Powered by Blogger.
 
 
10.10.12

ဘာဆော့ဝဲလ်မှ သုံးစရာမလိုပဲ Drive တွေကို Protect လုပ်နည်း (BitLocker Drive Encryption)

မင်္ဂလာပါခင်ဗျာ.... Drive တွေကို Protect လုပ်ထားချင်သူများအတွက် ဘာဆော့ဝဲလ်မှ သုံးစရာမလိုပါဘူး စိတ်လဲ စိတ်ချရတဲ့ နည်းလေး မျှဝေပေးလိုက်ပါတယ်.... ပထမဆုံး window 7 ရဲ့ search programs and files ဆိုတဲ့နေရာမှာ Bitlocker Drive Encryption ဆိုတာလေး ကိုရိုက်ရှာပြီးတော့ ဖွင့်လိုက်ပါ။ အပေါ်က ပုံလေးလိုပေါ်လာမှာပါ။မိမိ protect လုပ်ချင်တဲ့ drive ကိုရွေးပြီး Turn on bitlocker ကိုနှိပ်လိုက်ပါ။

အောက်မှာပြထားတဲ့ အခုလိုပုံလေးပေါ်လာမှာပါ။


 loading ပြီးလို့ပေါ်လာမဲ့ ၀င်းဒိုးမှာ Use a password to unlock the drive ဆိုအမှတ်ကလေးကိုခြစ်ပေးလိုက်ပါ။ ပြီးရင်တော့ အပေါ်မှာ ရိုက်တဲ့ ပက်ဝက်နဲ့ အောက်မှာရိုက်တဲ့ ပက်ဝက် ကိုတူအောင်ရိုက်ထည့်ပေးလိုက်ပါ။ မေ့သွားလို့ မဖြစ်ဘူးနော် အသေအချာမှတ်မိမှဖြစ်မှာပါ။


ပက်ဝက်ရိုက်ပြီး သွားရင် အောက်နားက next ကို နှိပ်လိုက်ပါ။ အောက်က ပုံမှာ ပြထားတဲ့ save the recovery key to file ဆိုတာလေးကို နှိပ်ပေးလိုက်ပါ။



Text files လေးကိုတော့ မိမိသိမ်းထားချင်တဲ့ နေရာမှာ သိမ်းထားလိုက်ပါ။



save ကိုနှိပ်လိုက်ပြီးတော့ သိမ်းသွားပြီးရင် next ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ ဒါဆိုရင်တော့ Start Encrypting ပြီးကို နှိပ်ပြီး Protect လုပ်ဆောင်နိုင်ပါပြီ process ပြီးအောင်တော့အချိန်အနည်းငယ်စောင့်ရမှာပါ။

ဒီလောက်ဆိုရင်တော့ သူငယ်ချင်းအားလုံး အဆင်ပြေကြမယ်ထင်ပါတယ်။



 ဒီ Post လေးက သူငယ်ချင်းတို့အတွက် အဆင်ပြေတယ်ဆိုရင် FB Like လုပ်ပေးကြပါခင်ဗျာ... 
Like လုပ်ပေးခြင်းဖြင့် မိမိရဲ့ FB ပေါ်မှာ Post လေးရောက်သွားမှာပါ....
 ကျေးဇူးတင်ပါတယ်....

0 comment:

Post a Comment

နည်းပညာ၊ Software နှင့် နည်းပညာ စာအုပ်များ မျှဝေရာ....
www.pyayblogger.com
မှကြိုဆိုပါတယ်....

Updates Via E-Mail

Popular Posts

Labels