Powered by Blogger.
 
 
28.4.13

Huawei G510-0010 Root လုပ်ကြမယ်



ခုဖော်ပြပေးမဲ့နည်းလမ်းလေးကတော့ chat box ကနေ အကိုတစ်ယောက်မေးထားလို့ အားလုံးအတွက် ဒီနေရာလေးကပဲ ပြန်လည်ဝေမျှပေးတာဖြစ်ပါတယ်။

ခုဖော်ပြပေးမဲ့ဖုန်းလေးကို ဘာ error မှ မရှိပဲ Root လုပ်ဖို့အတွက်ကတော့ bootloader unlock code တောင်းဖို့လိုအပ်ပါတယ်ခင်ဗျာ code တောင်းဖို့အတွက် ဆိုက်ကတော့ english ဆိုက်ကနေပဲတောင်းလိုက်ပါ။ တရုတ်ဆိုရင် ရွာလည်နေမှာဆိုးလို့ပါ။

bootloader unlock code တောင်းရန်


licence aggrement ကို အမှန်လေးခြစ်ပြီး next နဲ့ဆက်သွားလိုက်ပါ။

E-mail နေရာမှာ မိမိရဲ့ မေးကိုထည့်ပါ။ Product type နေရာမှာ smart phone ကိုရွေးပါ။ Product model နေရာမှာတော့ မိမိတို့ လုပ်ချင်တဲ့ ဖုန်းရဲ့ မော်ဒယ်ကိုထည့်ပေးပါ။ product SN ကတော့ ဖုန်းရဲ့ နောက်ကျောက battery ကိုဖြုတ်ကြည့်ပါ။ product IMEI/MEID ကိုတော့ ဖုန်းရဲ့ ဖုန်းခေါ်တဲ့နေရာမှာ *#06# ကိုရိုက်ပြီးကြည့်ပါ။ Product ID ကိုတော့ *#*#1357946#*#* ကိုနှိပ်ပြီး ကြည့်လိုက်ကြပါခင်ဗျာ။ လိုအပ်တာတွေ အားလုံးဖြည့်ပြီးသွားရင်တော့ submit ဆိုတာလေးကိုနှိပ်လိုက်ပါ။ မေးထဲကို code လေးပြန်ပို့ပေးပါလိမ့်မယ် တစ်ခါတစ်လေ ပြန်ပို့ပေးတဲ့ ရက်က ကြာတတ်ပါတယ် ။တစ်ခါတစ်လေလဲမြန်ပါတယ်။ အမြန်ဆုံးရချင်တယ်ဆိုရင်တော့ google mail နဲ့ မတောင်းပဲ yahoo လိုမေးမျိုးလေးနဲ့ တောင်းပါလို့ အကြံပေးချင်ပါတယ်။

ဖုန်းကို unknow sources နဲ့ usb debug on ထားပြီး adb driver install လုပ်ထားပါ။
လိုအပ်တာတွေဒေါင်းထားလိုက်မယ်နော်

 Revovery Tool

>> Download <<

Huawei bootloader unlock

>> Download <<

Update.zip

>> Download <<

Driver

>> Download <<


ဖိုင်လေးကို ဖြည်ထုတ်ပြီး Huawei Unlock.exe ဆိုတာလေးကို runပါ။
ပြီးရင်တော့ ဖုန်းကို ပါဝါပိတ်ပြီး ခဏထားပါ။ bootloader unlock လုပ်ရန်အတွက် vol down နဲ့ power ကိုတွဲနှိပ်ပါ logo မှာ ရပ်သွားရပ်သွားပြီးဆိုရင်လွတ်လိုက်ပါ။ ပြီးရင် ကွန်ပျူတာနဲ့ချိတ်လိုက်ပါ။ မေးထဲကို ပို့ထားတဲ့ code ၁၆ လုံးကိုရိုက်ပြီး enter နှိပ်လိုက်ပါ။ ဖုန်းဟာ Reboot တစ်ခါကျသွားပါလိမ့်မယ်
 Cache တွေရှင်းတာကိုတွေ့ပါလိမ့်မယ် ဖုန်းကို လုံးဝပြန်တတ်တဲ့အထိစောင့်ပေးပါ။ မိမိရဲ့ phone က bootloader unlock လုပ်မယ်ဆိုရင်တော့ data တွေ backup ယူထားပါ။ အားလုံးပျက်မှာပါ။ အရေးမကြီးဘူးဆိုရင်လည်း မယူပါနဲ့ဗျာ။


  ဖုန်းက ပြန်တတ်လာပြီဆိုရင်တော့ onekeytools.exe လေးကို run ထားပါ။ root လုပ်ဖို့အတွက် sd ထဲကို update.zip ဖိုင်လေးထည့်ထားပါ။ ဖုန်းကိုတော့ Usb debug နဲ့ unknow sources on ပေးထားပါ။ ပထမလုပ်ခဲ့သလိုပါပဲ fastboot mode ၀င်ရန် ပါဝါပိတ် ခဏထားပြီး vol down နဲ့ power ကိုတွဲနှိပ်ပါ။ logo မှာရပ်ရင် လွတ်လိုက်ပါ။ ကွန်ပျူတာနဲ့ချိတ်ပါ။ run ထားတဲ့အထဲက သုံးကြောင်းမြောက်က Bootloader Recovery ဆိုတာလေးကိုနှိပ်လိုက်ပါ။ recovery ထည့်ပြီး reboot ကျသွားပါလိမ့်မယ် ကျတဲ့အထိစောင့်ပါ။


 ဖုန်းကို battery ဖြုတ်လိုက်ပါ။ ခဏနေပြန်တပ်ပြီး vol up နဲ့ power နှိပ်ပါ။ recovery တတ်လာရင် လွတ်လိုက်ပါ။ ဖုန်းထဲကိုထည့်ထားတဲ့ update.zip လေးကို falsh ပေးလိုက်ပါ။ ပြီးရင်တော့ အပေါ်ဆုံး တရုတ်လို reboot system now ကိုနှိပ်ပေးလိုက်ပါ။ ပြန်တတ်လာပြီးဆိုရင်တော့ root လုပ်တာပြီးဆုံးပါပြီခင်ဗျာ။ ဒီလိုဆိုသူငယ်ချင်းအားလုံးအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ။

နောက်ထပ်တစ်နည်းရှိပါသေးတယ် oneclickroot ဆိုတာလေးဒေါင်းပြီး ဘာ code မှ မတောင်းပဲစမ်းကြည့်နိုင်ပါသေးတယ်။ အဲဒီနည်းက ကျွန်တော့ဆီမှာ စမ်းဖို့ ဖုန်းမရှိလို့ ပါ ရတယ်လို့ရေးထားပါတယ်။ လုပ်နည်းလေးကတော့ usb debug နဲ့ Unknow soruces On ထားပြီး root ဆိုတာလေးနှိပ်လိုက်ယုံပါပဲခင်ဗျာ။ စမ်းကြည့်ချင်တယ်ဆိုရင်တော့ အောက်မှာဒေါင်းယူသွားနိုင်ပါတယ်။ software ကို install လုပ်ဖို့ internet connection လိုအပ်ပါတယ် လိုအပ်တာတွေ ထပ်ဒေါင်းမှာ ဖြစ်ပါတယ်ခင်ဗျာ။ driver က အစဒေါင်းပေးနိုင်ပါတယ်။

Oneclickroot

>> Download <<

3 comment:

ရွှေညာသား said...

Thanks , bro

Unknown said...

ကျေးဇူးပါ အဆင်ပြေပါတယ်

Unknown said...

ကျေးဇူးပါခင်ဗျာ

Post a Comment

နည်းပညာ၊ Software နှင့် နည်းပညာ စာအုပ်များ မျှဝေရာ....
www.pyayblogger.com
မှကြိုဆိုပါတယ်....

Updates Via E-Mail

Popular Posts

Labels