Sony Xperia P LT22i 6.1.1.B.1.54 or 6.1.1.B.1.75 Root လုပ်နည်းကို သူငယ်ချင်းတစ်ကတင်ပေးပါဆိုလို့ တင်ပေးလိုက်တာပါ။ အရင်ဆုံး လိုအပ်မဲ့ဖိုင်လေးတွေ ကို အရင်ဆုံးဒေါင်းယူကြပါ။ ဒေါင်းပြီးရင် အောက်က အဆင့်တွေ ဆက်သွားကြမယ်နော်..
Flashtool
>> Download <<
PC Companion
>> Download << 
အခြားလိုအပ်မဲ့ဖိုင်တွေကိုတော့ တစ်ခါထည်း စုစည်းတင်ပေးထားပါတယ်။
Root and Kernel
>> Download <<
ပထမဆုံး Flashtool ကိုအရင်ဆုံး install လုပ်လိုက်ပါ။ flashtool Driver ပါရှိရင်တင်ထားလိုက်ပါ။မရှိဘူးဆိုရင်တော့ရှာတင်လိုက်ပါ။ ကျွန်တော်တော့ pc companion တော့ တင်ပေးထားပါတယ်။ အဲဒါလေးပါ install လုပ်ထားပါ။
ပြီးရင်တော့ (C\Flastool) ထဲက firmware ဖိုဒါထဲကို ဒေါင်းလုပ်ထားသော kernel တွေကိုထည့်ထားပါ။ မိမိဖုန်းက .54 ဆိုရင် 54 နဲ့ .559 ကိုထည့်ပါ .75 ဆိုရင်လည်း .75 နဲ့ .559 ကိုထည့်ပါ။
 ဒီအဆင့်ပြီးသွားရင်တော့ 
settings>developer options>USB Debugging”>mark လုပ်ထားပေးပြီး ဖုန်းကို ပါဝါပိတ်ပေးထားပါ။
ဖုန်းကိုပါဝါပိတ်ထားလိုက်ပါ။ sim card ရော memory card ပါထုတ်ထားလိုက်ပါ။ ပြီးရင်တော့ flashtool ကို run လိုက်ပါ။
ပြီးရင်တော့ Flashmode ကိုရွေးပေးလိုက်ပါ။ အောက်ကပုံအတိုင်းပါ။
Xperia P LT22_6.1.B.0.599_Kernel.ftf  ရွေးပေးလိုက်ပါ။
ပြီးရင် အောက်ဆုံးက ok ကိုနှိပ်လိုက်ပါ။
ပါဝါပိတ်ထားသောဖုန်းကို Volume down ကိုဖိထားပြီး ကွန်ပျူတာနဲ့ချိတ်ပေးလိုက်ပါ။ ဖုန်းမှာ မီးစိမ်းလေးလင်းလာပြီးဆက်လုပ်သွားပါလိမ့်မယ် မပြီးမခြင်း ကြိုးမဖြုတ်ပါနဲ့ခင်ဗျာ။
 အဲလိုလေးပေါ်လာရင်ပြီးပါပြီး ခင်ဗျာ။ ဖုန်းကိုဖြုတ်လို့ရပါပြီ။
ပြီးရင်တော့ ဖုန်းကို ပါဝါပြန်ဖွင့်ပါ။ Settings => Developer Options => Check USB debugging ကိုအမှတ်ခြစ်ပြီး Root_with_Restore_by_Bin4ry ဖိုင်လေးကို zip ဖြည်ထားပြီး အထဲမှာ ပါတဲ့ bat ဖိုင်လေးကို run ပေးလိုက်ပါ. ဖုန်းနဲ့ကွန်ပျူတာကို ချိတ်ထားအုံးနော်.. bat ဖိုင်လေးက ရွေးခြယ်ပေးဖို့တတ်လာရင် 1 normal ကိုရွေးပေးလိုက်ပါ။ပါ သူ့အလုပ်သူဆက်လုပ်သွားပါလိမ့်မယ်။အားလုံးပြီးသွားရင်တော့ ဖုန်းကို ကြိုးဖြုတ်ပြီး superuser လေးကိုဖွင့်ကြည့်လိုက်ပါ။  ပါဝါပြန်ပိတ်လိုက်ပါပြီး အပေါ်လုပ်ခဲ့တဲ့အတိုင်း .54 kernel လေး ပြန်ချိန်းပေးပါ။ 
အပေါ်ကလုပ်ခဲ့တဲ့ပုံတွေကိုတော့ ထပ်မတင်တော့ဘူးနော် kernel ချိန်းမဲ့နေရာလေးကနေပြီး ပြန်တင်ပေးထားပါတယ်ခင်ဗျာ။
ပြီးရင်တော့ အောက်ဆုံးက ok ကိုနှိပ်ပါ။ ဖုန်းကိုပါဝါပိတ်ပြီး အသံတိုးတဲ့ ခလုပ်ကလေးကိုဖိထားပြီး ကွန်ပျူတာနဲ့ ချိတ်ပေးလိုက်ပါ။အပေါ်ကလိုပဲ မီးစိမ်းလေး လင်းပြီး flash လုပ်သွားပါလိမ့်မယ်ခင်ဗျာ။
အဲလိုလေးပေါ်လာရင်တော့ ဖုန်းကိုကွန်ပျူတာကနေဖြုတ်လို့ရပါပြီ။ root လုပ်တာလဲပြီးသွားပါပြီခင်ဗျာ။
root တော့ထပ်လုပ်စရာမလိုတော့ပါဘူးခင်ဗျာ။ သူငယ်ချင်းများ root လုပ်တာအောင်မြင်သွားပါပြီခင်ဗျာ။ ကျွန်တော် အတတ်နိုင်ဆုံးတော့ ကြိုးစားပြီး အလွယ်ကူဆုံးဖြစ်အောင် ရေးပါထားပါတယ်ခင်ဗျာ ။ နားမလည်တာရှိရင်လေးခွင့်လွှတ်ပေးစေချင်ပါတယ်။ သူငယ်ချင်းအားလုံးကိုအထူးပဲ ကျေးဇူးတင်ပါတယ်။








No comments:
Post a Comment
နည်းပညာ၊ Software နှင့် နည်းပညာ စာအုပ်များ မျှဝေရာ....
www.pyayblogger.com
မှကြိုဆိုပါတယ်....