CPE ရဲ့ အမျိုးအစားကတော့ TP Link (TL-WA5210G) CPE အမျိုးအစားပါ။ကျွန်တော်လည်း သိပ်မကျွမ်းကျင်ပါဘူး သူငယ်ချင်းတွေ မေးထားလို့ စမ်းပြီးတင်ပေးလိုက်တာပါ။ cpe က မျက်နှာတဖက်ထဲကိုလွင့်ဒါဆိုတော့ လွင့်တဲ့ ဘက်က cpe တစ်ခုနဲ့ ဖမ်းမဲ့ ဘက်က တစ်ခုနဲ့ နှစ်ခုလိုမှာပါ။ ဝေးဝေးလေးသွားစေချင်တယ် ဆိုရင်တော့ တိုင်ကို ခပ်မြင့်မြင့်လေးဒေါင်ပေးပါ။
ပထမဆုံး လွှင့်မဲ ဘက်က cpe ကိုပြောပါ့မယ်။ cable အနေနဲ့ကတော့ cat 6 cable ကို အသုံးပြုရမှာပါ။ network ခေါင်းကိုတော့ cpe ၀ယ်တဲ့ဆိုင်ကိုရိုက်ခိုင်းလိုက်ပါ။
CPE ဘူး၇ဲ့ RJ 45 Port မှာ ခုန ခေါင်းရိုက်ထားတဲ့ cat 6 cable ရဲ့ ခေါင်းတစ်ဖက်ကို တပ်ရမှာပါ။
.နောက်တစ်ဘက်ကိုတော့ TP Link Adaptor ရဲ့ POE ဆိုတဲ့ RJ 45 port မှာတပ်ပါ။ထို့နောက် ပါဝါ Adaptor ကို တပ်ပြီးတော့ မီးပလက်မှာ ထိုးလိုက်ပါ။ဘူးထဲမှာ ပါလာတဲ့ RJ 45 Cable အဖြူေ၇ာင် အတိုလေး၇ဲ့ ခေါင်းကို TP LInk Adaptor ရဲ့ LAN ဆိုတဲ့ RJ 45 Port မှာတပ်ပါ။ကျန်တဘက်ကိုတော့ Computer ၇ဲ့ LAN Port မှာတပ်ပါ။
ပြီးလျှင် ကွန်ပျူတာကိုဖွင့် ပြီး run box ထဲမှာ ncpa.cpl လိုက်ရိုက်ပြီး enter နှိပ်လိုက်ပါ။Local Area Connection ကို right click ထောက်ပြီး properties ကိုခေါ်လိုက်ရင် အောက်က ပုံလေးပေါ်လာမှာပါ...
TCP/IP V4 ကိုရွေးပြီး double click နှိပ်လိုက်ပါ။ အောက်က ပုံလေးထပ်ကြလာပါလိမ့်မယ်။
obtain an ip address automatically နေရာက အစက်ကို use the following ip address သို့ပြောင်းပြီး 192.168.1.1 လိုက်ရိုက်လိုက်ပါ။ (နောက် ဆို 1 ဆိုတဲ့ဂဏန်းကို 1 မှ 253 ထိ ကြိုက်နှစ်သက်ရာ တစ်ခုခုထားနိုင်ပါတယ်။
Subnet mask ကတော့ 255.255.255.0 လို့ထားပါ။
ပြီးလျှင် IE Browserကိုဖွင့်ပြီး 192.168.1.254 ရိုက်ပြီး enter နှိပ်ပြီးတော့Configure page သို့ဝင်ပါ။
user name နဲ့ password တောင်းတဲ့ boxကလေး ကျလာရင် user name ကော
password ကော admin လို့၇ိုက်ပါ...အဲဒါဆို၇င် Configure page လေးကျလာမှာ။
Menu ထဲက Quick setup ကိုနိပ်ပါ ... ပြီး၇င် AP ကိုေ၇ွးပါ ။နောက်ဆုံးမှာ save ကိုနိပ်ပါ။
ဒါဆိုလွင့်တဲ့ဘက်က လုပ်ဆောင်မှု အကြမ်းပြီးသွားပါပြီး။
Security keyထည့်ချင်သေးတယ်ဆိုရင် Menu table ထဲမှ wireless > security
setting > Disable Security ကို WPA-PSK/WPA2-PSK သို့ ပြောင်းပေးပါ။auto ကိုလည်း WPA2-PSK သို့ပြောင်းပေးပါ ။
PSK Passphrase: နေ၇ာမှာ မိမိပေးချင်တဲ့ password ကို၇ိုက်ပြီးအောက်ဆုံးက save ကိုနှိပ်လိုက်ပါ cpe restart ကြသွားပါလိမ့်မယ်။ ပြန်တတ်လာရင် လွှင့်မဲ့ ဘက်က cpe confingure လုပ်တာပြီးသွားပါပြီ။
ဖမ်းမယ့် cpe ရဲ့ confingure ကိုဆက်ပြောပါ့မယ်။ အပေါ်က လွှင့်ထားတဲ့ ဘက်က cpe confingure page ကိုဝင်တဲ့ နည်းအတိုင်းဝင်ပါ့မယ်။
ပထမဆုံး network>LAN ၇ဲ့ ip ကိုပြောင်းပေးပါ။ လွှင့်တဲ့ ဘက်က 192.168.1.254 ထားခဲ့တယ်ဆိုရင် ဖမ်းမဲ့ ဘက်က (192.168.2.254) ဆိုပြီးထားလိုက်ပါ။ နောက်ဆုံးနှစ်နေရာက (192.168. x . x )
ကိုကြိုက်တာထားနိုင်ပါတယ် လွှင့်တဲ့ ဘက်နဲ့တော့ မတူစေနဲ့ပေါ့နော်။ ပြီးရင်တော့ save နှိပ်လိုက်ပါ။ ပြန်တတ်လာရင် ကိုယ်ပြင်ထားတဲ့ နံပါတ်နဲ့ cpe ထဲကို ပြန်ဝင်ရမှာပါ။ 192.168.2.254 လို့ ပြင်ထားရင် browser မှာ 192.168.2.254 လို့ရိုက်ပြီး ၀င်လိုက်ပါ။
ပြီး၇င် Quick Setup>next>AP Client Router>Dynamic ip>next>finish အတိုင်း ကလစ်နိပ်ပြီးသွားလိုက်ပါ။
ထို့နောက် wireless>wireless mood ထဲမှ အောက်ဆုံးနားက Survey
ထဲကိုဝင်ပါ.....အဲဒီထဲဝင်လိုက်၇င် AP list ကျလာမှာပါ အဲဒီ list
ထဲကမှ မိမိ လွင့်ထားခဲ့တဲ့ SSID name ကို၇ှာပြီး ညာဖက် က connect ဆိုတာကို
နိပ်ပါ...ပြီးတာနဲ့ Save ကိုနိပ်ပါ.။
wireless>Security Setting ထဲက အောက်ဆုံးမှ WPA-PSK/WPA2-PSK
ကို auto ဆိုတဲ့ box မှာ WPA2-PSK သို့ပြောင်းပေးပါ... ပြီး၇င်တော့ PSK
Passphrase: မှာ လွှင့်တဲ့ CPE မှာပေးခဲ့တဲ့ password
ကို၇ိုက်ထည့်ပေးပါ...ပြီး၇င် Save နိပ်ပြီးထွက်ပါ ။ ဒါဆိုရင်တော့ cpe မှ လွှင့်ပေးတဲ့ အင်တာနက်လိုင်းကို သုံးနိုင်ပါပြီ။
အစ်ကိုရေ။ D-Link, TP-Link Router Setting ဒုတိယပိုင်းကြော်ငြာထားတာလေး ရေးပေးပါဦးနော်=
ReplyDeleteဒီ Post မှာတော့ ပုံတွေလည်းများပြီး ရှည်နေသည့်အတွက် အိမ်သုံးသမားများနှင့် မိမိ
လက်ဖေ့ရည်ဆိုင်နှင့် အခြားစီးပွားရေးလုပ်ငန်းများတွင် WiFi လွှင့်ပေးချင်သူများအတွက်
အဆင်ပြေအောင် အဓိကထားရေးပေးလိုက်ပါတယ်။ နောက် Post မှာတော့ CPE ဖြင့် WiFi
လွှင့်ရောင်းသူများထံမှ ၀ယ်သုံးနေတဲ့သူများအတွက် အချို့လိုင်းများ MAC @ IP Binding
လုပ်ထားသဖြင့် (မိမိကွန်ပျူတာ MAC နှင့် IP ကို တွဲပေးထားခြင်း) မိမိကွန်ပျူတာတွင် Network
ကြိုးထိုးမှ အင်တာနက်လိုင်းရရှိသူများအတွက် Router ကို MAC Clone ချိတ်နည်း၊ IP @ MAC
Binding တွဲပြီး WiFi လွှင့်နည်း၊ MAC Filtering လုပ်နည်း၊ MAC Binding တွဲပြီး လွှင့်သော
အင်တာနက်လိုင်းများကို CPE မှာ MAC Clone ပြီးချိတ်နည်းတို့ကို ထပ်မံရေးသားပေးထားပါသည်။
CPEအကြောင်းအသေးစိတ်ရေးပေးပါလားအကို
ReplyDeleteတခုမေးချင်လို့ပါ
ReplyDelete