Powered by Blogger.
 
 
11.2.13

Huawei P1 T9200 ကို Root လုပ်နည်း


P1 တော့ P1ပါ T9200 ဖြစ်နေတော့ Root Tool တွေနဲ့ လုပ်လို့မရလို့ဆိုပြီး သူငယ်ချင်းတစ်ယောက်တောင်းထားလို့ ရှာပြီး Root လုပ်နည်းသူငယ်ချင်းအားလုံးအတွက် ပြန်လည်ဝေမျှပေးတာပါ။ အရင်ဆုံးလိုအပ်မဲ့ဖိုင်လေးကို ဒေါင်းပါ့မယ်...



>> Download <<

ဒေါင်းလုပ်ရလာသောဖိုင်လေးကိုဖြည်လိုက်ပါ။ နှစ်ဖိုင်ရပါ့မယ်

Super SU.zip ကို SD Card ထဲထည့်လိုက်ပါ....
T9200 CWM recovery.rar ကိုဖြည်လိုက်ပါ...
T9200 P1 CWM By Phyo Chan.bat ကို Run လိုက်ပါ။

ဖုန်းကိုပါဝါပါ ဓါတ်ခဲ့ဖြုတ်လို့မရတဲ့အတွက် ခဏလေးတော့ စောင့်ပေးပါ။ စောင့်ရတာ ကျေနပ်ပြီဆိုရင်
fastboot mode ၀င်ပါ့မယ် Volume down + Power လေးတွဲဖိထားပါ logo ပေါ်လာရင် လွတ်လိုက်ပါ။

ကွန်ပျူတာနဲ့ချိတ်ပြီး run ထားတဲ့ bat ဖိုင်လေးကို enter ခေါက်ပေးလိုက်ပါ။ CWM ရသွားပါပြီ။
Recovery Mode ၀င်ပါ့မယ်။ Volume up + power ပါ။ CWM ရောက်ရင် Super Su.zip ရွေးပေးပြီး Flash လိုက်ပါ ဒါဆိုရင် တော့  Root ရပါပြီခင်ဗျာ။ သူငယ်ချင်းအားလုံးအဆင်ပြေကြပါစေ။

1 comment:

Anonymous said...

password

Post a Comment

နည်းပညာ၊ Software နှင့် နည်းပညာ စာအုပ်များ မျှဝေရာ....
www.pyayblogger.com
မှကြိုဆိုပါတယ်....

Updates Via E-Mail

Popular Posts

Labels