1.5.12

C:\Program Files နေရာကို ပြောင်းထားမယ်


ကျနော်တို့လိုအပ်တဲ့ program  တွေကို installed လုပ်တဲ့ အခါမှာ အဲဒီ installed လုပ်လိုက်တဲ့ program  တွေဟာ C:\  အောက်က Program files အောက်ကိုရောက်သွားပါတယ်။ အဲမှာ သိမ်းဆည်းထားပါတယ်။ တကယ်လို့ installed လုပ်ခဲ့တဲ့ program တွေ၊ Game တွေ နည်းရင် မသိသာပေမယ်၊ များလာတဲ့ အခါ မှာတော့ path တွေ၊ crack တွေထည့်ဖို့လိုအပ်တဲ့ program တွေကို ရှာတဲ့အခါ မနည်းရှာယူရတာတွေ ကြုံရတက်ပါတယ်။ ဒီတော့ C:\Program files ပုံစံမျိုးပဲ၊ တခြားတစ်နေရာမှာလဲ D:\Program files ဆိုတဲ့ Directory တစ်ခုလုပ်ပြီး installation data တွေကို ခွဲပို့နိုင်ဖို့ လမ်းကြောင်းပေးနိုင်တဲ့ နည်းလမ်းလေးပါ။

ပထမဆုံး Win+R key ကို နှိပ်ပြီး၊ Run box ကိုဖွင့်ပါ။ ပြီးရင် အောက်ကပုံထဲကအတိုင်း regedit ကို ရိုက်ပြီး Ok နှိပ်ပါ။

Registry Editor ထဲကို ရောက်သွားမှာဖြစ်ပါတယ်။

ပြီးရင်တော့ Computer>HKEY_LOCAL_MACHINE > SOFTWARE > Microsoft > Windows > CurrentVersion  အထိ အောက်က ပုံမှာ ပြထားတဲ့ အတိုင်းရွေးပေးရမှာပါ။ 



CurrentVersion ကို ရောက်ပြီဆိုရင်တော့ ဘယ်ဘက်က box တဲမှာ Program Files Dir ကိုရွေးပြီ Double Click ပေးပြီးဖွင့်ရုံပါပဲ။ ပြီးရင်တော့ ကိုယ်အဆင်ပြေတဲ့နေရာကို သတ်မှတ်ပေးရုံပါပဲ။ ဘယ်နေရာမှာပဲဖြစ်ဖြစ်ရပါတယ်။  ကျနော့် Hard Disk ကို (၃ပိုင်း )ပိုင်းထားတာမို့ E:\ကို ရွေးပါတယ်။


ပြီးရင် Ok နှိပ်ပါ။ ဒါဆိုရင် ပြီးပါပြီ။ သူငယ်ချင်းတို့ installed လုပ်တဲ့ program အာလုံးက အသစ်သတ်မှတ်ပေးထားတဲ့ E:\Program Files နေရာမှာ သွားသိမ်းမှာ ဖြစ်ပါတယ်။

အားလုံး အဆင်ပြေပါစေ။
ရွှေဖြိုး
2.5.2012

No comments:

Post a Comment

နည်းပညာ၊ Software နှင့် နည်းပညာ စာအုပ်များ မျှဝေရာ....
www.pyayblogger.com
မှကြိုဆိုပါတယ်....