ဒီ browser ကိုတင်ပေးဒါကတော့ ခုတစ်လော သူငယ်ချင်းတွေတောင်းထားလို့ပါ။ firefox က လေးလေးနေတယ်၊ရပ်ရပ်နေတယ် ဘာဗားရှင်းပဲ သုံးသုံး အဲလိုဖြစ်နေတယ်လို့ ပြောလို့ တင်ပေးလိုက်တာပါ။ကျွန်တော်လည်း တစ်ခုပြီးတစ်ခုစမ်းကြည့်ရင်းနဲ့ ဒီ maxthon လေးကို တွေ့သွားလို့တင်ပေးလိုက်တာပါ။ maxthon ကတော့ firefox ထက် ၁၀ ဆ ပိုမြန်ပါတယ်။ google chrome ထက်လဲ သာပါတယ်။IEထက်လည်းသာပါတယ် (microsoft မသိစေနဲ့) သူတို့အပြောကိုပြောတာနော်။ ကျွန်တော် စမ်းပြီးသုံးကြည့်ပြီးပါပြီ တကယ်ကို မြန်ပါတယ်။ကောင်းလည်းကောင်းပါတယ်။firefox လိုပဲ plug-in တွေလည်း တော်တော်စုံစုံပေးပါတယ်။ ဘာပြသနာမှ မရှိပါဘူး အတော်လေးကို သုံးလို့
အဆင်ပြေပါတယ်။ idm ကိုလည်း support လုပ်ပေးပါတယ်။ idm တင်မထားတဲ့ စက်တွေအတွက်တောင် maxthon download mananger ပါသေးတယ်ခင်ဗျာ . အဲဒီ maxthon download mananger ကို အသုံးပြုချင်တယ်ဆိုရင်တော့ new tab တစ်ခုဖွင့်ပြီး about:config လို့ရိုက်ပြီး enter နှိပ်လိုက်ပါ။
ဘယ်ဘက်ခြမ်းမှာ tools အောက်က maxthon downloader ကိုနှိပ်လိုက်ရင် ညာဘက်ခြမ်းမှာ open maxthon download mananger ကိုနှိပ်ပြီးအသုံးပြုနိုင်ပါတယ်။ သူငယ်ချင်းအားလုံးအကြိုက်တွေ့မယ့် maxthon browser ကို အောက်ကလင့်လေးမှ ဒေါင်းယူသွားနိုင်ပါတယ် portable version လေးပါတင်ပေးထားပါတယ်။ ကျေးဇူးအထူးတင်ပါတယ်။

maxthon portable download
No comments:
Post a Comment
နည်းပညာ၊ Software နှင့် နည်းပညာ စာအုပ်များ မျှဝေရာ....
www.pyayblogger.com
မှကြိုဆိုပါတယ်....