Windows 8/8.1 မှာ .NET Framework 4.5 အင်စတောလုပ်ပြီးသား ပါရှိလာမှာဖြစ်ပါတယ်။တစ်ချို့  Application တွေကို အင်စတောလုပ်ဖို့ အတွက် .NET Framework 3.5 လို Version အနိမ့်တွေ အင်စတောလုပ်ထားဖို့ လို ပါတယ်။Windows 8 မှာ .NET Framework 3.5 နဲ့  သူ့ အနိမ့် Version တွေကို Enable လုပ်ပြီးသုံးနိုင်ပါတယ်။ထပ်ပြီးအင်စတောလုပ်လို့ မရပါဘူး။ဒီိဆောင်းပါးမှာ Enable လုပ်နိုင်မယ့် နည်းနှစ်နည်းကိုရေးပါမယ်။
When You Are Online
ကွန်နက်ရှင်ရှိနေရင်တော့ ဒီနည်းကိုသုံးနိုင်ပါတယ်။ Windows 8 Search Box ကနေ Uninstall a program ကိုရှာပြီး ဖွင့်ပါ။
ပြီးရင် ညာဘက်က Turn Windows features on or off ကိုနှိပ်ပါ။

ဝင်းဒိုး တစ်ခုပေါ်လာရင် ".NET Framework 3.5 (includes .NET 2.0 and 3.0) " ဆိုတဲ့ Check Box တွေ မှာ အမှန်ခြစ်ပေးပါ။

OK နှိပ်ရင်
လိုအပ်တဲ့ဖိုင်တွေကို ဒေါင်းလုပ်လုပ်ပါလိမ့်မယ်။ ဒေါင်းလုပ်လုပ်ပြီးရင်တော့
Restart ချရင် .NET Framework 3.5, 3.0 ,2.0 အားလုံးကို Enable
လုပ်ပြီးပြီဖြစ်လို့  အင်စတောလုပ်မရတဲ့ Application တွေကို
အင်စတောလုပ်နိုင်ပါပြီ။

ကျွန်တော်ကတော့ ဒီနည်းသုံးကြည့်တာ ဒေါင်းနေတဲ့ အချိန်ကြာတဲ့အတွက် Cancel
လုပ်ပြီးအောက်ကနည်းကိုသုံးပါတယ်။
When You Are Offline
C: အောက်မှာ NET35 ဆိုတဲ့ဖိုဒါတစ်ခုပြုလုပ်ပါ။
Windows 8 CD/DVD ခွေထဲက sources\sxs ဖိုဒါကို ကော်ပီကူးပါ။ ISO Image ဖိုင်ရှိရင် ISO ဖိုင်ပေါ် Right Click နှိပ်ပြီး Mount လုပ်ပါ။ sources\sxs ဖိုဒါကိုကော်ပီကူးပါ။ ကူးထားတဲ့ဖိုဒါကို NET35 ဖိုဒါထဲထည့်ပါ။
Cmd ကို Admin အနေနဲ့ ဖွင့်ပြီး အောက်က Command ရိုက်ပေးပြီး Enter ခေါက်ပါ။
DISM.exe /online /enable-feature /featurename:NetFX3 /All /Source:c:\net35 /LimitAccess

Successful Message ကျလာရင် အဆင်ပြေပါပြီ။
HARRIS [ IT Sharing] မှ ကူးယူဖော်ပြသည်။




9 comment:
thank you very much .
ကိုပြည့်ဖြိုးရေ အောက်ကလင့်လေးအတိုင်းလဲ အဆင်ပြေပါတယ်ခင်ဗျာ..Post လေးအနေနဲ့ တင်ပေးစေချင်ပါတယ်ခင်ဗျာ..
http://www.askvg.com/download-microsoft-net-framework-3-5-offline-installer-for-windows-8/
thank you very much and anonymous also.
ကျွန်တော်က နဂိုကတည်း Window 8 ကိုသုံးခဲ့ပါတယ်။ စက်ပျက်သွားတော့ အခုတစ်ခါ ဆိုင်ကပြန်တင်ပေးခဲ့တာ Activate လည်းဖြစ်ခဲ့ပါတယ်။ Personalzation Feature တွေလည်းပြောင်းလဲလို့ရခဲ့ပါတယ်။ ကျွန်တော် window update လုပ်လိုက်ပီးတဲ့နောက်ပိုင်း Feature တွေပြောင်းလဲလို့မရဘဲ Artivate လည်းခဏခဏပြန်လုပ်နေရပါတယ်။ ဘယ်လိုဖြေရှင်းရမလဲဆိုတာ အကြံပြုပြောကြားပေးပါခင်ဗျား
အကိုရေ ကျွန်တော့ကွန်ပြူတာမှာ Command Admin နဲ့ enter ခေါက်ပေးတော့လဲ complete မပြပါဘူး
The DISM log can be found at C:\windows\logs\DISM\dism.log လို့ပဲပြနေပါတယ်အကို
အဲဒါဘယ်လိုလုပ်ရမလဲထပ်ပြောပေးပါအုံး
ကျေးဇူးတတင်ပါတယ်အကို
အကိုရာ...ကျနော့် ဝင်းဒိုးက ၈ ပရို ၆၄ဘစ် ပါ.... အကိုပြသွားသလို လုပ်ကြည့်တာ မရဘူးဖြစ်နေတယ်..
၃၁ ဘစ် မှာ စမ်းကြည့်တော့ ရတယ်ဗျာ... ၆၄ ဘစ် လုပ် နည်းလေးကိုကျေးဇူးပြုပြီး post ပေးပါအုံးဗျာ...
Thanks for sharing such an informative post.
For more info visit this link https://www.stelladatarecovery.com/password-recovery-tool/excel-2016-password-recovery-online.php
görüntülü show
ücretlishow
2AJVGE
Great article! Very helpful for readers looking for clear insights. For those interested in skill development, check out best training institute in Chennai offering quality courses. Helpful information about best guest posting sites.
.
Post a Comment
နည်းပညာ၊ Software နှင့် နည်းပညာ စာအုပ်များ မျှဝေရာ....
www.pyayblogger.com
မှကြိုဆိုပါတယ်....