးတဲ့ ဘယ် Android Source Code ပေါ်မှာမူတည်ပြီးထုတ်ထားသလဲဆိုတာကိုဖော်ပြပါတယ်။

3. Bootloader

Bootloader ဆိုတာကတော့ ကျွန်တော်တို့အသုံးပြုနေတဲ့ Android Device တွေမှာသုံးတဲ့ lowest level software တစ်ခုဖြစ်ပြီး Android Operating System စတင်ဖို့အတွက်လိုအပ်တဲ့လုပ်ဆောင်ချက်တွေကိုပြုလုပ်ပေးပါတယ်။ များသောအားဖြင့် ထုတ်လုပ်သူတွေဟာ Bootloader ကို lock ပြုလုပ်ထားပါတယ်။ ဘာလို့ဒီလိုလုပ်သလဲဆိုတော့ Root လုပ်ခြင်းကိုကြိုတင်ကာကွယ်ထားခြင်းဖြစ်ပါတယ်။ ဒီလိုပြုလုပ်ခြင်းက ထုတ်လုပ်သူတွေဟာ သူတို့ရဲ့ပစ္စည်းတွေကိုထုတ်လုပ်လိုက်တုန်းကအတိုင်းပဲ အသုံးပြုသူတွေကိုသုံးစေချင်လို့ဖြစ်ပါတယ်။

4. Bootloop

Bootloop ဆိုတာကတော့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ Android Device ကို Root လုပ်တာပဲဖြစ်ဖြစ် Custom ROM တင်တာပဲဖြစ်ဖြစ် ပြုလုပ်တဲ့အခါ သူပြောထားတဲ့ အဆင့်တွေတိုင်းလိုက်မလုပ်ပဲ တစ်နေရာရာမှာတစ်ခုခုမှားခဲ့ရင် Android OS ဟာ restart ချလိုက်တာနဲ့ Start Up Logo မှာရပ်နေပြီးဘာမှဆက်တက်မလာတာ့ပါဘူး။ဒါကို Bootloop ဖြစ်တယ်လို့ခေါ်ပါတယ်။

5. BusyBox

BusyBox ဆိုတာကတော့ app တစ်ခုဖြစ်ပြီး UNIX Command Tools များစွာကိုအသုံးပြုဖို့အတွက်ဖြစ်ပါတယ်။ ဆိုလိုချင်တာကတော့ Android OS ရဲ့ System File တွေကို ကိုယ်ကြိုက်သလိုပြောင်းချင်တဲ့အခါမျိုးမှာဆိုရင်အခုပြောတဲ့ BusyBox ကနေတစ်ဆင့် Commands တွေသုံးပြီးပြောင်းလဲလို့ရပါတယ်။

6. Dalvik cache

Dalvik cache ဆိုတာကတော့ Android OS မှာပါဝင်တဲ့ directory (folder) တစ်ခုဖြစ်ပြီး ကိုယ့် device မှာ install လုပ်လိုက်လို့ရလာတဲ့ *.dex file တွေအားလုံးကိုသိမ်းထားပေးတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဒီ *.dex file တွေဟာ သွင်းထားတဲ့ app ကို update လုပ်လိုက်တာနဲ့ သူတို့ပါလိုက်ပြီး update ဖြစ်ပါတယ်။

7. Flashing or Flash

Flash လုပ်တယ်ဆိုတာကတော့ ကျွန်တော်တို့ရဲ့ Device မှာတစ်ခုခုကို install လုပ်လိုက်ခြင်းရဲ့နောက်ထပ်အခေါ်အဝေါ်တစ်ခုဖြစ်ပါတယ်။ ROM ပဲဖြစ်ဖြစ် Kernel ပဲဖြစ်ဖြစ် install လုပ်လို့ရတဲ့မည်သည့် .zip file ကိုမဆို install လုပ်ခြင်းကို flash လုပ်တယ်လို့ခေါ်ခြင်းဖြစ်ပါတယ်။

8. Fastboot

Fastboot ဆိုတာကတော့ boot menu တစ်ခုဖြစ်ပြီး Android OS မစတင်ခင်မှာ Recover Mode နဲ့အခြား Download Mode တွေကို ဒီ boot menu ကနေတစ်ဆင့်ဝင်လို့ရနိုင်တဲ့ Android Boot Menu တစ်ခုဖြစ်ပါတယ်။

9. Firmware

Phone သို့မဟုတ် Tablet ရဲ့ Firmware ဆိုတာကတော့ များသောအားဖြင့် Operating System ကိုပဲညွှန်းဆိုခြင်းဖြစ်ပါတယ်။ Firmware Update လုပ်တယ်ဆိုတာကလည်း OS ကို Update ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။


10. IMEI

International Mobile Equipment Identity (IMEI) number လို့ခေါ်တဲက number တစ်ခုဖြစ်ပြီး GSM, WCDMA, and iDEN mobile device တွေနဲ့အခြား satellite device တွေမှာသုံးတဲ့ unique number တစ်ခုဖြစ်ပါတယ်။ ဒီ number ကို device တွေရဲ့ settings ထဲမှာကြည့်ရှုနိုင်ပါတယ်။

11. Kernel

Kernel ဆိုတာကတော့ Operating System ရဲ့အသဲနှလုံးပဲဖြစ်ပြီး Hardware နဲ့ Software (ဒီနေရာမှာတော့ App) ကြားဆက်သွယ်ပေးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

12. Opensource

Opensource ဆိုတာကတော့ software တစ်ခုကိုထုတ်လုပ်ပြီးလို့ဒီ software ဟာ opensource လို့ပြောလိုက်ပြီဆိုတာနဲ့ဒီ software ရဲ့ codes တွေကိုလိုသလိုပြုပြင်ပြောင်းလဲလို့ရပြီး အများတကာအသုံးပြုနိုင်ခြင်းကိုဆိုလိုပါတယ်။

13. Recovery

Recovery ဆိုတာကတော့ ကျွန်တော်တို့ Android Device တွေမှာရှိတဲ့ Internal Storage အတွင်းက အခန်းငယ်လေးတစ်ခု (Partition) ဖြစ်ပြီး Custom ROM ထည့်သွင်းခြင်း system-level လုပ်ဆောင်ချက်တွေပြုလုပ်တဲ့နေရာမှာအသုံးပြုပါတယ်။

14. ROM

Android အဝင်းအဝိုင်းမှာတော့ ROM ဆိုတာဟာ Read Only Memory ဖြစ်ပြီး အသစ်ပြုပြင်ပြောင်းလဲထားတဲ့ Android Operating System ကိုပဲခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။ Custom ROM လို့လည်းခေါ်ဝေါ်ပါတယ်။ Custom ROMs တွေကတော့ CyanogenMod, Android Open Kang Project (AOKP) နဲ့ MIUI တို့ပဲဖြစ်ပါတယ်။

15. ROM Manager

ROM Manager ဆိုတာတော့ အလွန်အသုံးဝင်တဲ့ app တစ်ခုဖြစ်ပြီး root လုပ်ပြီးမှအသုံးပြုနိုင်မယ့် app တစ်ခုဖြစ်ပါတယ်။ ClockworkMod Recovery ထည့်သွင်းခြင်း (သို့) CMW ထဲဝင်ခြင်း Custom ROM ထည့်သွင်းခြင်း အစရှိတဲ့လုပ်ဆောင်ချက်တွေကို ဒီ ROM Manager ကနေတစ်ဆင့်ဆောင်ရွက်လို့ရပါတယ်။

16. Root

Root ဆိုတာကတော့ Android Device တစ်ခုပေါ်မှာ Administrator (သို့) Full Access ဖြင့်အသုံးပြုခြင်းဖြစ်ပါတယ်။ (Root အကြောင်းအသေးစိတ်ဆောင်းပါးကို ရှာဖွေလေ့လာနည်းပညာ Album ထဲမှာသွားရောက်ဖတ်ရှုနိုင်ပါတယ်။)

17. Superuser

Superuser ဆိုတာကတော့ Android OS အတွက် special user account တစ်ခုဖြစ်ပြီး root account လို့လည်းခေါ်ပါတယ်။ Superuser ကနေမှတစ်ဆင့် Device ကိုလိုသလိုစီမှန်ခန့်ခွဲလို့ရပါတယ်။

18. Wipe

Wipe လုပ်တယ်ဆိုတာကတော့ Device ထဲမှာ ရှိတဲ့ data တွေကိုဖျက်ထုတ်ပစ်ခြင်းပဲဖြစ်ပါတယ်။

အခုပြောပြခဲ့တဲ့အခေါ်ဝေါ်တွေအားလုံးနီးပါးကို စာဖတ်သူတို့  Android Device တွေရဲ့လောကထဲမှာ မှာတွေ့ဖူးမြင်ဖူးကြမှာဖြစ်ပါတယ်။


ဒီအကြောင်းအရာလေးကတော့ ကျွန်တော်ရေးဒါမဟုတ်ပါဘူးခင်ဗျာ ကွန်တော်လည်းအနည်းငယ်ပဲသိဒါပါ။ကျွန်တော်ဆိုက်တစ်မှာ တွေ့မိခဲ့ဒါလေးမှတ်ထားတာပါ။ ခုဟိုဖွင့်ဒီဖွင့်နဲ့ တွေ့မိလို့ ပြန်လည်ဝေမျှပေးတာပါ။ ဆိုက်လိပ်စာလေး မမှတ်မိတော့လို့ ရေးမပေးလိုက်တာပါ။ ရေးသားသူကိုလည်း ဒီနေရာလေးကပဲ ခွင့်လွှတ်ပေးပါလို့တောင်းပါတယ်ခင်ဗျာ။

0 comment:

Post a Comment

နည်းပညာ၊ Software နှင့် နည်းပညာ စာအုပ်များ မျှဝေရာ....
www.pyayblogger.com
မှကြိုဆိုပါတယ်....

Updates Via E-Mail

Popular Posts

Labels