Powered by Blogger.
 
 
24.3.12

Memory Stick မှ Virus (Computer) သို့မ၀င်အောင်


StartထဲကRunထဲမှာ secpol.msc လို့ရိုက်ပြီး Enter နိပ်ပါ။
Local security Settings ပေါ်ရင်
Software Restriction ကို Right Click နိပ်ပြီး Create New Policies ကိုနိပ်ပါ။

Additional Rules မှာတစ်ချက်နိပ်ပါ။ ညာဘက်အကွက်မှာ Right Click ထဲက New Path Rule ကိုရွေးပါ။
Path နေရာမှာ ကိုယ့် Memery Stick ရဲ့ Drive Letter ကိုပေးရ ပါမယ်။
ဥပမာ။ h ဆိုရင်ဒီလိုရေးပါ။ h:\*.exe လို့ရိုက်ပြီးSecurity Level မှာ Disallowedကိုရွေးပါ။
ဒါဆိုရင် Memory Thick မှာရှိတဲ့ Exe File တွေမ Run တော့ပါဘူး။ မယုံရင် Run ကြည့်ပါ။ဒါပေမဲ့ သူ့ရဲ့ ဆင့်ပွား Folder ထဲက Exe File တွေကတော့ Run ပါသေးတယ်။
Virus တွေက Memory Stick ထဲမှာပဲ Hidden လုပ်ထားပြီး Run တာပါ။
ဒါမျိုးတွေက ရှားပါတယ်။ကျန်တဲ့ file extension တွေကိုလည်းလုပ်ရပါမယ်။
Right Click နိပ်ပြီး New Path Rule ကိုရွေးပါ။ h:\*.vbs လို့ရိုက်ပါ။ Security Level မှာ Disallowed Disallowed ကိုရွေးပေးပါ။
vb Script File တွေ Run လို့မရတော့ပါဘူး။အဲလိုနည်းလေးနဲ့
တခြား extension တွေကိုလည်းလုပ်ကြည့်ပါဦး။
Memory Stick မှာ Virus အများစုရဲ့ File တွေ Run လို့မရတဲ့ အတွက် Virus ကိုကာကွယ် ပြီးဖြစ်သွားပါ့မယ်။ သူငယ်ချင်းအားလုံးအဆင်ပြေပါစေ။

0 comment:

Post a Comment

နည်းပညာ၊ Software နှင့် နည်းပညာ စာအုပ်များ မျှဝေရာ....
www.pyayblogger.com
မှကြိုဆိုပါတယ်....

Updates Via E-Mail

Popular Posts

Labels