Powered by Blogger.
 
 
Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts
25.9.13

Audio CD ခွေမှ သီချင်းတွေကို ကွန်ပျူတာထဲ ကူးယူနည်း

 Audio CD သီချင်းတွေကို ကို ကွန်ပျူတာထဲသိမ်းတဲ့နည်းကို တစ်ချို့လူတွေက မလုပ်တတ်ကြပါဘူး။ Audio  CD ကူတတ်သလားဆိုရင် မကူးတတ်တဲ့လူတွေအများကြီးရှိပါတယ်။ ဒါကလည်း ကိုယ်နဲ့မရင်းနှီး တာတို့ ကိုယ်နဲ့မသတ်ဆိုင်လို့မလေ့လာတာ တွေလည်းပါပါတယ်။ CD Drive ထဲမှာရှိတယ် သီချင်းဖိုင်တွေကို Copy တို့  Send To တို့ လုပ်လို့မရပါဘူး။ ဒါကိုဘယ်လိုကူးမှာ လည်းလေ့လာ ကြည့်ကြရအောင်။
28.7.13

Windows 7/8/XP/Vista မှာ Website တွေကို ဆော့ဝဲလ်မသုံးပဲ Block မယ်

မင်္ဂလာပါခင်ဗျာ ခုဖော်ပြပေးတဲ့နည်းလမ်းလေးကိုတို့ မိမိတို့ ကွန်ပျူတာမှ မကြည့်စေချင်တဲ့ website တွေကို ဘာဆော့ဝဲလ်မှ မသုံးပဲ block ထားလို့ရမဲ့နည်းလမ်းလေးဖြစ်ပါတယ် အသုံးပြုကြည့်တဲ့ သူငယ်ချင်းများနဲ့ အသုံးတည့်မဲ့ သူငယ်ချင်းများ အောက်မှာ ဆက်လက် လေ့လာကြည့်လိုက်ပါ ခင်ဗျာ။
18.7.13

Windows / IOS မှာလဲ Google Chromebook ကိုသုံးနည်း

Forget Chromebooks! Chrome OS Is Coming To Windows / IOS
Chromebook ဝယ်ချင်သူများအတွက်ပါ Chromebook အရမ်းဈေမကြီးဘူး ဆိုတာဟုတ်ပါတယ် ဒါပေမဲ ပိုက်ဆံအကုန်ကြခံ ပြီးတော့ဝယ်စရာမလိုတော့ပါဘူး ဘာကြောင့်မလိုသလဲဆိုတော့ Windows / IOS မှာလဲ Chromebook လိုသုံးလိုရပြီ ဒါကြောင့် ဝယ်စရာမလိုတော့ဘူးလိုပြောတာပါ။ အောက်မှာ လုပ်နည်းကြည်ပါ Chromebook လို Windows / ISO မှာသုံးလိုရအောင်။
16.6.13

ကွန်ပျူတာက မသိတဲ့ဖိုင်တစ်မျိုးဖြစ်အောင် ပြုလုပ်ပြီး မိမိရဲ့ဒေတာတွေကို လျှို့ဝှက်မယ် မျှဝေမယ်

မင်္ဂလာပါ... ဘော်ဒါကြီး မိုးကောင်ကင်ဖောင်းပြင် မှ ကိုပြည့်ဖြိုး မျှဝေပေးပါလို့ :p တောင်းဆိုထားလို့ မူရင်းအတိုင်းပြန် မျှဝေပေးလိုက်ပါတယ်... ဒီနေ့တော့ .mp3 .mp4 .avi .jpg .pdf .flv .rar .zip .exe စသဖြင့် ဖိုင်လေးတွေ အကြောင်း နဲနဲပါးပါးလေး  ရေးပေးမယ်.။ ကျုပ်အခုပြောမယ့် နည်းပညာလေးက ကိုမောင်ပေါက်တော့ လက်တွေ့ အသုံးချနေပါ တယ်.။ ဟာဘာနည်းပညာလဲဗျာ သိချင်တယ်.သြော် သိရမှာပေါ့ဗျာ. ကျုပ်တို့ကွန်ပျူတာသမားအတော် များများဟာ ခုနပြောခဲ့တဲ့ file format အကြောင်းတွေ သိပြီးသားလို့ ယူဆမယ်နော် မသိသေးရင်လည်း ကျုပ်တို့ သိမ်းဆည်းထားတဲ့ ဖိုင်လေးတွေ mp3 mp4 dat flv jpg pdf rar zip exe စသဖြင့် များစွာကြိုက်နှစ် သက်တာတွေ သိုမှီးသိမ်းဆည်းထားကြပါတယ်.ဖိုင်နာမည်တွေကိုလည်း မြန်မာလိုရော အင်္ဂလိပ်လိုရော အမျိုးမျိုးပေးထားကြပါတယ်.။ အဲဒီမှာ တစ်ခုသတိထားရမှာက Icon လေးတွေမြင်လို့ သိတာထက် နဲနဲသာ တဲ့ပညာလေးပေါ့ဗျာ။ ဟာဒီဖိုင်က ဘာဖိုင်ဆိုတာကို Microsoft ကုမ္မဏီက အဲဒါလေးကိုအရှင်လုပ်ထားတယ်
မူရင်းကတော့ ၀ှက်ထားတယ်ပေါ့ဗျာ.။
7.6.13

ကွန်ပျူတာမှာ Zawgyi One နဲ့ရေးတဲ့ မြန်မာစာလေးတွေ အမြဲမြင်နိုင်အောင်

ဒါလေး သိတာသိပ်မကြာသေးဘူးဗျာ ကိုယ်လည်း ကွန်ပျူတာ သုံးနေတာ ကြာပြီ Zawgyi font နဲ့ရေးထားတဲ့ စာလေးတွေက အတုံးလေးတွေ ဖြစ်သွားရင် မလုပ်တတ်တော့ဘူး ဖြုတ်တတ်စနစ်ကိုဘဲ ကျင့်သုံးလာတာ ကြာရောပေါ့ ဟိုအရင် နှစ်လလောက်ကမှ အင်တာနက်မှာ ကွန်မန့်ပေးထားတာလေး လိုက်ဖတ်တော့မှ သြော် ငါ့အတွက် ပညာတစ်ကွက်ရတာဘဲဆိုပြီး မှတ်ထားတာလေး ပြန်မျှလိုက်တာပါ..မသိသေးရင်တော့ မှတ်သွားပေါ့..။ ကဲစလိုက်ရင် ကွန်ပျူတာ Desktop မျက်နှာပြင်မှာဘဲ Right Click>> Personalize >>Windows Color >> Advanced appearance Settings...>> ကိုနှိပ်ပြီးရင် Item: အောက်မှာ Icon ဆိုတာကိုရွေး နောက်ပြီး သူ့အောက်က Font နေရာမှာ Zawgyi -One ရွေးပေးလိုက်ပါ..။ ကဲဒါဆိုရင် ကွန်ပျူတာအတွင်းမှာ မှတ်ထား တဲ့ စာလေးတွေ သီချင်းလေးတွေကို ဒါမျိုးကြီး သီချင်းဘဲ ဒါစိုင်းဆီးဆိုင် သီချင်းဘဲ စသဖြင့်ပေါ့ဗျာ..။ မြန်မာ လိုရေးထားတဲ့ စာလေးတွေကို မြင်နိုင်ပါပြီ..။ Backgroung ချိန်းတိုင်း ပြောင်းတိုင်း ဒီနည်းလေးနဲ့ လုပ်ပေးပါ.။ အဆင်ပြေပါလိမ့်မယ်..။ အောက်မှာ ပုံလေးတွေ ထည့်ပေးလိုက်တယ် မလုပ်တတ်မှာ စိုးလို့..။

3.6.13

PC မှာ Android OS ကိုတင်သုံးကြမယ်

မင်္ဂလာပါ... ကွန်ပျူတာမှာ Android OS ကို တင်သုံးနည်းလေးကို မျှဝေလိုက်ပါတယ်... ပေါ့ပေါ့ပါးပါးလေး သုံးနိုင်အောင် VirtualBox ပေါ်မှာ တင်သုံးနည်းလေးကို ပုံနဲ့တကွ တစ်ဆင့်ခြင်းဖော်ပြပေးလိုက်ပါတယ်... Android OS ကိုစမ်းသုံးကြည့်လို့ ကြိုက်နှစ်သက်တယ်ဆိုမှ အပြီးတင်သုံးလည်းရပါတယ်... VirtualBox နှင့် Android OS ကို Download ယူဖို့ လင့်တွေပါ ထည့်ပေးထားပါတယ်...

24.4.13

System Repair Disc ရေးသားနည်း

မင်္ဂလာပါခင်ဗျာ.... System Repair Disc ရေးသားနည်းကို မျှဝေပေးလိုက်ပါတယ်... အတော်အသုံးဝင်တဲ့ နည်းလေးပါ မိမိစက်ရဲ့ ၀ယ်ခါစ အခြေအနေမှာဖြစ်စေ၊ လက်ရှိအသုံးပြုနေတဲ့ အခြေအနေမှာဖြစ်စေ System Repair Disc တစ်ချပ်ရေးသားထားပြီး Windows ရဲ့ error တွေကို ပြုပြင်နိုင်ခြင်း System Restore ပြုလုပ်နိုင်ခြင်း၊ Memory error ကိုရှင်းနိုင်ခြင်းတွေကို လုပ်ဆောင်နိုင်ပါတယ်... Windows ပြန်မတက်နိုင်တော့တဲ့ အခြေအနေမျိုးမှာ အလွန်အသုံးဝင်ပါတယ်.. ပြုလုပ်နိုင်တာတွေကတော့ 01. Start Up Rapair >>> Automaticallly fix problems that are preventing windows from starting 02.System Restore >>> Restore windows to an earlier point in time  03.System Image Recovery >>> Recover your computer using a system image you created earlier 04.Windows Menory Diagnostic >>> check your computer for memory hardware errors 05.Command Prompt >>> Open a command orompt window စသည့်အပိုင်းတွေကို ပြုလုပ်နိုင်ပါတယ်....

2.4.13

Windows 8 အသုံးပြုသူများအတွက် Zawgyi-One Font အသုံးပြုနည်းလေး

Windows 8 အသုံးပြုသူများအတွက် Zawgyi-One Font အသုံးပြုနည်းလေးကတော့။ အရင်ဆုံးကျွန်တော်အောက်မှာပေးထားတဲ့ Link လေးတွေကနေ Zawgyi Font ကိုဒေါင်းလော့ချလိုက်ပါ။ ပြီးရင်  Winrar ဖို်င်လေးကိုဖြည်လိုက်ပါ။ ပထမဖိုင်လ်ထဲမှာ  Setup ဆိုတာလေးကို အရင် Install လုပ်ပါ။ ပြီးရင် ဒုတိယဖိုင်ထဲက IEZawGyiGtalkfont ဆိုတာကို install လုပ်ပါ။ ဒါဆိုရင်ပထမ အဆင့်ပြီးပါပြီ။ 

31.3.13

Run box မှာရိုက်နိုင်သော Command များ

Run box မှာ ရိုက်နိုင်သော Command များကို ကျွန်တော်သိထားသလောက် မျှဝေပေးလိုက်ပါတယ်။ မောက်နဲ့ ဟိုထဲသွားဖွင့် ဒီထဲသွားဖွင့်နဲ့ အလုပ်လည်းနဲနဲရှုပ်တာပေါ့ခင်ဗျာ။ သွားချင်နဲ့နေရာကို run box ထဲကနေ command လေးတွေရိုက်ပြီး ဖွင့်ရာတာ အလွန်လွယ်ကူပါတယ်။ မသုံးမလိုလည်း ဗဟုသုတလေးအနေနဲ့ မျှဝေပေးတာဖြစ်ပါတယ်ခင် ကျန်တာတွေ ရှိရင်လည်းနားလည်ပေးပါ  သိသလောက်ကလေး ပြန်လည်မျှဝေးပေးတာဖြစ်ပါတယ်။
29.3.13

ကွန်ပျူတာကို USB Stick ဖြင့် Lock ချမယ်


မင်္ဂလာပါခင်ဗျာ.... ဒီနည်းလေးကတော့ ကွန်ပျူတာကို အသုံးပြုနေရင်း ခဏအပြင်သွားစရာရှိလို့ဖြစ်စေ windows စအတက်မှာဖြစ်စေ USB Stick လေး အသုံးပြုပြီး Lock ချနိုင်တဲ့နည်းလေးပါ.... သုံးရတာ တော်တော်အဆင်ပြေပါတယ်... ကွန်ပျူတာအလုံးရေများများ အသုံးပြုတဲ့ ရုံးတို့ သင်တန်းတို့မှာလည်း သုံးနိုင်ပါတယ်.... ဥပမာ Stick တစ်ချောင်းတည်းဖြင့် ကွန်ပျူတာ ၃ လုံးကို Lock လုပ်နိုင်သလို၊ တစ်လုံးတည်းကို stick နှစ်ချောင်းဖြင့် နှစ်ဦး သုံးသလိုမျိုး အသုံးပြုနိုင်ပါတယ်.. သုံးလို့တော်တော်အဆင်ပြေပါတယ် Lock ဖြစ်နေတဲ့အချိန် Password ရိုက်ပြီးလည်း ဖွင့်နိုင်သလို အခြားသူများရှေ့မှာ password မရိုက်လိုလျှင် ( သော့သဖွယ် ) stick လေးထိုးလိုက်ယုံနဲ့ ပွင့်သွားမှာပါ.... သဘောကတော့ Stick ပေါ်မှာ password ကိုအရင် Creat key လုပ်ထားပြီး Stick လေးထုတ်လိုက်ယုံနဲ့ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ Lock ချပေးမှာဖြစ်ပါတယ်... Lock ဖြစ်နေစဉ် ကွန်ပျူတာ  စကရင် (အနက်ရောင်အတိုင်း) ပိတ်သွားမှာဖြစ်သလို Mouse နှင့် Key board ခလုပ်များအားလုံး disabled ဖြစ်သွားမှာပါ... Lock ဖြစ်နေတဲ့အချိန် တစ်ယောက်ယောက်က လာကိုင်ပြီး password ကို သတ်မှတ်ထားတဲ့အချိန်အတွင်း မှန်ကန်အောင်မထည့်ပေးနိုင်ပါက Alarm ပေးသည့်အပြင် မိမိပြန်လည်အသုံးပြုတဲ့အခါ လာရောက်ကိုင်တွယ်သွားကြောင်း ဖော်ပြပေးပါတယ်... 32, 64 နှစ်မျိုးစလုံးမှာ သုံးနိုင်ပြီ စမ်းသပ်အသုံးပြုတဲ့ သူငယ်ချင်းများ ကြိုက်နှစ်သက်ကြမှာပါ ...


Facebook မှာ အရောင်လေးတွေ ပြောင်းသုံချင်ရင်

မင်္ဂလာပါခင်ဗျာ... ပုံမှာပြထားသည့်အတိုင်း Facebook မှာ ကာလာလေးတွေ ပြောင်းတဲ့နည်းလေးကို မျှဝေပေးလိုက်ပါတယ်... အိမ်ကို အလည်လာတဲ့ ဘော်ဒါက ကျွန်တော် ကလိထားတာလေးမြင်ပြီး လုပ်ချင်တယ်ဆိုတာနဲ့ ရေးဖြစ်သွားတာပါ.... ဒါကတော့ Firefox မှာ addon ထည့်သုံးတဲ့ နည်းပါ Firefox မှာ အသုံးပြုတဲ့ သူတွေအတွက်ပဲ အဆင်ပြေပါမယ်....

26.2.13

Ready Boost (Menory Stick ကိုအသုံးပြုပြီး System Speed ကိုမြှင့်နည်း)

မင်္ဂလာပါခင်ဗျာ.... ကွန်ပျူတာအသုံးပြုသူတွေအတွက် အလွန်အသုံးဝင်မည့် Menory Stick ကိုအသုံးပြုပြီး System Speed ကိုမြှင့်နည်း၊ အရေးပါလာမည့် Ready Boost  အကြောင်း (စာအုပ်) နှင့် အသုံးပြုနည်းကို မျှဝေပေးလိုက်ပါတယ်.... ကျွန်တော်တို့ကွန်ပျူတာ အသုံးပြုသူတိုင်း Menory Stick တစ်ချောင်းတော့ရှိကြပါတယ်.... အသုံးပြုနေတဲ့ Menory Stick ကို အသုံးပြုပြီး Windows System Speed ကို မြှင့်နည်းလေးကို ပြည့်ပြည့်စုံစုံလေးသိရှိရအောင် မိတ်ဆွေကြီး အိုင်တီမုဆိုး ရေးသားချက် ကွန်ပြူတာထဲက RAM ကို ကူညီပေးမယ့် ReadyBoost အကြောင်းYouth Computer မှရေးသားထားသည့် အရေးပါလာမည့် Ready Boost  အကြောင်း စာအုပ် နှင့် အသုံးပြုနည်းကို စုပေါင်းထည့်သွင်းဖော်ပြပေးလိုက်ပါတယ်...

30.1.13

Bat ဖိုင် အလွယ်ရေးနည်း အခြေခံ

ဒီ bat ဖိုင်ရေးနည်းလေးက ကျွန်တော်လည်းလေ့လာထားသမျှအနည်းကို ပြန်လည်ဝေမျှပေးမှာပါ အရမ်းကြီး သိနေလို့ တတ်နေလို့တော့မဟုတ်ပါဘူးခင်ဗျာ ။ အသုံးတည့်ကျမယ် အကျိုးရှိမယ်လို့ထင်လို့ပါ ။ အနည်းဆုံးတော့ ပျော်စရာကောင်းမှာပါ။ နောက်တစ်ခုပြောခင်တာက ကျွန်တော် ဒီပို့လေးကို pdf ရေးပြီး တင်နေရင် သူငယ်ချင်းမှာ အချိန်အတော်ကြာမှ ဖတ်ရမှာမို့ နည်းနည်း ခြင်းဆီ ဒီပေ့ပေါ်မှာပဲ တင်ပေးသွးပါ့မယ် ဖတ်ပြီးသားသူငယ်ချင်းများကလည်း နောက်ရက်မှာ ဒီပို့ကို ပြန်လာရင် ပထမနေ့က ထားဒါထက် ပိုပြည့်စုံနေဒါကိုတွေ့ရမှာပါ ။ ပြောချင်ဒါက အခန်းဆက် ၀တ္ထုကို ဖတ်နေရသလိုမျိုးပေါ့ ဟီးဟီး ကဲကဲ စလိုက်ကြမယ်နော်

ပထမဆုံး စ ပြောခင်တာက bat ဖိုင်ရေးဖို့ notepad လေးပဲလိုပါတယ်။ 
16.1.13

cFosSpeed.8.03.Build.2014.Beta + Trial ကို Restart လုပ်နည်း

မင်္ဂလာပါခင်ဗျာ... အင်တာနက် မြန်ဆန်အောင် အထောက်အပံပေးနိုင်တဲ့ အထဲမှာ နာမည်ကြီး တစ်ခုဖြစ်တဲ့ cFosSpeed.8.03.Build.2014.Beta ကို မျှဝေပေးလိုက်ပါတယ်... Network အပိုင်းနားလည်တဲ့ သူတွေဆို ပိုအကြိုက်တွေ့ကြပါတယ်... လိုသလိုချိန်ညှိနိုင်တဲ့ setting တွေတော်တော်များများပါဝင်ပါတယ်... ဒီ Steting တွေကို ကလိရင်လည်း သေသေချာချာဖတ်ပြီးမှ ကလိကြပါ... တော်ကြာပိုလေးသွားတယ် ဖြစ်နေပါဦးမယ်.... ဒီဆော့ဝဲလ်လေးက Trial အနေနဲ့ ရက်ပေါင်း (30) အလကားသုံးခွင့်ပေးပါတယ်... အမြဲအသုံးပြုနိုင်ဖို့အတွက် Trial ကို Restart လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်.... နောက်ဗားရှင်းအသစ်ထွက်တဲ့ အခါကျလည်း ဒီနည်းလမ်းလေးကို အသုံးပြုနိုင်ပါတယ်...cFosSpeed ကို အသုံးပြုလိုတဲ့ သူငယ်ချင်းများအတွက် Freehostina, Dropbox, Sharebeast သုံးနေရာတင်ပေးထားပါတယ် ယူသွားလိုက်ပါခင်ဗျာ..... 

15.1.13

Windows 7 Boot Speed Up အတွက် အလွယ်ဆုံး နည်းလမ်း (3) မျိုး

မင်္ဂလာပါခင်ဗျာ.... Windows အတက်ကြာနေသူများအတွက် Windows 7 Boot Speed Up အတွက် အလွယ်ဆုံး နည်းလမ်း (၃) မျိုးကို မျှဝေပေးလိုက်ပါတယ်.... အောက်မှာ တဆင့်ခြင်းဖော်ပြပေးထားပါတယ်....


13.12.12

P-Apps V 1.2 ( Make your software to be Portable Software)

မင်္ဂလာပါခင်ဗျာ....  Software တွေကို Portable ပြုလုပ်လို့ ရတဲ့ P-Apps ကို မျှဝေပေးလိုက်ပါတယ်... Portable ပြုလုပ်လိုတဲ့ သူငယ်ချင်းများအတွက် software နှင့် အသုံးပြုပုံ video ဖိုင် နှစ်ခုစလုံးတင်ပေးထားပါတ်ယ်... P-Apps ကို ဒေါင်း အောက်မှာ ဖော်ပြထားတဲ့ Video ဖိုင်ကလေးကိုကြည့်ပြီး အဆင်ပြေပြေပြုလုပ်နိုင်မှာပါ... အသေးစိပ်သိလိုလျှင် Home Page ကို Click ပြီး မူရင်းဆိုက်မှာ လေ့လာနိုင်ပါတယ်... အသုံးပြုလိုတဲ့ သူငယ်ချင်းများအတွက် Mediafire နှင့် Dropbox နှစ်နေရာတင်ပေးထားပါတယ် ယူသွားလိုက်ပါခင်ဗျာ.....

28.11.12

Harddisk ကို Software မပါပဲ Partition အသစ်ပိုင်းမယ်

မင်္ဂလာပါခင်ဗျာ... ကျွန်တော့် မိတ်ဆွေကြီး အိုင်တီမုဆိုး လက်ရာလေးကို မူရင်းအတိုင်း မျှဝေပေးလိုက်ပါတယ်... အိုင်တီမုဆိုး ကိုပယ်ပယ်နယ်နယ် click ပြီး မူရင်းဆိုက်မှာလေ့လာနိုင်ပါတယ်... ကျွန်တော်တို့ဟာ တစ်ခါတစ်ခါမှာ ကျွန်တော်တို့ရဲ့ ကွန်ပြူတာထဲမှာ ရှိနေတဲ့ Harddisk ရဲ့ Partition တွေကို အသစ်ထပ်ပြီး ပိုင်းချင်တဲ့အခါ Partition Magic လိုမျိုး Third Party ဆော့ဝဲမျိုးတွေကို အသုံးပြုလေ့ရှိပါတယ် .. တစ်ကယ်လို့ အဲဒီလို Partition အသစ်လည်း ထပ်ပိုင်းချင်တယ် .. ဆော့ဝဲလည်း အဆင်သင့်ရှိမထားဘူးဆိုရင် ဒီနည်းလေးကိုသုံးပြီး အဆင်ပြေအောင် လုပ်လို့ရပါတယ် .. ဒီနည်းလေးက Window 7, Vista နဲ့ Window 8 မှာတော့ အဆင်ပြေတာတွေ့ရပါတယ် .. Window XP မှာတော့ ရမရ မစမ်းရသေးပါဘူး .. ကဲ .. စလိုက်ကြစို့


14.11.12

Browser တခုထဲကနေ Facebook အကောင့် ၂ခု ၃ခု , Gmail အကောင့် ၂ခု ၃ခု ကို တပြိုင်ထဲ သုံးနည်း

မင်္ဂလာပါခင်ဗျာ... ကျွန်တော့်မိတ်ဆွေ ကိုဝင်းကမ္ဘာကျော် ရဲ့ ပို့လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်....
 အရင်ကတော့ Browser နှစ်မျိုး သုံးမျိုး ထားသုံးကြတာပါ... ခုနည်းလေးကတော့ တကယ်မိုက်ပါတယ်...

Browser တခုထဲကနေ Facebook အကောင့် ၂ခု ၃ခု , Gmail အကောင့် ၂ခု ၃ခု ကို တပြိုင်ထဲ သုံးချင်လို့ပါဆိုပြီး မေးထားလို့ အားလုံး ဗဟုသုတရအောင် မျှဝေပေးလိုက်ပါတယ်...။

Chorme Browser နဲ့ Firefox Browser မှာ မိမိတို့ ရှိသမျှ Facebook,Gmail,twitter စ,တဲ့အကောင့်တွေကို  တပြိုင်ထဲ Login ဝင်လို့ရနိုင်ပါတယ်.... 

10.10.12

ဘာဆော့ဝဲလ်မှ သုံးစရာမလိုပဲ Drive တွေကို Protect လုပ်နည်း (BitLocker Drive Encryption)

မင်္ဂလာပါခင်ဗျာ.... Drive တွေကို Protect လုပ်ထားချင်သူများအတွက် ဘာဆော့ဝဲလ်မှ သုံးစရာမလိုပါဘူး စိတ်လဲ စိတ်ချရတဲ့ နည်းလေး မျှဝေပေးလိုက်ပါတယ်.... ပထမဆုံး window 7 ရဲ့ search programs and files ဆိုတဲ့နေရာမှာ Bitlocker Drive Encryption ဆိုတာလေး ကိုရိုက်ရှာပြီးတော့ ဖွင့်လိုက်ပါ။ အပေါ်က ပုံလေးလိုပေါ်လာမှာပါ။မိမိ protect လုပ်ချင်တဲ့ drive ကိုရွေးပြီး Turn on bitlocker ကိုနှိပ်လိုက်ပါ။

9.10.12

Internet Download Manager မလိုပဲ Youtube မှဒေါင်းနည်းလေးပါ


မင်္ဂလာပါခင်ဗျာ.... Download Manager မလိုပဲ Youtube မှဒေါင်းနည်းလေးကို မျှဝေပေးလိုက်ပါတယ်... မိမိဒေါင်းလုပ် ပြုလုပ်ချင်တဲ့ video ဖိုင်လေးကို ရှာလိုက်ပါ။ တွေ့ရင်တော့ ဒေါင်းချင်တဲ့ ဖိုင်လေးကို နှိပ်လိုက်ပါ။ ခုလိုလေးထွက်လာပြီဆိုရင်တော့ အောက်က ပုံကိုကြည့်လိုက်ပါ။

Updates Via E-Mail

Popular Posts

Labels