Powered by Blogger.
 
 
24.4.12

၂သိန်းတန် GSM ဖုန်းဖြင့် နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုရာတွင် တစ်မိနစ်လျှင် ငါးဆယ်ကျပ်သာ ကျ



၂သိန်းတန်ဖုန်းဖြင့် နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုရာတွင် တစ်မိနစ်လျှင် ငါးဆယ်ကျပ်သာ ကျကြောင်း ၂ သိန်းတန် GSM ဖုန်းအသုံးပြုနေသူများထံမှသိရသည်။ ယခုကဲ့သို့ ၂ သိန်းတန်ဖုန်းဖြင့် နိုင်ငံခြားသို့ဖုန်းခေါ်ဆိုရာတွင် foreign call ကို ဖုန်းတွင်တစ်ပါတည်းပါဝင်ခြင်း ၊
တစ်မိနစ်လျှင်ငါးဆယ်သာဖြတ်ခြင်းတို့ကြောင့် နိုင်ငံခြားရောက်မြန်မာများနှင့်ဆက်သွယ်နေသော မိသားစုများမှာအဆင်ပြေလျက်ရှိကြောင်းသိရှိရသည်။ “ကျွန်တော် ဒီနေ့ စင်ကာပူကသူငယ်ချင်းတစ်ယောက်နဲ့ မလေးရှားကသူငယ်ချင်းတစ်ယောက်ဆီကိုဖုန်းခေါ်ပြီးပြောတယ်ဗျ ။ တစ်မိနစ်ကိုငါးဆယ်ပဲကျတာတွေ့ရတယ်။ Service ပိုင်းတွေပြင်ဆင်နေချိန်မို့လားတော့မသိဘူးဗျ ။ ဘာပဲပြောပြော အခုလို ကိုယ်ပိုင်ဖုန်းကနေဈေးသက်သက်သာသာနဲ့ နိုင်ငံခြားကမိတ်ဆွေတွေကို ဖုန်းခေါ်ဆိုနိုင်တာ ကျေနပ်မိပါတယ်” ဟု မြင်းခြံမြို့ မှ ၂ သိန်းတန် GSM ဖုန်းအသုံးပြုသူတစ်ဦးက မြန်မာ Mobile Application Store သို့ပြောကြားသည်။

ကိုသက်နိုင်စိုး (myanmarmobileapp)ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

1 comment:

Anonymous said...

နိုင်ငံခြားကိုခေါတာ fec ကပ်ဝယ်ရပါသလားဗျာ?

Post a Comment

နည်းပညာ၊ Software နှင့် နည်းပညာ စာအုပ်များ မျှဝေရာ....
www.pyayblogger.com
မှကြိုဆိုပါတယ်....

Updates Via E-Mail

Popular Posts

Labels