မင်္ဂလာပါခင်ဗျာ.... ၀ဏကျော် ရေးသားပြုစုထားတဲ့ လက်တွေ့အသုံးချ Digital Video လေ့လာမှုလမ်းညွှန် စာအုပ်ကလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်.... Video editing အကြောင်းကို ယခုအပတ်ကစပြီးတော့ အပတ်စဉ် video editing ရဲ့ သီအိုရီ တွေကစလို့ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ သင်ခန်းစာရဲ့အမည်ကို Post Production လို့ အမည်တပ်ပါမယ်။ ဒါပေမယ့် ရန်ကုန်မှာ လူသိများတာက Special Effect သင်တန်းကို လူသိများပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗီဒီယိုတွေမှာ ကွန်ပျူတာအကူအညီနဲ့ editing လုပ်မယ်၊ အထူးပြုလုပ်ချက်တွေ ထည့်သွင်းမယ်ဆိုတဲ့ ကိစ္စရပ်တွေကို ရန်ကုန်လောကသား တော်တော်များများနဲ့ ပြည်သူလူထုတော်တော်များများက Special Effect လုပ်ငန်းစဉ်တွေလို့ပဲ လွန်ခဲ့တဲ့ လေးငါးခြောက်နှစ်ကတည်းက မှတ်ယူလာခဲ့တာပါ။ ဘာလို့ Production လို့ခေါ်ရသလဲဆိုတော့ ရုပ်ရှင်၊ ဗီဒီယိုထုတ်လုပ်ရေးတစ်ခုမှာ အဆင့်ဆင့်ရှိပါတယ်။ Pre Production ရယ်၊ Post Production ရယ်၊ ဆိုပြီးတော့ အဆင့်ဆင့်ရှိပါတယ်။ Production ဆိုတာကို ကျွန်တော်တို့က ထုတ်လုပ်ရေးလို့ အဓိပ္ပာယ်ပြန်ကြပေမယ့် Producer ဆိုတဲ့ အသုံးအနှုန်းကိုတော့ ထုတ်လုပ်ရေးမှုးလို့ အဓိပ္ပာယ်ပြန်ရပါမယ်။ ရန်ကုန်မှ poducer ကို ငွေအရင်းအနှီးစိုက်ထုတ်သူလို့ မှတ်ယူကြပါတယ်။ ဒီ ထုတ်လုပ်ရေးမှုးဆိုတဲ့ စကားလုံးကို ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ အသံလွှင့်ဌာနတွေ ဖြစ်တဲ့ မြ၀တီ၊ မြန်မာ့အသံတွေမှာ အများဆုံးတွေ့ရပါတယ်။ Producer တွေဟာ အများအားဖြင့် အမျိုးသမီး တွေဖြစ်နေတာကို တွေ့ရပါတယ်။ Producer တစ်ယောက်ရဲ့အလုပ်ဟာ ဘာလဲဆိုတော့ ဒီရုပ်ရှင်ဗီဒီယို ထုတ်လုပ်ရေးတစ်ခုလုံအတွက် သူဟာတာဝန်ယူပြီးတော့ လုပ်ကိုင်ရတဲ့သူမျိုးဖြစ်ပါတယ်။ သူဟာ ဇာတ်ညွှန်းနဲ့ ရိုက်ညွှန်းရေးသားတဲ့နေရာ၊ ရိုက်ကူးတဲ့နေရာ၊ တည်းဖြတ်ပြီးတော့ အချောသတ် မီဒီယာတွေ ထုတ်လုပ်တဲ့နေရာအထိ အားလုံးကို နားလည်နေမှ သူဟာ Producer တစ်ယောက်ရဲ့ အရည်အချင်းနဲ့ ပြည့်စုံတယ်လို့ ဆိုကြပါတယ်။ ဒီစာအုပ်ကလေးမှာ ပါဝင်တဲ့ အခန်းတွေကတော့ INTRODUCTION...... ANALOG EDITING NATURES (LINEAR)..... DIGITAL EDITING (NON-LINEAR) ........ VIDEO COMPRESSION ..... TIME CODE ...... IMAGE & RESOLUTION.... PIXEL ..... DPI & RESOLUTION ....... DATA TRANSFER RATE ..... STORAGE MEDIA & DATA RATE...... MUSIC DIGITAL AUDIO FOR VIDEO....... PREPRODUCTION.... SONY DVD HANDYCAM ဖြင့် ရိုက်ကူးထားသော ရုပ်သံများရယူခြင်း ..... ဗီဒီယိုတည်းဖြတ်ရန် HARDWARE နှင့် SOFTWARE ရွေးချယ်ဝယ်ယူခြင်း ...... ADOBE PREMIERE PRO CS 3 ဖြင့် စနစ်တကျ ရုပ်သံဖမ်းယူခြင်း ..... SONY VEGAS PRO 9 ဖြင့် ဗွီဒီယို တည်းဖြတ်ခြင်း ........ ဒေါက် ဒေါက် ဒေါက် ! HD … လား ၀င်ခဲ့လေကွယ် ....... ဒေါက် ဒေါက် ဒေါက် ! HD … လား ၀င်ခဲ့လေကွယ် (၂) ..... ဒေါက် ဒေါက် ဒေါက် ! HD … လား ? ၀င်ခဲ့လေကွယ် (၃) ....... စသည်တို့ ဖြစ်ပါတယ်.... လေ့လာလိုတဲ့ သူငယ်ချင်းများအတွက် Dropbox နှင့် Minus နှစ်နေရာတင်ပေးထားပါတယ် ယူသွားလိုက်ပါခင်ဗျာ.....
ပုံကြီးကြည့်လိုပါက ပုံကို click ပြီးကြည့်နိုင်ပါတယ်....
အခြားလေ့လာလိုတဲ့ သူငယ်ချင်းများအတွက် Facebook တွင် share လုပ်ပေးကြပါလို့ တိုက်တွန်းပါရစေ ခင်ဗျာ...
လက်တွေ့အသုံးချ Digital Video လေ့လာမှုလမ်းညွန်
Download ယူနည်းများ
ဒီ Post လေးက သူငယ်ချင်းတို့အတွက် အဆင်ပြေတယ်ဆိုရင် FB Like လုပ်ပေးကြပါခင်ဗျာ...
Like လုပ်ပေးခြင်းဖြင့် မိမိရဲ့ FB ပေါ်မှာ Post လေးရောက်သွားမှာပါ....
ကျေးဇူးတင်ပါတယ်....
No comments:
Post a Comment
နည်းပညာ၊ Software နှင့် နည်းပညာ စာအုပ်များ မျှဝေရာ....
www.pyayblogger.com
မှကြိုဆိုပါတယ်....