မင်္ဂလာပါခင်ဗျာ..... Making Myanmar WordPress Blog Handbook (မြန်မာလို) စာအုပ်ကလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်... WordPress အသုံးပြုသူများနှင့် လေ့လာလိုတဲ့ သူငယ်ချင်းများအတွက် လေ့လာသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်..... WordPress ဆိုတာ လူသုံးအများဆုံး Blogging Software တစ်ခုပါပဲ။ Open Source ဖြစ်တဲ့ WordPress ရဲ့ သုံးရလွယ်ကူမှု၊ Fully Customizable ဖြစ်မှု၊ မရေတွက်နိုင်တဲ့ Themes များစွာ ရွေးချယ်အသုံးပြုနိုင်မှု နဲ့ WordPress ရဲ့ အဓိက Power ဖြစ်တဲ့ အမျိုးမျိုးသော Plugin ပေါင်းများစွာ သုံးစွဲနိုင်မှု တွေက Pro Blogger အများအပြားကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ မြန်မာစာနဲ့ဘလော့ဂ် တည်ဆောက်ရာမှာလဲ WordPress နဲ့ အခက်အခဲ မရှိ ပြုလုပ် နိုင်ပါတယ်။ WordPress အသုံးပြုမယ်ဆိုရင် WordPress.com မှာ အကောင့် ပြုလုပ် ခြင်းဖြင့် လည်းကောင်း (Blogger.com ကဲ့သို့) ၊ ကိုယ်ပိုင် Hosting သို့မဟုတ် Free Hosting တွေမှာ တည်ဆောက် အသုံးပြုခြင်းဖြင့်လည်းကောင်း လွယ်ကူစွာ အခမဲ့ ရယူအသုံးပြုနိုင်ပါတယ်။ ဒီစာအုပ်မှာ Beginner များအတွက် လွတ်လပ်ပြီး Fully Customize ပြုလုပ်နိုင်တဲ့ WordPress Blog တည်ဆောက် အသုံးပြုခြင်းနဲ့ အခြေခံ Wordpress, Plugins, Themes အကြောင်းများကို တင်ပြပေးသွားမှာဖြစ်ပါတယ်။ ပါဝင်တဲ့ အကြောင်းအရာတွေကတော့ အခန်း(၁) ။ ။ WordPress ဘလော့ဂ် ပြုလုပ်တည်ဆောက်ခြင်း (၁) Hosting နှင့် ဒိုမိန်းနိမ်း (၂) DNS update ပြုလုပ်ခြင်း (၃) Freehostia ၏ Elefante Fee Scripts ဖြင့် WordPress Install ပြုလုပ်ခြင်း (၄) WordPress manual installation ပြုလုပ်ခြင်း အခန်း(၂) ။ ။ Changing WordPress Setting (၁) Profile and Personal Options (၂) Setting / Permalinks အခန်း(၃) ။ ။ WordPress Themes နဲ့ မြန်မာစာ (၁) မြန်မာဖောင့် Assign ပြုလုပ်ခြင်း (၂) WordPress Theme ပြောင်းခြင်း အခန်း(၄) ။ ။ Plugins စသည်တို့ပါဝင်ပြီး ပြည့်စုံအောင်ရေးသားဖော်ပြထားပါတယ်.... စာမြည်းဖတ်နိုင်ရန် ရှေ့စာမျက်နှာ ၅ မျက်နှာကို အောက်မှာဖော်ပြပေးထာပြီး လေ့လာလိုတဲ့သူငယ်ချင်းများအတွက် Dropbox နှင့် Minus နှစ်နေရာတင်ပေးထားပါတယ် ယူသွားလိုက်ပါခင်ဗျာ.....
ပုံကြီးကြည့်လိုပါက ပုံကို click ပြီးကြည့်နိုင်ပါတယ်....
အခြားလေ့လာလိုတဲ့ သူငယ်ချင်းများအတွက် Facebook တွင် share လုပ်ပေးကြပါလို့ တိုက်တွန်းပါရစေ ခင်ဗျာ...
Making Myanmar WordPress Blog Handbook (မြန်မာလို)
Download ယူနည်းများ
ဒီ Post လေးက သူငယ်ချင်းတို့အတွက် အဆင်ပြေတယ်ဆိုရင် FB Like လုပ်ပေးကြပါခင်ဗျာ...
Like လုပ်ပေးခြင်းဖြင့် မိမိရဲ့ FB ပေါ်မှာ Post လေးရောက်သွားမှာပါ....
ကျေးဇူးတင်ပါတယ်....
No comments:
Post a Comment
နည်းပညာ၊ Software နှင့် နည်းပညာ စာအုပ်များ မျှဝေရာ....
www.pyayblogger.com
မှကြိုဆိုပါတယ်....