Powered by Blogger.
 
 
28.5.13

Samsung Galaxy S4 GT-I9500 ကို Root မလုပ်ပဲ မြန်မာဖောင့်ထည့်မယ်



မင်္ဂလာပါခင်ဗျာ Samsung Galaxy S4 GT-I9500 ကို Root မလုပ်ပဲ မြန်မာဖောင့်ထည့်ချင်တဲ့သူငယ်ချင်းများ
အတွက် နည်းလမ်းလေးကိုဖော်ပြပေးလိုက်ပါတယ်။ အရင်ဆုံးလိုအပ်မဲ့ဖိုင်တွေကိုဒေါင်းပါမယ်။

Font Installer Pack

>> Download <<
 
ဒေါင်းလုပ်ပြီးသွားရင်တော့ setting ထဲက more ထဲက Permissions အောက်က Security ထဲက Unknown sources ကို အမှတ်ခြစ်ပါ။ ပြီးရင် usb debugging ကိုလည်းအမှတ်ခြစ်ပါ့မယ်။ ရှာမတွေ့ရင် setting>>more>>about device>>build ဆိုတဲ့စာသားလေးကို ( ၇ ) ချက်လောက်နှိပ်ပြီး back key လေးနဲ့ပြန်ထွက်လိုက်ပါ။ Date and time နဲ့ About device ရဲ့ ကြားထဲမှာ Developer options ပေါ်လာမှာပါ ။ပြီးရင်အဲဒီထဲကို ၀င်ပြီး usb debug ကို အမှတ်ခြစ်လုပ်နိုင်ပါပြီ။အားလုံးပြီးသွားရင်တော့ ဒေါင်းလုပ်ဆွဲထားသောဖိုင်သုံးဖိုင်ကို install လုပ်လိုက်ပါ။  ပြီးသွားရင်တော့ setting >> My device >> Display ထဲဝင်လိုက်ပါ။ပြီးရင် Font Style ထဲကို ၀င်ပြီး အောက်ဆုံးမှာရှိတဲ့ Samsung Sans ဖောင့်ကိုရွေးပေးလိုက်ပါ။ နောက်တစ်ဆင့်အနေနဲ့ကတော့ Setting–>>My device–>> Language and input–>>Frozen keyboard Pro ကိုရွေးပေးထားပါ။
ထို့နောက် Dafault ကိုလည်း Frozen Zawgyi Keyboard Pro ကိုရွေးပေးထားပါ။ နောက်ဆုံးအနေနဲ့ကတော့ install လုပ်ထားတဲ့ ifont ဆိုတဲ့ icon လေးကို ဖွင့်လိုက်ပါ။ အပေါ်ဆုံးတန်းမှာ Install ဆိုတာလေးကိုနှိပ်ပါ။ အောက်မှာကျလာပါလိမ့်မယ် မိမိနှစ်သက်ရာမြန်မာဖောင့်ကိုရွေးပါ ဥပမာ (Myanmar + SoMa ) ကိုရွေးပြီး install လုပ်ပါ set ဆိုတာလေးကိုနှိပ်လိုက်ပါ။ OK လို့ပေါ်လာရင်နှပ်လိုက်ပါ။ Device က reboot လုပ်ဖို့တောင်းဆိုလာပါလိမ့်မယ် အဲဒီအခါကျရင် ပါဝါကီးလေးကို ဖိထားပြီး Restart ဆိုတာလေးကို နှိပ်ပေးလိုက်ပါ ပြန်တတ်လာပြီးဆိုရင်တော့ facebook , Tango , Viber ,contacts တွေမှာမြန်မာလိုပေါ်နေပါပြီ ရိုက်လို့လည်းအဆင်ပြေပါတယ် facebook မှာဆိုလည်း မမှားသလောက်ပါပဲ အတော်လေးကိုအဆင်ပြေပါတယ်ခင်ဗျာ ။ ကိုယ်တိုင်စမ်းသပ်ပြီးသားဖြစ်လို့ စိတ်ချလက်ချ ပြုလုပ်ပါခင်ဗျာ။ မရရင်တော့ အစကနေနောက်တစ်ကြိမ်ပြန်လုပ်ကြည့်ပါ အဆင်ပြေသွားပါလိမ့်မယ်။
တစ်ခုကျန်သွားလို့ web browser မှာ မြန်မာလိုပေါ်ချင်တယ်ဆိုရင်တော့ ဖုန်းထဲမှာနဂိုတည်းကပါလာတဲ့ Opera Mini လေးကိုဖွင့်ပြီး internet ချိတ်ပြီး font data install လုပ်တာကို အပြီးထိစောင့်ပေးလိုက်ပါ အဲဒါဆိုရင်တော့ web မှာပါ မြန်မာလိုမြန်ရပါပြီခင်ဗျာ။ အောက်မှာပုံလေးနဲ့ပြထားပါတယ်။



သူငယ်ချင်းအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။





3 comment:

And said...

ကျွန်တော်တို့ဖုန်းထဲမှာ နဂိုက Opera Mini က ပါမလာဘူး။ ဘယ်လို့လုပ်ရမှာလဲ။ Play store က ဒေါင်းလုတ်ချပြီးလုပ်ရမှာလား။ ကျန်တာတွေကတော့ မြန်မာလိုရသွားပါပြီ။ web page က မြန်မာဖောင့်တွေတော့မရသေးဘူး။ ကျေးဇူးပြုပြီး ပြောပေးပါဗျာ။

And said...

ကျွန်တော်ဝယ်တဲ့ galaxy s4 မှာ Opera Mini မပါလို့ ဘယ်လိုလုပ်ရမှန်းမသိလို့ အသေးစိပ်ပြောပြပေးပါလား။ ကျေးဇူးအထူးအထူးတင်ပါတယ် နော်

သန်းထူး said...

အကို GT-I9500လေ မြန်မာလို စတင်တွေတော့ပြောင်းသွားတယ် လက်ကွက်မှာတော့ စာလုံးလေးတွေမမြင်ရဘူးဖြစ်နေတယ် ကူလီပါနော်

Post a Comment

နည်းပညာ၊ Software နှင့် နည်းပညာ စာအုပ်များ မျှဝေရာ....
www.pyayblogger.com
မှကြိုဆိုပါတယ်....

Updates Via E-Mail

Popular Posts

Labels