Powered by Blogger.
 
 
2.4.13

Huawei U8651T ကို Root လုပ်နည်း



Root လုပ်နည်းလေးတွေကတော့ တော်တော်များပါတယ် တစ်မျိုးတစ်ခုမရိုးနိုင်အောင်ပါပဲခင်ဗျာ။ ခုလည်းလာပြန်ပြီး U8651T ဆိုပြီး ဘာပဲဖြစ်ဖြစ်ပေါ့ခင်ဗျာ Android မှန်ရင် Root လို့ရရမှာပေါ့နော် T8828 တော့ မပါသေးဘူးနော် ဒါလည်းနောက်တော့ရမှာပါ နည်းနည်းလေးသာ စိတ်ရှည်ရှည်လေးနဲက စောင့်နေလိုက်ပါခင်ဗျာ။ ခုတော့ U8651T လေးပဲ လုပ်မယ်နော် အရင်ဆုံး လိုအပ်မဲ့ဖိုင်လေးတွေ ကို ဒေါင်းကြမယ်နော် အားလုံးကို စုစည်းပြီးတင်ပေးထားပါတယ်။


Root Package For U8651T

>> Download <<

Driver မသွင်းရသေးတဲ့ စက်များအတွက်နဲ့ မရှိသေးတဲ့သူငယ်ချင်းများအတွက် Driver ပါထည့်ပေးထားပါတယ်။ မသွင်းရသေးဘူးဆိုလည်း အရင်ဆုံး driver သွင်းထားပါ။ ပြီးရင်တော့ update.zip ဆိုတဲ့ဖိုင်လေးကို sd ထဲထည့်ထားပေးပါ။ ဖုန်းကိုပါဝါပိတ်ပါ battery ပါဖြုတ်ပါ 15s လောက်ထားပြီး battery ပြန်တပ်ပေးပါ။ fastboot mode ၀င်ဖို့အတွက် volume - (+) power ကိုနှိပ်ထားပါ။ fastboot ၀င်သွားရင်တော့လွှတ်လိုက်ပေါ့နော်။ ပြီးရင်ဒေါင်းထားတဲ့အထဲက U8651.zip ဖိုင်လေးကိုဖြည်ပြီး Recovery.bat ဖိုင်လေးကို run ပေးထားပါ။ ပြီးလျှင်တော့ ဖုန်းကို ကွန်ပျူတာနဲ့ချိတ်လိုက်ပါ။ ကီးဘုတ်မှ key တစ်တစ်ခုကိုနှိပ်ပေးလိုက်ပါ။ recover သွင်းသွားပါလိမ့်မယ် ကွန်ပျူတာနဲ့ချိတ်ထားတာကို မဖြုတ်ပါနဲ့အုံး ဖုန်းက restart ကျပြီး recovery mode ထဲကိုရောက်သွားပါလိမ့်မယ်။ ရောက်သွားပြီဆိုရင်တော့ Update.zip ဖိုင်လေးကို install လုပ်ပေးလိုက်ပါ။
install complete. Enjoy! ပေါ်လာရင်တော့ အောင်မြင်ပါပြီ back နဲ့ပြန်ထွက်ပြီး Reboot system now ကိုနှိပ်ပေးလိုက်ပါ။ ဖုန်းကပါဝါပြန်တတ်လာရင်တော့ root လုပ်တာပြီးသွားပါပြီး ပြန်မတတ်လာဘူးဆို၇င်တော့ မသိဘူးနော် :P
သူငယ်ချင်းအားလုံးအဆင်ပြေကြပါစေ။


0 comment:

Post a Comment

နည်းပညာ၊ Software နှင့် နည်းပညာ စာအုပ်များ မျှဝေရာ....
www.pyayblogger.com
မှကြိုဆိုပါတယ်....

Updates Via E-Mail

Popular Posts

Labels