Powered by Blogger.
 
 
21.2.13

Install Myanmar Font Manually

ကျွန်တော် Galaxy Note ကို ICS Upgrate လုပ်ရင်း System ထဲကို မွှေရင်းနဲ့ အခု မြန်မာစာ ထည့်သွင်းတဲ့ နည်းကို ရှာတွေ့ခဲ့တာပါ။ နည်းသစ်ကို မပြောခင် အရင်တုန်းက မြန်မာစာ ထည့်သွင်းပုံကို မသိသေးသူတွေသိအောင် ပြောပြပါ့မယ်။ (သိပြီးရင် ကျော်ဖတ်လိုက်ပါ)

အရင်က Myanmar font ထည့်နည်းများ ----------

 Android ဖုန်းတွေမှာ မြန်မာစာသုံးဖို့အတွက် နည်းလမ်းတွေ အမျိုးမျိုးရှိပါတယ်။ ဒါပေမယ့် အဲဒါတွေအားလုံးက စနစ်မကျပါဘူး။ ဘာလို့ စနစ်မကျလဲဆိုတော့ နဂို ရှိပြီးသား Android Font တွေမှာ မြန်မာစာလုံးတွေ မပါတဲ့အတွက် မြန်မာစာလုံးပါတဲ့ Droidsans.ttf နဲ့ Droidsansfallback.ttf ဆိုတဲ့ fonts နှစ်မျိုးကို Zawgyi.ttf နဲ့ အစားထိုးလိုက်လို့ပါ။ ဒါကြောင့် Zawgyi.ttf က Droidsans.ttf ပေါ်မှာ Overwrite ဖြစ်သွားတာကြောင့် နဂို Original font တွေ မရှိတော့ပါဘူး။

    အခုနောက်ပိုင်း ICS မှာဆိုရင် Roboto.ttf ဖြစ်သွားတဲ့အတွက် Roboto.ttf နဲ့ Robotofallback.ttf ပေါ်မှာ Zawgyi.ttf ကို Overwrite ပြုလုပ်ကြပါတယ်။ Roboto font က တော်တော်လေးလှပါတယ်။ Zawgyi နဲ့ယှဉ်ရင် English စာလုံးတွေမှာ တော်တော်ကွာပါတယ်။

    အဲဒီ့တော့ ဘာလုပ်ကြသလဲဆိုတော့ Roboto.ttf ကို Font Creator Professional Edition လို Fonts ပြုလုပ်လို့ရတဲ့ Software တွေသုံးပြီး Roboto ထဲမှာ Zawgyi ထဲက စာလုံးတွေ ထည့်လိုက်ကြပါတယ်။ Roboto က Series လိုက်ရှိတော့ Roboto Bold တွေရော Roboto Italic တွေမှာပါ Zawgyi ထဲက မြန်မာစာလုံးတွေကို လိုက်ထည့်ရပါတော့တယ်။ Zawgyi ထဲက english စာလုံးတွေမဟုတ်တော့ဘဲ roboto ထဲက english စာလုံးတွေကို မြင်ရလို့ ကြည့်ကောင်းသလိုလိုဖြစ်လာပေမယ့်လည်း တစ်ကယ်တော့ နဂို Roboto.ttf ကို ပြုပြင်ပြီး မြန်မာစာထည့်ထားတဲ့ Roboto.ttf နဲ့ အစားထိုးရတာပါပဲ။

အခု နည်းအသစ်မှာ --------------
    အခုနည်းက နဂို Roboto Fonts တွေရော Droidsans Fonts တွေကိုရော overwrite လုပ်မှာမဟုတ်ဘဲ Zawgyi-one.ttf ကိုပဲ ထည့်ပေးလိုက်မှာပါ။ ဒါမှမဟုတ် ကိုယ်ကြိုက်တဲ့ ဘယ် Myanmar Font ကိုမဆို ထည့်နိုင်ပါတယ်။

အခု နည်းအသစ်ရဲ့ အားသာချက်တွေက --------------

   အရင်နည်းမှာ Zawgyi.ttf မှာ English စာလုံးနဲ့ တစ်ခြား ဘာသာစကားတွေ ပါပေမယ့်လည်း မစုံလင်ပါဘူး။ ဒါကြောင့် တစ်ခြား ဘာသာစကားတွေ အပြည့်အစုံမပေါ်တာမျိုး ကြုံရပါလိမ့်မယ်။ တရုတ်စာတချို့ ပျောက်နေတာမျိုးတွေ ၊ ကုလားစာတွေ ပျောက်နေတာမျိုး၊ ကိုရီးယားစာတွေ ပျောက်နေတာမျိုးပါ။
    အခုနည်းမှာတော့ အဲဒီလို မဖြစ်တော့ပါဘူး။ Zawgyi ကို သူ့အတိုင်း ထည့်ပေးလိုက်မှာဖြစ်လို့ မူလ ဖုန်းထဲက font တွေကို ဘာမှ မထိခိုက်တော့ပါဘူး။ နောက်ပြီး တစ်ကယ်ကောင်းတဲ့ အားသာချက်ကတော့ Custom Flip Font တွေ ကြိုက်သလောက် ပြောင်း၊ ဖုန်းထဲမှာ font style တွေ ကြိုက်တာ ပြင်လိုက်ပါစေ မြန်မာစာကို နေရာတိုင်းမှ မြင်ရတာပါ။

လိုအပ်တာတွေက ----------


  •         920 text editor.apk
  •         Root လုပ်ပြီးသား ဖုန်း/tablet
  •         zawgyi.ttf
  •         Root Explorer

    အရင်ဆုံး ဖုန်းက Root ဖြစ်နေဖို့ လိုပါတယ်။ Root လုပ်နည်းကတော့ ဖုန်းအမျိုးအစားပေါ်မူတည်ပြီး အမျိုးမျိုးရှိတာကြောင့် အဆင်ပြေမယ့်နည်းနဲ့သာ Root လုပ်လိုက်ပါ။ Android ver 4 ICS နဲ့ အထက် version တွေ ဖြစ်ရပါမယ်။ ICS ထက်နိမ့်တဲ့ Gingerbread နဲ့ ရှေ့ပိုင်းဖုန်းတွေ မရပါဘူး။
    နောက်ထပ်လိုတာက မြန်မာစာ unicode ဖြစ်တဲ့ zawgyi.ttf ပါပဲ။ zawgyi font နဲ့ Root Explorer.apk တို့ကို Google မှာ Search လုပ်ပြီး ရှာလိုက်ပါ ပေါပါတယ်။

Install Zawgyi Font
    Zawgyi-One.ttf ကို Zawgyi.ttf ပဲ ဖြစ်ဖြစ် Zawgyi-One2007.ttf ပဲဖြစ်ဖြစ် ကြိုက်တဲ့နာမည်ထားပါ ဘာမှမဖြစ်ပါဘူး။ အဲဒီ့ Zawgyi font ကို Root Explore ကို သုံးပြီး Copy လုပ်၊ ပြီးရင် /system/fonts ထဲမှာ ထည့်ထားလိုက်ရုံပါပဲ။ ဒါဆိုရင် Zawgyi font က ဖုန်းရဲ့ Fonts တွေရှိတဲ့ထဲ ရောက်သွားပါပြီ။ (အရင်တုန်းက DroidSans.ttf ကို root explore နဲ့ ထည့်ခဲ့သလိုပါပဲ။)

Zawgyi ကို သိအောင်လုပ်မယ်

    Zawgyi ကို ခုနက System ထဲကို ထည့်လိုက်ပေမယ့်လည်း Android က Zawgyi Font ကို မသိသေးပါဘူး။ ဒါကြောင့် Android က သိအောင် လုပ်ပေးရပါဦးမယ်။

    Android က fallback font list ကို /system/etc ထဲမှာ ထည့်ထားပါတယ်။ ဒါကြောင့် fallback font list ကို ပြင်ဖို့ အတွက် text editor လေးတစ်ခုလိုပါတယ်။

920 text editor
ကို download လုပ်လိုက်ပါ။ 686 kb ပဲရှိပါတယ်။ Install လုပ်ပြီးရင် ဖွင့်လိုက်ပါ။

    920 text editor က system file ကို ပြင်မှာ ဖြစ်လို့ root access လိုအပ်ပါတယ်။ root access မပေးရင် save လုပ်လို့ရမှာမဟုတ်ပါဘူး။ ဒါကြောင့် 920 မှာ ဖုန်းရဲ့ menu ကို နှိပ်ပြီး ပေါ်လာတဲ့ option တွေထဲက Preference ကို ရွေးပါ။ အဲဒီ့ထဲက Other ကို ထပ်ရွေးပြီး Try run as ROOT မှာ အမှန်ခြစ်ပေးလိုက်ပါ။ အဲဒါဆိုရင် Superuser က request လာတောင်းပါလိမ့်မယ် ပေးလိုက်ပါ။

    920 မှာ အပေါ်ဆုံးက folder ပုံ အဝါရောင်နဲ့ open ကို ရွေးပြီး /system/etc ထဲက fallback_fonts.xml ကို ဖွင့်လိုက်ပါ။ အဲဒီ့ထဲမှာ ရေးထားတာတွေက ရှုတ်ရှက်ခတ်နေတာပဲလား...။ ရပါတယ် အဲဒီ့စာတွေကို ကြည့်မနေပါနဲ့တော့။
 Menu ကိုပဲ နှိပ်ပြီး Search/Replace ကို နှိပ်လိုက်ပါ။  Search box ပေါ်လာရင် Replace ကို ထပ်နှိပ်ပါ။

    Search box မှာ -
</familyset>

           ကို ရိုက်ထည့်ပါ။

    Replace မှာ -
        <family><fileset><file>Zawgyi.ttf</file></fileset></family></familyset>
            လို့ရိုက်ထည့်ပါ။ (space မထည့်ပါနဲ့)

     Zawgyi.ttf နေရာမှာ ခုနက fonts ထဲ ထည့်ထားခဲ့တဲ့ font ရဲ့ နာမည်နဲ့ တူရပါမယ်။
ဥပမာ - ခုနက zawgyi-one.ttf လို့ ပေးထားပြီး /system/fonts ထဲ ထည့်ထားရင် အခုနေရာမှာလည်း zawgyi-one.ttf ဖြစ်ရမယ်။
(* လုံဝ စာလုံးပေါင်း မမှာပါစေနဲ့ အထူးသဖြင့် </familyset> ကို စာလုံးပေါင်း မမှားပါစေနဲ့ မှားသွားရင် ဖုန်းကို reboot လုပ်တဲ့အခါ ဖုန်းတက်မလာတော့တာမျိုး ကြုံရတတ်ပါလိမ့်မယ်)

    စာတွေရိုက်ပြီး စာလုံးပေါင်းမှားမမှား စစ်ပြီးရင် ဘေးက အပေါ်အောက် မြှားလေးကို နှိပ်လိုက်ရင် </familyset> ကို အရောင်နဲ့ ပြပေးလိမ့်မယ်။ အဲဒီ့ အခါ replace ကို နှိပ်လိုက်ပါ။ ဖြည့်လိုက်တဲ့ စာတွေကိုပါ အရောင်နဲ့ ပြပေးပါလိမ့်မယ်။ ရပါပြီ Save ခလုပ် (အပေါ်ဆုံးက အ၀ါရောင်နဲ့ open ဘေးက အပြာရောင် ခလုပ်) ကို နှိပ်လိုက်ပါ။ Successfuly saved! လို့ ပြောရင် save ဖြစ်သွားပါပြီ။ 920 ကို ပိတ်လိုက်လို့ ရပါပြီ။

      အခုဆိုရင် Zawgyi font ထည့်ထားမှန်း Android က သိသွားပါပြီ။ ဖုန်းကို Restart လုပ်ပြီး စမ်းကြည့်ပါ။ keyboard ကိုတော့ frozen keyboard ဖြစ်ဖြစ် အဆင်ပြေတဲ့ မြန်မာစာ ကီးဘုတ်နဲ့ ရိုက်ပါ။ နေရာတိုင်းမှာ မြန်မာစာ ပေါ်သွားပါပြီ။

      ဒီနည်းကို သုံးတဲ့အတွက် ကိုယ့်ရဲ့ Android ဖုန်းမှာ English font ကို ဘာပဲ ပြောင်းလိုက်ပြောင်းလိုက် မြန်မာစာက အမြဲတန်း နေရာတိုင်းမှာ ပေါ်ပါလိမ့်မယ်။ Custom Flip Font လို app တွေကိုလည်း သုံးပြီး ကိုယ့်ရဲ့ ဖုန်းကို ကြိုက်တဲ့ english font ပြောင်းလိုက်လို့ မြန်မာစာ မမြင်ရတော့တာမျိုးတွေလည်း မဖြစ်တော့ပါဘူး။
(Zawgyi font အပြင် ကိုယ်ကြိုက်တဲ့ Myanmar Unicode Font ဘယ် font မဆို ထည့်လို့ရပါတယ်)

     ဒီ Myanmar Font ထည့်နည်း အသစ်ကို ခွင့်တောင်းစရာမလိုဘဲ လွပ်လွပ်လပ်လပ် Share လုပ်နိုင်ပါတယ်။ Internet မှာရော အပြင်မှာပါ Share လုပ်နိုင်အောင်လို့ pdf အနေနဲ့ပါ ရေးပေးလိုက်တာပါ။

    ကျွန်တော်တို့ Myanmar font လိုပဲ တမီးလ် (tamil) font လည်း အစက Android မှာ မပါခဲ့ပါဘူး။ ဒါကြောင့် သူတို့လည်း အရင်က Droidsans.ttf ကို overwrite လုပ်တဲ့နည်းနဲ့ သုံးနေခဲ့ရတာပါ။ အခု Icecream Sandwich က စပြီး Tamil font ကို google က ထည့်ပေးခဲ့တဲ့အပြင် Jelly bean မှာဆိုရင် တမီးလ် keyboard ပါ စ ကတည်းက ပါလာပါတယ်။ ဘာ root မှ လုပ်စရမလိုပါဘူး။ Android ဖုန်းမှန်သမျှမှာ ၀ယ်ကတည်းကစပြီး တမီးလ်ကို သုံးလို့ရသွားပါပြီ။

    သူတို့တွေ တမီးလ် စာ ပေါ်ဖို့အတွက် campaign တွေ လုပ်ခဲ့ကြလို့ အခုတော့ အဆင်ပြေသွားကြပါပြီ။ ကျွန်တော်တို့ မြန်မာတွေသာ ခုထိ root လုပ်ပြီး overwrite လုပ်လို့ ကောင်းတုန်းပဲ ရှိနေပါသေးတယ်။ ဒါကြောင့် Zawgyi.ttf လေးနဲ့ fallback_fonts.xml မှာ Zawgyi font ကို ထည့်ရေးပေးဖို့လေးကတော့ Google အတွက် အပန်းမကြီး မခက်ခဲတာကြောင့် ကျွန်တော်တို့  Google ကို စုပေါင်းပြီး ၀ိုင်းဝန်းတောင်းဆိုသင့်တယ်လို့ ထင်ပါတယ်။ နောက်တော့မှ တဆင့်တက်ပြီး Myanmar Unicode ကို တစ်ကယ်အလုပ်ဖြစ်အောင် လုပ်ပေးဖို့ တောင်းဆိုကြတာပေါ့ဗျာ။ အောင်မြင်သွားရင်တော့ ဘယ် Android မှာမဆို Root လုပ်စရာမလိုဘဲ ၀ယ်ပြီးတာနဲ့ မြန်မာစာ တစ်ခါတည်း သုံးလို့ရသွားတော့မှာဆိုတော့ တော်တော်လေး အဆင်ပြေသွားမှာပါ။
ဒီပို့လေးကို Aaron ဆီက ပြန်လည်ဝေမျှပေးတာဖြစ်ပါတယ်။ ရေးသားသူရဲ့ gmail ကတော့ aaron.nandus@gmail.com ပါခင်ဗျာ။ facebook ကနေပြီး လေ့လာချင်တယ်ဆိုရင်တော့ ရေးသားသူပြောထားတဲ့လင့်လေးကိုတင်ပေးလိုက်ပါတယ်။
https://www.facebook.com/DroidDiary

1 comment:

mgpaipai said...

Thanks a lo,
ကျေးဇူးအများကြီးကိုပါတယ်ခင်ဗျား....
ဖြစ်ပုံက....Alcatel One Touch Pop D5 မြန်မာစာထည့်နေတာနှစ်ပတ်လောက်ရှိပြီ
မြန်မာစာထည့်နည်းတော်တော်များများသုံပြီထည့်တာ တစ်ခုမှအဆင်မပြေဘူး...
ဒီကြားထဲ firmware ကျတာက ၃ ခါ ဘယ်လိုမှ လုပ်မရတဲ့အချိန်.....
အခုမြန်မာစာထည့်နည်းလေးကို တွေ့ပြီးစမ်းကြည့်လိုက်တာ ကွက်တိကိုကျတယ်ဗျာ...
စိတ်ထဲတော်တော်လေးပျော်သွားတယ်.....ကျေးဇူးလည်းအများကြီးတင်ပါတယ်...
920 text editor လင့်ကတော့သေနေတယ်......လိုအပ်သူများ.......အောက်မှာ..........
http://920-text-editor.en.uptodown.com/android/download

Post a Comment

နည်းပညာ၊ Software နှင့် နည်းပညာ စာအုပ်များ မျှဝေရာ....
www.pyayblogger.com
မှကြိုဆိုပါတယ်....

Updates Via E-Mail

Popular Posts

Labels