Powered by Blogger.
 
 
13.4.13

Facebook Home ကို Support မလုပ်သော Devices တွေမှာ အဆင်ပြေပြေထည့်မယ်


ခုဖော်ပြပေးမဲ့နည်းလမ်းလေးကတော့ ခုတစ်လော ရေပန်းစားနေတဲ့ Facebook Home ကို Unsupport Devices တွေမှာ ထည့်သွင်းနည်းလေးဖြစ်ပါတယ်။ Facebook Home ဆိုတာကတော့ ဖုန်းမျက်နှာပြင်အပြည့် မြင်ရပြီး ဒီဇိုင်းအလန်းစားဖြင့် အသွင်အပြင်အသစ် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အောက်မှာ နမူနာပုံတွေဖော်ပြပေးထားပါတယ်။ စိတ်ချလက်ချလုပ်ပါ ကျွန်တော် GT-I9100 , S3 Mini, Huawei U8836D, Huawei U8950D တို့မှာ ကိုယ်တိုင်စမ်းသပ်ပြီး ဖြစ်လို့ ပြန်လည်ဝေမျှပေးတာပါ ။ မည်သည့် ကုဒ်မှ ၀င်ပြင်ပေးစရာမလိုပါဘူး app လေးတွေ Install လုပ်ပေးရုံပါပဲ။ အရင်ဆုံး မိမိဖုန်းမှာ ထည့်ထားသော facebook နဲ့ ပက်သက်တဲ့ app တွေ ကို clear data ရော uninstall ရောပြုလုပ်ထားပါ။ အဓိက အနေနဲ့ကတော့ facebook ရယ် facebook messenger တွေကအဓိကပါခင်ဗျာ play store ကိုလည်း Foce close နဲ့ Clear data ပြုလုပ်ထားပါ။ ပြီးရင်တော့ နောက်တစ်ဆင့် ဆက်ကြမယ်နော်...






အရင်ဆုံးလိုအပ်ဖိုင်လေး သုံးဖိုင်ကို ဒေါင်းလိုက်ပါ။ နောက်ဆုံးဗားရှင်းတွေ ပဲဖြစ်ပါတယ်။ Play Store က ဒေါင်းရင် အဆင်မပြေ ဖြစ်မှာ မို့ တင်ပေးထားပါတယ်။ 

Facebook

>>Download <<

Facebook Messenger

>> Download <<

Facebook Home

>> Download <<

အားလုံးဒေါင်းပြီးသွားရင်တော့ အင်တာနက်ကိုဖွင့်ပါ။ ပြီးရင် Facebook နဲ့ Facebook Messenger ကို Install
လုပ်ပြီး ပြီး Login ၀င်ပေးပါ။ နှစ်ခုလုံး ကို Login ၀င်ရမှာပါ။ ပြီးသွားရင်တော့ Facebook Home ကို Install လုပ်ပါ။ Install လုပ်ပြီးသွားရင် ဖွင့်ဖို့မလိုအပ်ပါဘူးခင်ဗျာ။ ရိုးရိုး facebook ကိုပဲဖွင့်လိုက်ပါ Facebook Home Confirm ဖြစ်သွားပါပြီ။ Facebook ရဲ့ Setting ထဲမှာ ၀င်ကြည့်လိုက်ပါ။ Enable Facebook Home လေး တိုးလာမှာပါ Facebook home ကိုအသုံးပြုမယ်ဆိုရင် အမှတ်လေးဖြစ်ပေးလိုက်ရုံပါပဲခင်ဗျာ။ ခုချိန်ကစပြီး Facebook Home ကိုစတင်ပြီးအသုံးပြုနိုင်ပါပြီခင်ဗျာ။
သူငယ်ချင်းအားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။



0 comment:

Post a Comment

နည်းပညာ၊ Software နှင့် နည်းပညာ စာအုပ်များ မျှဝေရာ....
www.pyayblogger.com
မှကြိုဆိုပါတယ်....

Updates Via E-Mail

Popular Posts

Labels