Powered by Blogger.
 
 
30.1.13

Bat ဖိုင် အလွယ်ရေးနည်း အခြေခံ

ဒီ bat ဖိုင်ရေးနည်းလေးက ကျွန်တော်လည်းလေ့လာထားသမျှအနည်းကို ပြန်လည်ဝေမျှပေးမှာပါ အရမ်းကြီး သိနေလို့ တတ်နေလို့တော့မဟုတ်ပါဘူးခင်ဗျာ ။ အသုံးတည့်ကျမယ် အကျိုးရှိမယ်လို့ထင်လို့ပါ ။ အနည်းဆုံးတော့ ပျော်စရာကောင်းမှာပါ။ နောက်တစ်ခုပြောခင်တာက ကျွန်တော် ဒီပို့လေးကို pdf ရေးပြီး တင်နေရင် သူငယ်ချင်းမှာ အချိန်အတော်ကြာမှ ဖတ်ရမှာမို့ နည်းနည်း ခြင်းဆီ ဒီပေ့ပေါ်မှာပဲ တင်ပေးသွးပါ့မယ် ဖတ်ပြီးသားသူငယ်ချင်းများကလည်း နောက်ရက်မှာ ဒီပို့ကို ပြန်လာရင် ပထမနေ့က ထားဒါထက် ပိုပြည့်စုံနေဒါကိုတွေ့ရမှာပါ ။ ပြောချင်ဒါက အခန်းဆက် ၀တ္ထုကို ဖတ်နေရသလိုမျိုးပေါ့ ဟီးဟီး ကဲကဲ စလိုက်ကြမယ်နော်

ပထမဆုံး စ ပြောခင်တာက bat ဖိုင်ရေးဖို့ notepad လေးပဲလိုပါတယ်။ 


နောက်တစ်ခုက echo on နဲ့ echo off ဆိုတာရှိပါတယ်။ နောက်ကျတော့ရှင်းပြမယ်။
ခုတော့ echo off နဲ့ firefox ကိုဖွင့်တဲ့နည်းလေး ရေးမယ်နော်။

@echo off
start firefox
 ဒါလေးဆိုရင်တော့ firefox လေးပွင့်သွားပြီး doc window လေးတစ်ခါထဲပိတ်သွားမှာပါ။
@echo off 
star firefox
pause 
ဆိုရင်တော့ firefox ပွင့်မယ် ကီးဘုတ်ပေါ်မှ ခလုပ်တစ်ခုကို မနှိပ်မခြင်း doc window လေးကပိတ်မှာ မဟုတ်ပါဘူး pause က ရပ်ထားတဲ့သဘောပါပဲ။
ဘယ်လိုနေရာမျိုးတွေ မှာ သုံးလဲတော့မသိဘူး ကျွန်တော်တော့ bat ဖိုင်တစ်ခုတည်းကို ဖွင့်ပြီး program လေး သုံးလေးခုလောက်ဖွင့်မယ်ဆို pause ခံလိုက် ကိုဖွင့်ချင်တာကို အောက်မျာ ထပ်ရေးလိုက် လုပ်ထားတော့ အဆင်ပြေတာပေါ့နော်။ 

နောက်တစ်ခု ထပ်သွားမယ်နော် ကိုဖန်တီးလိုက်တဲ့ bat ဖိုင်လေးမှာ နောက်ခံအရောင်လေးတွေထည့်ရေးချင်တယ် ဆိုရင်တော့ 
@echo off
                                                                    COLOR 1A     (ထားချင်တဲ့အရောင်က နံပါတ်ပဲပြောင်းနော်)
start firefox
pause
ပျော်စရာတော့ကောင်းတယ်နော်

နောက်တစ်ခုထပ်သွားမယ်
 ကြော်ငြာထည့်မယ်ပေါ့ဗျာ စလိုက်မယ်နော် ဒီတစ်ခါအစမ်းရောင်လေးနဲ့ ရေးမယ်။
 @echo off
COLOR 2A
echo====================================
echo= www.pyayblogger.blogspot.com =
echo= Ko Ko Wynn =
echo====================================
echo = Hello, Welcom to PyayBlogger =
start firefox
pause

ပျော်စရာလေးနော် နောက်နေ့ ဆက်ကြမယ်နော် ဒီနေ့တော့ ခေါင်းတွေအုံနေလို့ ပါ သိထားဒါတွေ နည်းနည်းကျန်သေးတယ်။ ဒီပို့လေးကို ပြန်လာခဲ့အုံးနော်........



3 comment:

Anonymous said...

sak par own ako
*bat* file lote tar sait win sar lo par
;)

Unknown said...

အဆက်တင်ပေးပါအုံး

Unknown said...

အဆက်တင်ပေးပါအုံး

Post a Comment

နည်းပညာ၊ Software နှင့် နည်းပညာ စာအုပ်များ မျှဝေရာ....
www.pyayblogger.com
မှကြိုဆိုပါတယ်....

Updates Via E-Mail

Popular Posts

Labels