Powered by Blogger.
 
 
20.3.12

Wifi Hacking ကိုစိတ်ဝင်စားသူများအတွက် WEP/WPA/WPA2 Hacking Tool


ပထမတစ်ခေါက်က software တွေ မပါပဲ wifi ဟက်နည်းလေးတင်ပေးတာ အဆင်မပြေဘူးပြောလို့ ထပ်တင်ပေးချင်တာကြာပါပြီ ကွန်နက်ရှင်သိပ်မကောင်းလို့ upload တင်မရတာနဲ့ နဲနဲလေးကြာသွားတာပါ နားလေးပေးစေချင်တယ်။ ကဲခုတော့ အားလုံးအဆင်ပြေသွားအောင် အသစ်ထပ်တင်ပေးလိုက်တယ်။ WEP/WPA/WPA2 အထိတော့၇တယ် Dictionary ကောင်းကောင်းလေးတော့လိုမယ် ခင်ဗျာ။Wifi ကို hack ချင်ရင်တော့ အဆင်ပြေဆုံး OS က Linux ဖြစ်ပါတယ်။ဒါပေမဲ့ Linux ဆိုရင် လူတိုင်းနှီးပါ ရင်းနှီးမှုမရှိလို့ကြောက်ကြပါတယ်.. ကဲထားပါတော့ Linux ကိုကြောက်သူများအတွက် Mircosoft ပေါ်မှာ ဟက်လို့ ရနိုင်တဲ့ Linux Tool လေးတွေ ကိုမိတ်ဆက်ပေးမှာပါ။ အကြံပြုချင်တာကတော့ Window Xp နဲ့ ပိုပြီး အဆင်ပြေလိမ့်မယ်လို့ အကြံပြုချင်ပါတယ်။ wifi ပါတဲ့ လက်တော့တစ်လုံးတော့လိုမယ်နော် ဆော့ဝဲလ်ကို အသုံးပြုပုံကို တော့ ရှင်းမပြတော့ပါဘူး ကျွန်တော်တင်ပေးမဲ့ RAR ဖိုင်ထဲ မှာ Video ပါပါတယ် mac address filter တွေ အတွက် mac changer လေးလဲ ထည့်ပေးထားပါတယ်။ ကြည့်ပြီးတော့လုပ်ကြည့်လိုက်ပါ။သူတပါးကို ဒုက္ခပေးလိုခြင်းမဟုတ်ပါ ဗဟုသုတရစေရန်သက်သက်သာဖြစ်ပါတယ်။ video file ကလေးနဲနဲထစ်နေတာကိုတော့ သီးခံပေးစေချင်ပါတယ်။ အားလုံးကျေနပ်ကြလိမ့်မယ်မျှော်လင့်ပါတယ်။ စမ်းသုံးကြည့်ချင်တဲ့ သူငယ်ချင်းအတွက် အောက်က လင့်မှ ဒေါင်းယူနိုင်ပါတယ်။




4 comment:

linker said...

back track နဲ့ ဟတ်ပုံလေးက ပိုအဆင်ပြေမလားလို့ ခင်ဗျာ.. ။ (ကျွန်တော် အမြင်သာဖြစ်ပါတယ်)

Ko Ko Wynn ( ပြည် ) said...

သေချာတာပေါ့ဗျာ အကောင်းဆုံးက backtrack နဲ့ဟက်တာ ပိုအဆင်ပြေပါတယ်။ လူတိုင်းမသုံးတတ်လို့
နီးနီးစပ်စပ် သုံးလို့ရတာလေးတင်ပေးထားတာပါ အကိုရေ. (ထပ်တင်ပေးဖို့ရှိပါတယ် backtrack နဲ့ဟက်ပုံလေးတွေကို ကွန်မကောင်းလို့ပါ မကြာခင်တော့
blog ပေါ်ကိုရောက်လာမှာပါ။ကျေးဇူးတင်ပါတယ်။

Super User said...

အကိုရေ... Video File ကတော်တော်လေး မမြင်ရဘူးဖြစ်နေတယ်။ Cmd တွေရိုက်ပြပေမယ့် ဘာတွေရိုက်နေလဲ လုံးဝမမြင်ရဘူး။။ အဆင်ပြေမယ်ဆိုရင် စာနဲ့ပဲရိုက်ပြီးတင်ပေးပါလားခင်ဗျာ။

myo(MDY) said...

အကိုရေ CPE နဲ့ ရောဖောက်လို့ ရလား

Post a Comment

နည်းပညာ၊ Software နှင့် နည်းပညာ စာအုပ်များ မျှဝေရာ....
www.pyayblogger.com
မှကြိုဆိုပါတယ်....

Updates Via E-Mail

Popular Posts

Labels