Powered by Blogger.
 
 
Showing posts with label Fonts. Show all posts
Showing posts with label Fonts. Show all posts
7.6.13

ကွန်ပျူတာမှာ Zawgyi One နဲ့ရေးတဲ့ မြန်မာစာလေးတွေ အမြဲမြင်နိုင်အောင်

ဒါလေး သိတာသိပ်မကြာသေးဘူးဗျာ ကိုယ်လည်း ကွန်ပျူတာ သုံးနေတာ ကြာပြီ Zawgyi font နဲ့ရေးထားတဲ့ စာလေးတွေက အတုံးလေးတွေ ဖြစ်သွားရင် မလုပ်တတ်တော့ဘူး ဖြုတ်တတ်စနစ်ကိုဘဲ ကျင့်သုံးလာတာ ကြာရောပေါ့ ဟိုအရင် နှစ်လလောက်ကမှ အင်တာနက်မှာ ကွန်မန့်ပေးထားတာလေး လိုက်ဖတ်တော့မှ သြော် ငါ့အတွက် ပညာတစ်ကွက်ရတာဘဲဆိုပြီး မှတ်ထားတာလေး ပြန်မျှလိုက်တာပါ..မသိသေးရင်တော့ မှတ်သွားပေါ့..။ ကဲစလိုက်ရင် ကွန်ပျူတာ Desktop မျက်နှာပြင်မှာဘဲ Right Click>> Personalize >>Windows Color >> Advanced appearance Settings...>> ကိုနှိပ်ပြီးရင် Item: အောက်မှာ Icon ဆိုတာကိုရွေး နောက်ပြီး သူ့အောက်က Font နေရာမှာ Zawgyi -One ရွေးပေးလိုက်ပါ..။ ကဲဒါဆိုရင် ကွန်ပျူတာအတွင်းမှာ မှတ်ထား တဲ့ စာလေးတွေ သီချင်းလေးတွေကို ဒါမျိုးကြီး သီချင်းဘဲ ဒါစိုင်းဆီးဆိုင် သီချင်းဘဲ စသဖြင့်ပေါ့ဗျာ..။ မြန်မာ လိုရေးထားတဲ့ စာလေးတွေကို မြင်နိုင်ပါပြီ..။ Backgroung ချိန်းတိုင်း ပြောင်းတိုင်း ဒီနည်းလေးနဲ့ လုပ်ပေးပါ.။ အဆင်ပြေပါလိမ့်မယ်..။ အောက်မှာ ပုံလေးတွေ ထည့်ပေးလိုက်တယ် မလုပ်တတ်မှာ စိုးလို့..။

2.4.13

Windows 8 အသုံးပြုသူများအတွက် Zawgyi-One Font အသုံးပြုနည်းလေး

Windows 8 အသုံးပြုသူများအတွက် Zawgyi-One Font အသုံးပြုနည်းလေးကတော့။ အရင်ဆုံးကျွန်တော်အောက်မှာပေးထားတဲ့ Link လေးတွေကနေ Zawgyi Font ကိုဒေါင်းလော့ချလိုက်ပါ။ ပြီးရင်  Winrar ဖို်င်လေးကိုဖြည်လိုက်ပါ။ ပထမဖိုင်လ်ထဲမှာ  Setup ဆိုတာလေးကို အရင် Install လုပ်ပါ။ ပြီးရင် ဒုတိယဖိုင်ထဲက IEZawGyiGtalkfont ဆိုတာကို install လုပ်ပါ။ ဒါဆိုရင်ပထမ အဆင့်ပြီးပါပြီ။ 

24.8.12

Myanmar Fonts For PageMaker + Photoshop



PageMaker နဲ့ Photoshop မှာသုံးဖို့ Fonts  လေးတွေကို တောင်းထားတဲ့ အမတစ်ယောက်ရှိလို့ ရှိတာလေး တင်ပေးလိုက်ပါတယ်...
 Art House Fonts, Shwe Theway, U4, Wininwa စတာတွေပါ ထူးထူးဆန်းဆန်းတော့မပါပါဘူး  (44.2 Mb) ရှိပြီး Minus မှာတင်ထားပါတယ်...
အခြားလိုအပ်တဲ့ သူငယ်ချင်းများရှိရင် ယူသွားလိုက်ပါခင်ဗျာ...

Updates Via E-Mail

Popular Posts

Labels