10.4.12

အသုံးများတဲ့ software တွေကို Shortcut Key ပေးပြီးသုံးမယ်



ကျွန်တော်တို့ ကွန်ပြူတာမှာ ကိုယ်သုံးနေကြ software တွေကို Shortcut Key ပေးပြီး အလွယ်တကူဖွင့်လို့ရတဲ့နည်းလေးကို မသိသေးတဲ့သူငယ်ချင်းများအတွက် ပြန်လည်ဝေမျှလိုက်ပါတယ် ... ဥပမာ Gtalk တို့ Mozilla Firefox တို့ပေါ့ဗျာ .... အသုံးပြုပုံကလည်းလွယ်ကူပါတယ် ... အရင်ဆုံးကို Shortcut Key ပေးလိုတဲ့ software ကို Right Click ပေးပါ ...



ပုံမှာပြထားတဲ့အတိုင်း properties ကိုနှိပ်ပါ ......



ပုံထဲကမြှားပြထားတဲ့နေရာမှာ None လို့ရေးထားပါလိမ့်မယ် .... အဲ့ဒီ့နေရာမှာ ကိုယ့်အသုံးပြုချင်တဲ့ key ကိုထည့်ပေးရပါမယ် ... key ထည့်တဲ့အခါမှာ ကိုယ်အသုံးပြုလိုတဲ့ key တစ်လုံးတည်းရိုက်ထည့်ရမှာဖြစ်ပါတယ် ... (Ctrl + Alt + ) ကသူအလိုလိုဖြည့်ပေးပါလိမ့်မယ် ..... ကျွန်တော်ကပုံမှာ Gtalk ကို လွယ်လွယ်ကူကူမှတ်လို့ရအောင် G လို့ရိုက်ထည့်ထားပါတယ် ... အသုံးပြုတဲ့အခါမှာ (Ctrl+Alt+G) လို့ရိုက်လိုက်ရင် Gtalk ပွင့်လာပါလိမ့်မယ် .... သူငယ်ချင်းအားလုံး အဆင်ပြေလွယ်ကူကြပါစေဗျာ ....

2 comments:

  1. Thank you so much. It is very useful for me.

    ReplyDelete
  2. ကြိုက်တယ်ဗျာ

    ReplyDelete

နည်းပညာ၊ Software နှင့် နည်းပညာ စာအုပ်များ မျှဝေရာ....
www.pyayblogger.com
မှကြိုဆိုပါတယ်....