Powered by Blogger.
 
 
21.8.12

ပြည်မြို့တွင် ပထမဆုံးအကြိမ် Barcamp ဆွေးနွေးပွဲ ကျင်းပသွားမည်


အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း (ပြည်မြို့)

ရန်ကုန်မြို့မှာ ကျင်းပတဲ့ Barcamp ဆွေးနွေးပွဲများကို ပြည်မြို့ မှာလည်း ပထမဆုံး အကြိမ် အဖြစ် ကျင်းပသွားဖို့ ရှိတယ်လို့ သြဂုတ်လ ၁၈ ရက်နေ့ကမြန်မာအင်ဖိုတက် အဆောင် ၄ အခန်း ၄ မှာ ကျင်းပတဲ့ စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရပါတယ်။ အဆိုပါပွဲ ကျင်းပမှု ကိုတော့ သြဂုတ်လ ၂၅ ရက်နေ့နဲ့ ၂၆ ရက်နေ့ တို့မှာ ကျင်းပသွားမှာ ဖြစ်ပြီး အဓိက အနေနဲ့ ခေါင်းစဉ် ၃ ခုနဲ့ ပါဝင်ဆွေးနွေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ဆွေးနွေး သွားမယ့် အကြောင်းအရာတွေ ကတော့ အိုင်တီ နည်းပညာ အကြောင်း၊ ဘာသာရေး ဆိုင်ရာ ယဉ်ကျေးမှုနဲ့ စိုက်ပျိုးရေးမှာ Organic စိုက်ပျိုးမှု အကြောင်းများကို အဓိကထား ဆွေးနွေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ကျင်းပမယ့် အချိန် ကိုတော့ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပြုလုပ်သွားမှာ ဖြစ်ပြီး ရန်ကုန် Barcamp မှာ ကြီးမှူး ကျင်းပပေးခဲ့တဲ့ တာဝန်ရှိသူတွေ မှာလည်း ပြည်မြို့မှာ ပထမဆုံး အကြိမ် ကျင်းပမယ့် Barcamp ပွဲကို တက်ရောက် သွားဖို့ ရှိတယ်လို့ သိရပါတယ်။
ဓါတ်ပုံ... စပ်မိစပ်ရာ ကိုကိုကျော်

0 comment:

Post a Comment

နည်းပညာ၊ Software နှင့် နည်းပညာ စာအုပ်များ မျှဝေရာ....
www.pyayblogger.com
မှကြိုဆိုပါတယ်....

Updates Via E-Mail

Popular Posts

Labels